တရုတ်နိုင်ငံမှ ရှားပါးသတ္တုရိုင်းများ ထုတ်လုပ်မှုနှင့် တင်ပို့မှုကို လျော့ချခဲ့သဖြင့် အမေရိကန်နှင့် ဂျပန်တို့အနေဖြင့် ဈေးနှုန်းများ မြင့်မားမှုဒဏ်ကို ရင်ဆိုင်နေရသည့်အပြင် သတ္တုအသုံးပြုမှုပမာဏလည်း လျော့ချနေရ

Fri, 07/27/2012 - 03:46 -- Anonymous (not verified)

Date : 26 July 2012

တရုတ်နိုင်ငံမှ ရှားပါး သတ္တုရိုင်းများ (Rare earths) တင်ပို့မှုအပေါ် ခွဲတမ်းသတ်မှတ်ခြင်း ၊ အခွန်ကောက်ခံခြင်းများ ချမှတ်ဆောင်ရွက်ခြင်းဖြင့် ပြည်ပသို့ရှားပါး သတ္တုကုန်ကြမ်းများ တင်ပို့မှု လျှော့ချလျက်ရှိသည်။ ယင်းသို့ ဆောင်ရွက်ခြင်းသည် ကမ္ဘာ့ကူးသန်းရောင်းဝယ်ရေး စည်းမျဉ်းများကို ချိုးဖောက်ရာရောက်သည်ဟု အမေရိကန် ၊ အီးယူနှင့် ဂျပန်တို့က WTO သို့ တိုင်တန်း ထားသည်။ သို့ဖြစ်၍ WTO မှ တရားစီရင်ရေး အဖွဲ့အနေဖြင့် စုံစမ်းမှုများ ဆောင်ရွက်သွားမည်ဟု သိရသည်။

တရုတ်နိုင်ငံအနေဖြင့် ရှားပါး သတ္တုရိုင်းများ တင်ပို့မှုကန့်သတ်ရခြင်းမှာ သဘာဝအရင်း အမြစ်များ လျော့နည်းသွားခြင်းမှ ကာကွယ်လို၍ဖြစ်သည်ဟုဆိုသည်။ တရုတ်နိုင်ငံသည် ကမ္ဘာတွင် ရှားပါး သတ္တုကုန်ကြမ်းထုတ်လုပ်မှု စုစုပေါင်း၏ ၉၀% ကို ထုတ်လုပ်နေပြီး ၎င်းတို့ကို စစ်တပ်အတွက် ကာကွယ်ရေးသုံးပစ္စည်းများ ထုတ်လုပ်မှုလုပ်ငန်းများ ၊ ကားကုမ္ပဏီများ ၊ အသစ် ပြန်လည်ဖြစ်ထွန်းလေ့ရှိသော စွမ်းအင်လုပ်ငန်းကဏ္ဍနှင့် အီလက်ထရောနစ်လုပ်ငန်းကဏ္ဍတို့တွင် အဓိကအသုံးပြုနေကြောင်း သိရသည်။

တရုတ်နိုင်ငံမှ ရှားပါး သတ္တုများကို အမေရိကန်နှင့် ဂျပန်နိုင်ငံတို့မှ အများဆုံးဝယ်ယူ တင်သွင်းနေလျက်ရှိသည်။ သို့သော် တရုတ်အနေဖြင့် ရှားပါး သတ္တုရိုင်းများ ထုတ်လုပ်မှုနှင့် တင်ပို့မှုကို ၂၀၁၀ ခုနှစ် ၊ ဇူလိုင်လတွင် ၄၀ ရာခိုင်နှုန်းလျော့ချခဲ့သဖြင့် ယင်းကာလနောက်ပိုင်းတွင် အမေရိကန်နှင့် ဂျပန်တို့အနေဖြင့် ဈေးနှုန်းများ မြင့်မားမှုဒဏ်ကို ရင်ဆိုင်နေရသည့်အပြင် သတ္တုအသုံးပြုမှုပမာဏကိုလည်း လျော့ချ နေရသည်။

တရုတ်နိုင်ငံအနေဖြင့်လည်း ၎င်း၏ရှားပါးသတ္တုရိုင်းလုပ်ငန်းကို ပြန်လည်ထိန်းချုပ်ရန် နည်းမျိုးစုံသုံး၍ ဆက်လက်ကြိုးစားသွားမည်ဟု ယုံကြည်ကြောင်း ၊ ဥပမာ တရားမဝင်ရှားပါး သတ္တုရိုင်း တူးဖော်မှုလုပ်ငန်းများကို ချေမှုန်းခြင်း ၊ ရှားပါးသတ္တုထုတ်လုပ်သူများအား တစ်စု တစ်စည်းတည်းဖြစ်အောင် ပေါင်းစည်းစေပြီး ထုတ်လုပ်သူအရေအတွက် နည်းသွားအောင် ချုံ့လိုက် ခြင်းတို့ကဲ့သို့သော စီမံချက်များ ချမှတ်ဆောင်ရွက်သွားနိုင်ဖွယ်ရှိသည်ဟု လေ့လာသူများက သုံးသပ်ကြသည်။

 

Source : bloomberg.com

pa pa