နည်းပညာပေးရေးဌာနခွဲ-၂

Fri, 10/07/2011 - 10:29 -- Anonymous (not verified)

နည်းပညာပေးရေးဌာနခွဲ-၂ ၏ လုပ်ငန်းတာဝန်များ

၁။ မိမိနိုင်ငံထွက်ကုန်များအနက်မှ နိုင်ငံတကာဈေးကွက်တွင် ဝင်ရောက်နိုင်မည့် ကုန်ပစ္စည်းများ ကို ဖော်ထုတ်လေ့လာ ရှာဖွေဆောင်ရွက်ခြင်း။

၂။ နိုင်ငံတကာဈေးကွက်တွင် ကျယ်ပြန့်စွာ ရောင်းဝယ်လျက်ရှိသည့် ကုန်စည်များအား မိမိနိုင်ငံမှ ထုတ်လုပ် တင်ပို့နိုင်ရေးအတွက် ဖြစ်နိုင်ချေအလားအလာများ လေ့လာဖော်ထုတ်ခြင်း။

၃။ ကမ္ဘာ့စီးပွားရေးအခြေအနေကို နေ့စဉ်စောင့်ကြည့်လေ့လာပြီး မြန်မာ့စီးပွားရေးနှင့်ကုန်သွယ်မှုအပေါ် ရိုက်ခတ်လာနိုင်သည်များကို ကြိုတင်ဖော်ထုတ်ခါ တုန့်ပြန်ဖြေရှင်းနိုင်မည့်နည်းလမ်းများ အကြံပြုခြင်း။

၄။ ကမ္ဘာ့ FTA များနှင့် မြန်မာနိုင်ငံပါဝင်သည့် FTA များအား လေ့လာ၍ အကျိုးရှိအောင် ကျင့်သုံးသင့်သည့် နည်းလမ်းများ အကြံပြုခြင်း။

၅။ မြန်မာနိုင်ငံ၏ ပို့ကုန်တစ်မယ်ခြင်း ပိုမိုတိုးမြှင့်တင်ပို့နိုင်ရန်အတွက် လုပ်ငန်းရှင်များအား သတင်းအချက် အလက်များ အသိပေးခြင်း၊ လိုအပ်သည်များကို ဆက်စပ်ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ခြင်း။

၆။ နိုင်ငံတကာဈေးကွက်ရှိ ကုန်ပစ္စည်းများ၏ ဈေးကွက်အလားအလာများနှင့် မိမိပို့ကုန်များအပေါ် သုံးသပ် ပြီး ကုန်သွယ်မှုသတင်းများအား ထုတ်ပြန်ခြင်း။

၇။ ပြည်ပဈေးကွက်မှ End User များ ရှာဖွေချိတ်ဆက်တင်ပို့နိုင်ရေး နည်းလမ်းရှာဖွေဆောင်ရွက်ခြင်း။

၈။ ပို့ကုန်ဈေးကွက်ရရှိရေး သတင်းအချက်အလက်များ ရှာဖွေစုဆောင်း၍ လုပ်ငန်းရှင်များ သိရှိနိုင်ရန် ဖြန့်ဝေခြင်း၊ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခြင်း။

၉။ ဒေသတွင်း ပြည်ပတင်ပို့ရန် အလားအလာရှိသော ကုန်ပစ္စည်းများအား အိမ်တွင်းစက်မှုလုပ်ငန်းဖြင့် ထုတ် လုပ်နေမှုများကို လေ့လာ၍ အရေအတွက်အများအပြား ထုတ်လုပ်နိုင်သည့် အသေးစား၊ အလတ်စား စက်မှု လုပ်ငန်းများအဖြစ် ပြောင်းလဲထုတ်လုပ်နိုင်ရေးအတွက် အသေးစိတ်စာရင်းများ ကောက်ယူ ရေး စီစဉ်ဆောင်ရွက်ခြင်း၊ စာရင်းကောက်ယူလေ့လာရရှိသည့် ပြည်ပတင်ပို့ရန် အလားအလာရှိသော ထုတ်ကုန်အမျိုးအစားများအပေါ် အခြေပြု၍ သင့်လျှော်သည့် ခေတ်မီစက်ယူနစ်ကိရိယာပစ္စည်းများနှင့် ထုတ်လုပ်မှုနည်းပညာများအား ပြည်တွင်းပြည်ပများမှ လေ့လာ၍ သုတေသနပြုခြင်း၊ တီထွင်ထုတ်လုပ် ခြင်းနှင့် နည်းပညာဖြန့်ဖြူးပေးခြင်းများကို ကြပ်မတ်ဆောင်ရွက်ခြင်း။

