ASEAN Indo – Pacific Forum ၌ ကျင်းပမည့်ပြပွဲသို့ မြန်မာနိုင်ငံမှ ပါဝင်ပြသရန်ဖိတ်ကြား

Thu, 05/11/2023 - 05:31 -- mocadmin

  အင်ဒိုနီးရှားသမ္မတနိုင်ငံ၊ ဂျကာတာမြို့၌ ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၅ ရက်နေ့မှ ၇ ရက်နေ့ အထိ ASEAN Indo- Pacific Forum ၌ ကျင်းပမည့် ပြပွဲသို့ မြန်မာနိုင်ငံမှ စီမံကိန်းများ ပါဝင်တက်ရောက်ပြသနိုင်ကြောင်း ဖိတ်ကြားလာပါသည်။

  အဆိုပါဖိုရမ်၌ Green Infrastructure and Supply Chain ၊ Digital Transformation and Creative Economy နှင့် Sustainable and Innovative Financing ဟူ၍ ခေါင်းစဉ်ခွဲ ၃ ခုဖြင့် ကျင်းပပြုလုပ်သွား မည်ဖြစ်ကြောင်း၊ ခေါင်းစဉ်ခွဲ(၃)ခုနှင့်ပတ်သက်သည့် Panel discussion များ၊ Talk Show များပြုလုပ်၍ ဒေသတွင်း အခြေခံအဆောက်အဦ စီမံကိန်းများ ပါဝင်သည့် ပြပွဲတစ်ရပ်ကို ပြုလုပ်သွားမည်ဖြစ်ပြီး အာဆီယံအဖွဲ့များ၊ မိတ်ဖက်များအား ပြပွဲတွင် ပါဝင်ပြသရန် ဖိတ်ခေါ်ထားကြောင်း သိရှိရသည်။

  အဆိုပါပြပွဲသို့ ပါဝင်ပြသလိုသည့် စီမံကိန်းများရှိပါက စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးဌာနခွဲ အီးမေးလ် [email protected] ၊ ဖုန်း ၀၆၇-၄၀၈၆၂၂ ၊ ၀၆၇-၄၀၈၆၂၃ သို့ ဆက်သွယ်၍ ချိတ်ဆက်ပြသနိုင်ကြောင်း သိရှိရသည်။

သတင်းအချက်အလက်များ

နောက်ဆုံးရသတင်းများ

Pages