ဈေးကွက်သတင်းသုံးသပ်ခြင်း (Market Analysis Training Course) ဆိုင်ရာသင်တန်းကျင်းပပြုလုပ်ခြင်း

Thu, 02/16/2012 - 07:55 -- Anonymous (not verified)

    ဥ‌ရောပသမဂ္ဂ၏ စားနပ်ရိက္ခာဖူလုံမှု ဦးစားပေးအစီအစဉ်အထောက်အပံ့ဖြင့် မဟာမဲခေါင်ဒေသခွဲအတွင်း ကမ္ဘောဒီးယား၊ လာအိုနှင့် မြန်မာနိုင်ငံတို့အား ကူညီပံ့ပိုး သည့် အနေဖြင့် နည်းပညာအကူအညီသင်တန်းများပေးလျှက်ရှိပါသည်။ EC-FAO Food Security Programme သည် ဒေသဆိုင်ရာ ပရောဂျက်ဖြစ်သော စားနပ်ရိက္ခာဖူ လုံမှုတိုးတက်ကောင်းမွန်ရေးအတွက် သတင်းအချက်အလက်ဖလှယ်၍ သင့်လျော် သော ဆုံးဖြတ်ချက်ချမှတ်ခြင်း (Linking Information and Decision Making to Improve Food Security )နှင့် ပတ်သက်ပြီး ဈေးကွက်သတင်း သုံးသပ်ခြင်းသင်တန်း (Market Analysis Training Course) ကို မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (RUMFCCI)၊ သင်တန်းခန်းမ ၌ ၂၄.၁.၂၀၁၂ မှ ၂၇.၁.၂၀၁၂ ထိ ကျင်းပပြုလုပ်ခဲ့ပါသည်။

သင်တန်းဖွင့်ပွဲတွင် ဦးစိုးဝင်း- အထွေထွေမန်နေဂျာ၊ မြန်မာ့လယ်ယာထွက်ကုန် ပစ္စည်းရောင်းဝယ်ရေးမှ အဖွင့်အမှာ စကားပြောကြားခဲ့ပြီး Mr.Tiago S.W မှ ကြိုဆို နှုတ်ခွန်းဆက်စကားပြေားကြားခဲ့ပါသည်။ သင်တန်းတွင် မြန်မာ့လယ်ယာ ထွက်ကုန် ပစ္စည်း ရောင်းဝယ်ရေးတိုင်းဒေသကြီး/ ပြည်နယ်များမှ ဝန်ထမ်း (၈)ဦး၊ လယ်ယာစိုက် ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနမှ (၅)ဦး၊ RUMFCCI မှ (၃)ဦး၊ WFP မှ (၃)ဦး၊ Trade Myanmar မှ (၂)ဦး စုစုပေါင်း သင်တန်းသား (၂၁)ဦး တက်ရောက် ခဲ့ပါသည်။

ဈေးကွက်သတင်းနှင့် စပ်လျဉ်း၍ နည်းပညာအထောက်အကူပေးရေး မြန်မာ့ လယ်ယာထွက်ကုန်ပစ္စည်းရောင်းဝယ်ရေးမှ ကမ်းလှမ်းအဆိုပြုမှုအပေါ် ဈေးကွက် သတင်းဆိုင်ရာ အကြံပေးပုဂ္ဂိုလ် Mr.Tiago S.W မှ သင်တန်းပို့ချပေးခဲ့ ပါသည်။

ဈေးကွက်သတင်းသုံးသပ်ခြင်းနှင့် စပ်လျဉ်းပြီး ဈေးကွက်သတင်းသုံးသပ်ရမည့် အဓိကအချက်များ၊ အခြေခံသဘောတရား များနှင့် မှုဘောင်များ၊ သုံးသပ်မှုပြုလုပ်ရာ တွင် အသုံးပြုရမည့် အချက်များ အဓိကဖော်ထုတ်ချက်များ ဖြစ်ပေါ်သော အချက် များကို သိရှိနားလည်သဘောပေါက်ရန် ရည်ရွယ်ပို့ချခဲ့ခြင်းဖြစ်ပါသည်။

သင်တန်းတွင် ဘာသာရပ်ပို့ချခြင်းသာမက၊ အမှုတွဲများလေ့လာခြင်း၊ အုပ်စု လိုက်ဆွေးနွေးခြင်းနှင့် လက်တွေ့သင်ခန်းစာ များ ပြုလုပ်စေသည့် နည်းဖြင့် ပို့ချခဲ့ပါ သည်။

ဈေးကွက်သတင်းအချက်အလက်များကို စိုက်ပျိုးထုတ်လုပ်သူ တောင်သူများမှ စားသုံးသူလက်ဝယ်ထိ ထုတ်လုပ်မှု၊ ဝယ်လို အား၊ ရောင်းလိုအား၊ ဈေးနှုန်း ဖြစ်ပေါ်မှု အခြေအနေများ အချိန်နှင့် တပြေးညီရယူဖြန့်ဝေပေးနိုင်ရန်၊ စိုက်ပျိုးထုတ် လုပ်မှု များ၊ ရောင်းဝယ်လိုအား၊ ဝယ်လိုအားများကို သုံးသပ်ခြင်း၊ ဈေးနှုန်းတက်/ကျ ပြောင်းလဲမှုသုံး သပ်ခြင်း၊ ဈေးကွက် အလား  အလာနှင့် ရှေ့မျှော်မှန်းချက်များသုံးသပ်ခြင်း၊ ပြည်ပဈေး ကွက် ပြည်တွင်းဈေးကွက် သတင်းအချက် အလက်များ သုံး သပ်ခြင်း၊ ရိက္ခာဖူလုံမှုနှင့် ဈေးကွက်သုံးသပ်ချက်များ၊ ထုတ်လုပ်သည်မှစားသုံးသည်ထိ Supply Chain သုတေ သနပြုလေ့လာသုံးသပ်ခြင်းများ နားလည်စေရန် ပို့ချခဲ့ပါသည်။ သင်သန်းသားများ သည် မိမိနိုင်ငံရှိ သီးနှံများနှင့် ပတ်သက် ၍ ဈေးနှုန်းပြောင်းလဲမှုအခြေအနေများ အပြန် အလှန်ဆွေးနွေးခဲ့ကြပါသည်။

သင်တန်းသားများသည် မိမိနိုင်ငံရှိ သီးနှံများနှင့်ပတ်သက်၍ ဈေးနှုန်းပြောင်းလဲမှု အခြေအနေများကို ကွန်ပျူတာအသုံးပြု၍ စာရင်းဇယား၊ ဂရပ်များဖြင့် အပြန်အလှန် ဆွေးနွေးခဲ့ကြပါသည်။ သင်တန်းမှာ ၄ ရက်ကြာမြင့်ပြီး သင်တန်းဆရာမှ သင်တန်း ဆင်းလက်မှတ်များပေးအပ်ကာ RUMFCCI နှင့် မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်း ရောင်းဝယ်ရေး တာဝန်ရှိသူတို့မှလည်း သင်တန်းဆရာအား အမှတ်တရလက်ဆောင် ပစ္စည်းများပေးအပ်ခဲ့ပါသည်။

yyw(MAPT)