၁၀။ ထုတ်လုပ်နေသော သွင်းကုန်အစားထိုးလုပ်ငန်းများအား အရည်အသွေးနှင့် စံချိန်စံညွှန်းမီ ပြည့်မီစွာ ထုတ်လုပ်နိုင်ရန်အတွက် စက်ရုံများ၏ အခက်အခဲများ၊ အဟန့်အတားများကို ကွင်းဆင်းလေ့လာပြီး သက်ဆိုင်ရာဌာနများနှင့်လည်းကောင်း၊ လုပ်ငန်းရှင်များ၊ အသင်းအဖွဲ့များနှင့်လည်းကောင်း ချိတ်ဆက် ပြီး အခက်အခဲများအား ကူညီဖြေရှင်းပေးခြင်း။

၁၁။ ပုဂ္ဂလိကဆန်စက်နှင့်ပဲခွဲစက်များ အသစ်တည်ဆောက်ခြင်း၊ ပြောင်းရွှေ့ခြင်း၊ ဖျက်သိမ်းခြင်း၊ နှစ်စဉ် လည်ပတ်ခွင့်လိုင်စင်များ ထုတ်ပေးခြင်းတို့အတွက် လုပ်ထုံးလုပ်နည်းနှင့်အညီ စစ်ဆေးခြင်း၊ စိစစ်ခွင့်ပြု ခြင်း။

၁၂။ မိမိတို့ စက်မှုဇုန်များမှ ထုတ်လုပ်နေသည့် ပြည်ပဈေးကွက်အလားအလာရှိသော ထုတ်ကုန်ပစ္စည်းများ အရည်အသွေးပြည့်မီစွာ တွင်ကျယ်စွာ ထုတ်လုပ်နိုင်ရေးနှင့် ဈေးကွက်ဝင်ရောက်ယှဉ်ပြိုင်ရရှိစေရေး ကူညီဆောင်ရွက်ပေးရန်၊ ဈေးကွက်ဆိုင်ရာ အချက်အလက်များ ရယူဖြန့်ဖြူးပေးရန် စီစဉ်ဆောင်ရွက် ခြင်း။

၁၃။ လယ်ယာထွက်ကုန်သီးနှံများအား ရိတ်သိမ်းခြင်း၊ ချွေလှေ့သန့်စင်ခြင်း၊ အခြောက်ခံခြင်း၊ သိုလှောင်ခြင်း၊ ကြိတ်ခွဲခြင်း၊ ထုတ်ပိုးခြင်း၊ သယ်ပို့ခြင်း လုပ်ငန်းအဆင့်ဆင့်တွင် ဒေသအလိုက် သမရိုးကျ ဆောင်ရွက်နေသော နည်းလမ်းများအစား ခေတ်မီစက်ကိရိယာများကို ပိုမိုအသုံးပြုစေရန် အားပေးမြှင့်တင်ခြင်းအား ကြီးကြပ်ဆောင်ရွက်ခြင်း။

၁၄။ ပြည်တွင်းပြည်ပမှ ထုတ်လုပ်သော ပိုမိုစွမ်းဆောင်ရည်ကောင်းပြီး တန်ဖိုးအားဖြင့်လည်း သင့်တင့်သည့် စက်ကိရိယာများ အသုံးပြုခြင်းဖြင့် ထုတ်လုပ်သည့်ကုန်ပစ္စည်းအရည်အသွေး မြှင့်တင်နိုင်သည့်သာမက ကုန်ကျစရိတ်လျှော့ချနိုင်မည့် နည်းလမ်းများ လေ့လာပညာပေးဆောင်ရွက်ခြင်းလုပ်ငန်းအား ကြီးကြပ် ခြင်း။

၁၅။ လယ်ယာထွက်ကုန်သီးနှံများမှ အရည်အသွေးမြင့်မားသည့် စိုက်ပျိုးထုတ်ကုန် (Quality Agro Product) များ ထုတ်လုပ်နိုင်ရေးအတွက် သီးနှံများ၏ အရည်အချင်း အရည်အသွေး သတ်မှတ်ချက် (Specification) များ၊ စံချိန်စံညွှန်းသတ်မှတ်ချက် (Standardization) များအား ပြည်တွင်းပြည်ပ International, Regional, National, Association, Company-wise Specification များ၊ Standard များနှင့် နှိုင်းယှဉ်လေ့လာ၍ အားပေးမြှင့်တင်ခြင်းအား ကြီးကြပ်ဆောင်ရွက်ခြင်း။

၁၆။ လယ်ယာထွက်ကုန်သီးနှံများအား တန်ဖိုးမြှင့်ထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်နိုင်ရေးအတွက် အသုံးပြု သော ခေတ်မီစက်ယူနစ်ကိရိယာပစ္စည်းများနှင့် ထုတ်လုပ်မှုနည်းပညာများအား ပြည်တွင်းပြည်ပများမှ လေ့လာ၍ သုတေသနပြုခြင်း၊ တီထွင်ထုတ်လုပ်ခြင်းနှင့် နည်းပညာဖြန့်ဖြူးပေးခြင်းများကို ကြပ်မတ် ဆောင်ရွက်ခြင်း။