စပါးကောင်းရဖို့ စပါးအခြောက်ခံစက်အသုံးပြုသင့်

Tue, 09/20/2011 - 09:34 -- Anonymous (not verified)

စပါးကောင်းရဖို့နဲ့ မိုးမိစပါးများ အကျိုးအကြေများပြီး ဆန်ဝါမဖောက်ဖို့ အခြောက်ခံစက်အသုံးပြုသင့် ကြောင်း၊ ဦးသောင်းဝင်း (သောင်းဝင်းဆန်စက်အင်ဂျင်နီယာလုပ်ငန်း)ကပြောပါတယ်။ နွေစပါးမှာ ဆန်ဝါအမြဲ ပါတတ်တယ်။ ဆန်ဝါ ပါတော့ ဈေးကောင်းလည်းမရဘူး။ ကွင်းထဲထားတဲ့စပါးက နေ့ပူ၊ ညအေးအစိုဓါတ် တက်လိုက်၊ ကျလိုက် ဒါတင်မက အခြောက်ခံတဲ့ နည်းစနစ်မမှန်လို့ စပါးစေ့အတွင်းမှာရှိတဲ့ ဆန်သားက အက်ကြောင်းတွေ အဆစ်ဆစ်ဖြစ်သွားတတ်တယ်။