ဝန်ဆောင်မှုကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာအချက်အလက်များဘဏ္ဍာတိုက်(STIP)တည်ထောင်ထားရှိမှုနှင့်စပ်လျဉ်း၍ Beta Version အား အသိပေးရှင်းလင်းတင်ပြခြင်းအခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း တက်ရောက်အမှာစကားပြောကြား

Thu, 05/26/2022 - 04:03 -- mocadmin

     ၂၀၂၂ ခုနှစ်၊ မေလ ၂၅ ရက်နေ့၊ (၁၂:၃၀) နာရီအချိန်တွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည့် ဝန်ဆောင်မှုကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာအချက်အလက်များဘဏ္ဍာတိုက် (Services Trade  and Investm- ent Portal- STIP) တည်ထောင်ထားရှိမှုနှင့်စပ်လျဉ်း၍ Beta Version အား အသိပေးရှင်းလင်းတင်ပြခြင်း အခမ်းအနားသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်း တက်ရောက်အမှာစကားပြောကြားခဲ့သည်။

   ပြည်ထောင်စုဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာတွင် ကုန်သွယ်မှုကဏ္ဍတွင် ဝန်ဆောင်မှုကုန်သွယ်ရေးသည် အလားအလာကောင်းများရှိနေသည့်အတွက် ဝန်ဆောင်မှုလုပ်ငန်းများ ရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာအောင်ဆောင်ရွက်၍ ဝန်ဆောင်မှုကုန်သွယ်ရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အလေးထားဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ အာဆီယံ၏ ၂၀၁၉ ခုနှစ်တွင် တရားဝင်ထုတ်ပြန်ထားသည့်စာရင်းအရ မြန်မာနိုင်ငံအနေဖြင့် GDP ၏ ၅၈ ရာခိုင်နှုန်းခန့်မှာ ဝန်ဆောင်မှုကုန်သွယ်ရေးမှ ရရှိခြင်းဖြစ်ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြားတွင် စင်ကာပူနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ တို့ပြီးလျှင် စတုတ္ထနေရာတွင်ရှိနေပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ဝန်ဆောင်မှုကုန်သွယ်ရေးဆိုင်ရာအစီအမံ(Measures)များကို ဆက်စပ်ဌာနများနှင့် ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ ယခုတည်ထောင်ထားသည့် STIP Web Portal သည် ဝန်ဆောင်မှု ကုန်သွယ်ရေး လုပ်ငန်းများနှင့် သက်ဆိုင်သည့်ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်းစည်းကမ်းများကို တနေရာတည်းတွင် စုစည်းတွေ့မြင်ရမည့် website ဖြစ်ပြီး ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း စည်းကမ်းများကို စုစည်းပြုစုထားရာတွင် မြန်မာနိုင်ငံအနေဖြင့် အဖွဲ့ဝင်အဖြစ်ပါဝင်ထားသည့် FTAs များ၏ ကတိကဝတ်များနှင့် လိုက်လျောညီထွေဖြစ်အောင် ပြုစုထားခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် အာဆီယံစီးပွားရေးအသိုက်အဝန်း ၂၀၂၅ (AEC 2025) လုပ်ငန်းစီမံချက်အရ အကောင်အထည်ဖော်ဆောင်ရွက်မှုများတွင် အကျိုးကျေးဇူးများစွာ ဖြစ်ထွန်းစေမှာဖြစ်ပါကြောင်း၊ STIP Web Portal သည် မြန်မာနိုင်ငံ၏ ဝန်ဆောင်မှု ကုန်သွယ်ရေးကဏ္ဍအတွက် များစွာအထောက်အကူဖြစ်စေပါကြောင်းပြောကြားခဲ့သည်။

   ထို့နောက် ဝန်ဆောင်မှုကုန်သွယ်ရေးနှင့်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လုပ်ငန်းများနှင့် ဆက်စပ်သည့် ဦးစီးဌာန (၃၅) ခုမှ ကိုယ်စားလှယ် (၄၄) ဦးတို့အား တာဝန်ခံညွှန်ကြားရေးမှူး၊ Developer Company မှ နည်းပညာဆိုင်ရာတာဝန်ခံတို့မှ ဝန်ဆောင်မှုကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အချက်အလက်များဘဏ္ဍာတိုက် (Services Trade  and Investment Portal- STIP) တည်ထောင်ထားရှိမှုနှင့် အသုံးပြုမှုဆိုင်ရာများကိုရှင်းလင်းတင်ပြခဲ့သည်။ အနယ်နယ်အရပ်ရပ်ရှိ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းရှင်များ ဝန်ဆောင်မှုကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အချက်အလက်များ ဘဏ္ဍာတိုက်တည်ထောင်ထားရှိမှုနှင့် အသုံးပြုမှုဆိုင်ရာများကို ပိုမိုရှင်းလင်းလွယ်ကူစွာ သိရှိနိုင်ရေးအတွက် ရန်ကုန်မြို့နှင့် မန္တလေးမြို့များတွင် STIP တည်ထောင်ထားရှိမှုနှင့် စပ်လျဉ်းသည့် Beta Version အား အသိပေးရှင်းလင်းတင်ပြခြင်း အခမ်းအနားများကိုလည်း ဆက်လက်၍ ကျင်းပ သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

နောက်ဆုံးရသတင်းများ

Pages