နိုင်ငံတော်အရန်ဆန်အတွက် ပြည်စပါးများ စတင်ကြိတ်ခွဲပြီ

Mon, 03/19/2012 - 09:08 -- Anonymous (not verified)

နိုင်ငံတော်အရန်ဆန်အတွက် စပါး ဝယ်ယူရေးလုပ်ငန်းများကို ဖေဖော်ဝါရီ လဆန်းမှ စတင်ဆောင်ရွက်ခဲ့ရာ ပဲခူး တိုင်းဒေသကြီး (ပြည်)အတွင်း  မျိုး ကောင်းစပါး ၁၅  မျိုးခန့်ကို တင်း ၃၅၀၀၀၀ ကျော်  ဝယ်ယူရရှိပြီးဖြစ်ပါ တယ်။ ယခု  စတင်ကြိတ်ခွဲတင်ပို့တဲ့ ကာလအတွင်း  စပါးတင်း ၃၀၀၀၀ ကျော် ကြိတ်ခွဲတင်ပို့ပြီးဖြစ်ကြောင်းနဲ့ ဝယ်ယူရရှိထားတဲ့ စပါးများကို ဧပြီလ ဆန်းပိုင်းအမီ ကြိတ်ခွဲတင်ပို့သွားမှာဖြစ် ကြောင်းသိရပါတယ်။
နေမျိုးဝေ