(၄၀) ကြိမ်မြောက် အာဆီယံကုန်စည်ကုန်သွယ်ရေးသဘောတူစာချုပ် အကောင်အထည်ဖော်ရေးဆိုင်ရာ ညှိနှိုင်းမှုကော်မတီအစည်းအဝေး (40th meeting of the coordinating committee on the implementation of the ATIGA (40th CCA Meeting)

Fri, 12/02/2022 - 01:51 -- regionaldep

       (၄၀) ကြိမ်မြောက် အာဆီယံ ကုန်စည်ကုန်သွယ်ရေးသဘောတူစာချုပ် အကောင် အထည်ဖော်ရေးဆိုင်ရာ ညှိနှိုင်းမှုကော်မတီအစည်းအဝေး (40th meeting of the coordinating committee on the implementation of the ATIGA (40th CCA Meeting) ကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ (၁) ရက်‌နေ့တွင် Video Conference စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ဘာသာရပ်တာဝန်ခံ ကိုယ်စားလှယ်များနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ အဖွဲ့ဝင်စုစုပေါင်း (၄၇) ဦး ပါဝင်တက်‌ရောက်ခဲ့ကြပါသည်။ မြန်မာနိုင်ငံမှ ဘာသာရပ်ဆိုင်ရာ ကိုယ်စားလှယ်အဖြစ် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနမှ အရာထမ်းကိုယ်စားလှယ် (၁) ဦးသည် အကောက်ခွန်ဦးစီးဌာနမှ ကိုယ်စားလှယ်များနှင့်အတူ ပါဝင်တက်ရောက်၍ ဆွေးနွေးညှိနှိုင်းခဲ့ပါသည်။

   အစည်းအဝေးတွင် အာဆီယံအဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးများ၏ လမ်းညွှန်ချက်များအရ ၂၀၂၃ ခုနှစ်အတွက် CCA ၏ လုပ်ငန်းများနှင့် ဦးစားပေးလုပ်ငန်းများကို ပြန်လည်သုံးသပ်ခြင်း၊ အာဆီယံကုန်စည်ကုန်သွယ်ရေးသ‌ဘောတူစာချုပ်ပါ အချက်အလက်များအနက် အကောက်ခွန်လျှော့ချမှုအစီအစဉ်ဇယား (Tariff Reduction Schedule– TRS) အား AHTN 2017 မှ 2022 သို့ ကူးပြောင်းချိတ်ဆက်ခြင်း၊ ပင်ရင်းနိုင်ငံစည်းမျဉ်း (rules of origin) ဆိုင်ရာကိစ္စရပ်များ၊ ကုန်သွယ်မှုဆိုင်ရာစာရင်းအင်းများ (Trade Statistics) ဆိုင်ရာကိစ္စရပ်များစသည့် အချက်များကို အဓိကထား၍ ဆွေးနွေးညှိနှိုင်းခဲ့ပါသည်။

   အဆိုပါအစည်းအဝေး၌ အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ကုန်သွယ်မှုလွယ်ကူချောမွေ့ စေရေးဆိုင်ရာကိစ္စရပ်များအား ညှိနှိုင်းဆွေးနွေးခြင်း၊ အကောက်ခွန်လျှော့ချမှုအစီအစဉ်ဇယားနှင့်ပတ်သက်၍နှုန်းထားများ ညှိနှိုင်းဆောင်ရွက်နိုင်ခြင်း၊ အကောက်ခွန်သက်သာခွင့်ကိစ္စရပ်များအား ပွင့်လင်းမြင်သာရှိခြင်းနှင့် ကုန်သွယ်မှုအချက်အလက်များအား ပွင့်လင်းမြင်သာမှုရှိစေခြင်းစသည့် အကျိုးကျေးဇူးများကိုရရှိပါသည်။