၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ (၂၈) ရက်နေ့မှ (၃၀) ရက်နေ့အထိကျင်းပပြုလုပ်လျက်ရှိသည့် အာဆီယံဝန်ဆောင်မှုညှိနှိုင်းရေးကော်မတီ၏ (၁၀၂) ကြိမ်မြောက် အစည်းအဝေး (102nd Meeting for Committee on Trade in Services) သို့ ပါဝင်တက်ရောက်ခဲ့မှု

Wed, 10/05/2022 - 09:05 -- regionaldep

၁။      အာဆီယံဝန်ဆောင်မှုညှိနှိုင်းရေးကော်မတီ၏ (၁၀၂) ကြိမ်မြောက် အစည်းအဝေး (102nd Meeting for Committee on Trade in Services) ကို Hybrid ပုံစံဖြင့် ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလ (၂၈) ရက်နေ့မှ (၃၀) ရက်နေ့အထိကျင်းပပြုလုပ်လျက်ရှိရာ အာဆီယံ အဖွဲ့ဝင်နိုင်ငံများမှ ဝန်ဆောင်မှုညှိနှိုင်းရေးကော်မတီအဖွဲ့ဝင် ကိုယ်စားလှယ်များ၊ အာဆီယံ အတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များနှင့်အတူမြန်မာနိုင်ငံမှ ဘာသာရပ်ဆိုင်ရာ ကိုယ်စားလှယ်များအဖြစ် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေး ဦးစီးဌာနမှ အရာထမ်းကိုယ်စားလှယ် (၂) ဦး ပါဝင်တက်ရောက်ဆွေးနွေးခဲ့ပါသည်။

၂။       အဆိုပါအစည်းအဝေး၌ အာဆီယံဝန်ဆောင်မှုညှိနှိုင်းရေးကော်မတီ၏ ကဏ္ဍအလိုက် လုပ်ငန်းအဖွဲ့များမှ အစီရင်ခံတင်ပြခြင်း၊ (၃/၅၃) ကြိမ်မြောက် အာဆီယံအဆင့်မြင့် အရာရှိကြီးများ အစည်းအဝေး၏ ဆုံးဖြတ်ချက်များအပေါ် ကဏ္ဍအလိုက်လိုက်ပါဆောင် ရွက်ရမည့်လုပ်ငန်းစဉ် များအားလည်းကောင်း၊ AFAS Package ၏ Positive List ကတိကဝတ်ဇယားများကို ATISA ၏ Non-Conforming Measures ဖြင့်ကတိကဝတ် ဇယားများသို့ ကူးပြောင်းနိုင်ရေးအတွက် လိုအပ်သောနည်းပညာပိုင်းဆိုင်ရာကိစ္စရပ်များကိုလည်းကောင်း၊ AFAS နှင့် ATISA အား ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့(WTO) သို့ အသိပေးအကြောင်းကြားခြင်း (Notification ပေးပို့နိုင်ရေး) အားလည်းကောင်း၊ အာဆီယံလူပုဂ္ဂိုလ် များရွှေ့ပြောင်းသွားလာမှုဆိုင်ရာ သဘောတူညီချက်အပေါ် ပြင်ဆင်သည့် အခြေပြစာချုပ် နှင့် နောက်ဆက်တွဲကတိကဝတ်ဇယားအပေါ်တွင် အဖွဲ့ဝင်နိုင်ငံများ၏ သဘောထားရပ်တည်ချက်များကိုလည်းကောင်း၊ အာဆီယံဝန်ဆောင်မှုညှိနှိုင်းရေး ကော်မတီ၏ ၂၀၂၅ ခုနှစ်အထိ လုပ်ငန်းအစီအစဉ်များကိုလည်းကောင်း၊ ကျွမ်းကျင်ပညာရှင်များဆိုင်ရာ ဝန်ဆောင်မှုကဏ္ဍများအတွက် (Professional Services) 4th Industrial Revolution Pragrammeနှင့်စပ်လျဉ်း၍ ERIA မှ သုတေသနပြုလုပ်ထားမှုနှင့် အလုပ်ရုံဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့မှုအားလည်းကောင်း ဆွေးနွေးလျက်ရှိပါသည်။