ဆိုးလ်လက်ဆောင်ပစ္စည်းပြပွဲ ၂၀၁၂ (Seoul Gift Show-2012)

Wed, 07/18/2012 - 08:40 -- Anonymous (not verified)

အာဆီယံ-ကိုရီးယားစင်တာမှ ကြီးမှူး၍ ၂၀၁၂ ခုနှစ် စက်တင်ဘာလ (၂၀) ရက်နေ့မှ (၂၃) ရက်နေ့အထိ ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့ရှိ COEX  (Convention & Exhibition Centre) မှာ ဆိုးလ်လက်ဆောင်ပစ္စည်းပြပွဲ ၂၀၁၂ (SEOUL GIFT SHOW 2012) ကိုကျင်းပပြုလုပ်မှာဖြစ်ပါတယ်။ ဆိုးလ်လက်ဆောင်ပစ္စည်းပြပွဲကို မြန်မာ နိုင်ငံမှ လုပ်ငန်းရှင်တွေက အာဆီယံ-ကိုရီးယားစင်တာရဲ့ အကူအညီနဲ့ နှစ်စဉ်ပါဝင်ပြသနေကြပါတယ်။ ပြပွဲကျင်းပရခြင်းရဲ့ ရည်ရွယ်ချက်မှာ အာဆီယံနိုင်ငံများမှ ထုတ်ကုန်ပစ္စည်းတွေကို ကိုရီးယားဈေးကွက်ကို ထိုးဖောက်ဝင်ရောက်နိုင်စေဖို့နဲ့ ကုန်သွယ်မှုတိုးမြှင့်စေဖို့ဖြစ်ပါတယ်။ ပြပွဲမှာ လက်မှုအနုပညာပစ္စည်းများ၊ လက် ဆောင်ပစ္စည်းများ၊ အိမ်တွင်းအလှဆင်ပစ္စည်းများ၊ ခရစ္စမတ်နဲ့ ပွဲတော်အလှဆင်ပစ္စည်းများ၊ အိမ်ခန်းသုံးစားပွဲခင်း၊ ခန်းစီးလိုက်ကာပစ္စည်းများ ပါဝင်ပြသကြမှာဖြစ်ပါတယ်။ပြပွဲမှာ အာဆီယံ ၁၀ နိုင်ငံမှ တစ်နိုင်ငံကို ပြသသူ ၂ ဦးစီနဲ့ စုစုပေါင်းပြသသူ (၂၀) ဦးပါဝင်ပြသမှာဖြစ် ပါတယ်။ ပြပွဲမှာ မြန်မာနိုင်ငံမှရွေးချယ်ခံရတဲ့ ပြသသူလုပ်ငန်းရှင် (၁) ဦးစီအတွက် အသွားအပြန် လေယာဉ်စရိတ်၊ တည်းခိုနေထိုင်စရိတ်နဲ့ သွားလာစရိတ်တွေကို အာဆီယံ-ကိုရီးယားစင်တာမှ ကျခံပေးမှာဖြစ်ပါတယ်။ အာဆီယံ- ကိုရီးယားစင်တာမှ တာဝန်ရှိသူနဲ့ ကျွမ်းကျင်သူတို့က ၂၀၁၂ ခုနှစ် သြဂုတ်လ ၃ ရက်နေ့မှာ မြန်မာနိုင်ငံမှ ပါဝင် ပြသလိုတဲ့ ၎င်းင်းကုမ္ပဏီလုပ်ငန်းတွေကို စစ်ဆေးအကဲဖြတ်ရွေးချယ်မှာဖြစ်တယ်။
စိတ်ဝင်စားတဲ့ မြန်မာကုမ္ပဏီတွေအနေနဲ့ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုမြှင့်တင်ရေးဌာနခွဲ၊ ကုန်စည်ပြပွဲဌာနစိတ် ဖုန်း-၀၆၇-၄၀၈၄၁၁ ၊ ဖက်စ် ၀၆၇-၄၀၈၃၁၁ နဲ့ ပြည် ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနဲ့ စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်၊ ပြပွဲဌာနတို့ကို ဆက်သွယ် စာရင်းပေးသွင်းနိုင်ပါတယ်။
KKK