ကမ္ဘာ့ရွှေဈေးနှုန်း တစ်အောင်စလျှင် ၁၆၀၀ ဒေါ်လာအထက်သို့ ပြန်လည်ရောက်ရှိလာ

Fri, 07/27/2012 - 03:28 -- Anonymous (not verified)

Date : 26 July 2012

အီးယူဒေသ ခေါင်းဆောင်များအနေဖြင့် ဒေသတွင်းကြွေးမြီ အကြပ်အတည်းကို ထိန်းချုပ်နိုင်မည့် အစီအမံများတိုးမြှင့်ဆောင်ရွက်သွားဖွယ်ရှိသည်ဟု ခန့်မှန်းကြသဖြင့် ကမ္ဘာ့ရွှေဈေးနှုန်း တစ်အောင်စလျှင် ၁၆၀၀ ဒေါ်လာအထက်သို့ ပြန်လည်ရောက်ရှိခဲ့သည်။ ဇူလိုင်လ (၂၆) ရက်နေ့ နယူးယောက်စံတော်ချိန် နေ့ခင်း ၁:၄၃ နာရီက Comex တွင် ရောင်းရအသွက်ဆုံး ဒီဇင်ဘာလ အရောက်ပို့ ရွှေဈေးနှုန်းသည် တစ်အောင်စလျှင် ၁၆၁၂.၇၀ ဒေါ်လာအထိ ရောက်ရှိခဲ့သည်ဟု သိရသည်။

အီးယူဒေသ ကြွေးမြီအကြပ်အတည်းကြောင့် ကမ္ဘာ့စီးပွားရေးနှင့် ငွေကြေးဖောင်းပွမှု တိုးတက်နှုန်း နှေးသွားနိုင်သည်ဟု ယူဆကာ ရွှေကိုဝယ်လိုအားနည်းခဲ့သဖြင့် ၂၀၁၂ ခုနှစ်အတွင်း ကမ္ဘာ့ရွှေဈေးနှုန်းသည် ၂၀၁၁ ခုနှစ်ကထက် အားနည်းလာခဲ့သည်။ ၂၀၁၂ ခုနှစ် ၊ ဇန်နဝါရီလ ၃၁ ရက်မှ ယနေ့ထိ ကာလအတွင်း ကမ္ဘာ့ရွှေဈေးနှုန်း ၇.၃% ကျဆင်းခဲ့ပြီး ဖြစ်သည်ဟု သိရသည်။

 

Source : bloomberg.com

pa pa