နိုင်ငံတော်အရန်ဆန်အတွက် စပါးများဝယ်ယူလျက်ရှိသော လုပ်ငန်းကော်မတီဝင်များ ညှိနှိုင်းဆွေးနွေးပွဲ ကျင်းပပြုလုပ်

Wed, 05/09/2012 - 06:06 -- Anonymous (not verified)

ဧရာဝတီတိုင်းဒေသကြီးမှာ နိုင်ငံ တော် အရန်ဆန်အတွက် စပါးများ ဝယ်ယူလျက်ရှိသော လုပ်ငန်းကော်မတီ များ တွေ့ဆုံဆွေးနွေးပွဲကို ၂၀၁၂ ခုနှစ် ဧပြီလ ၂၉ ရက် နံနက်ပိုင်းတွင် ပုသိမ် မြို့ လယ်ယာထွက်ကုန်  TPIS ရုံးခန်း တွင် ကျင်းပပြုလုပ်ရာ မြန်မာ့လယ်ယာ ထွက်ကုန် ပစ္စည်းရောင်းဝယ်ရေး ဦး ဆောင် ညွှန်ကြားရေးမှူး ဦးအောင်မင်း၊ မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်း ဒုတိယဥက္ကဋ္ဌ  ဦးအောင်သန်းဦး၊ လယ် ယာထွက်ကုန် တိုင်းမန်နေဂျာ  ဦးစိုး အောင်၊ ခရိုင်မန်နေဂျာများ၊ ဆန်စပါး အထူးပြုကုမ္ပဏီမှ အုပ်ချုပ်မှုဒါရိုက်တာ နဲ့ ဒါရိုက်တာများ၊ တိုင်းဆန်စပါးလုပ်ငန်း အသင်းဝင်များ၊ နိုင်ငံတော်အရန် ဆန်ဝယ်ယူရေးလုပ်ငန်း ကော်မတီဝင် များ တက်ရောက်ခဲ့ကြောင်း သိရပါ တယ်။
ဆွေးနွေးပွဲမှ   စပါးဝယ်ယူရေး လုပ်ငန်းကော်မတီများရဲ့ ဆောင်ရွက်မှု အားသာချက်၊   အားနည်းချက်များ၊  တက်ရောက်လာသူများမှလည်း ညှိနှိုင်း ပေါင်းစပ်လက်တွေ့ အကောင်အထည် ဖော်ရမယ့်ကိစ္စရပ်များ ဆွေးနွေးကြ ပါတယ်။ SGS ဆန်စစ်ဆေးရေး အဖွဲ့ များရဲ့ ဆောင်ရွက်မှုများကို ဗဟိုမှ အကြံပြုချက်များ ဆန်စပါးစိုက်ပျိုး ထုတ်လုပ်လျက်ရှိသော တောင်သူများ ရဲ့ လက်ရှိအခြေအနေများ ဆွေးနွေးခဲ့ ကြောင်းနဲ့ နိုင်ငံမှ အရန်ဆန်များကို လည်းအရည်အချင်းပြည့်မီအောင် ကြိတ်ခွဲကာ သတ်မှတ်ရက်အတွင်း တင်ပို့နိုင်ရန် ကိစ္စရပ်များ ဆွေးနွေးခဲ့ကြ တယ်လို့ သိရပါတယ်။
မင်းမင်းဦး