ကမ္ဘာ့မူပိုင်ခွင့်အဖွဲ့ (WIPO)မှ ချီးမြှင့်မည့် ၂၀၂၃ ခုနှစ်၊ ကမ္ဘာလုံးဆိုင်ရာဆုတံဆိပ်ကို ကမ္ဘာတစ်ဝှမ်းရှိ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ လျှောက်ထားနိုင်

Tue, 02/14/2023 - 04:00 -- mocadmin

   ကမ္ဘာ့မူပိုင်ခွင့်အဖွဲ့ (World Intellectual Property Organization - WIPO) မှ ချီးမြှင့်မည့် ၂၀၂၃ခုနှစ်၊ ကမ္ဘာလုံးဆိုင်ရာ ဆုတံဆိပ်အတွက် လျှောက်ထားမှုများအား လက်ခံသွားမည်ဖြစ် ကြောင်း အဖွဲ့ဝင်နိုင်ငံများထံသို့ အကြောင်းကြားထားကြောင်း သိရှိရသည်။

   အဆိုပါဆုတံဆိပ်အတွက် ရွေးချယ်ရန်ယှဉ်ပြိုင်မှုများအား ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၆ ရက် နေ့မှ ၂၀၂၃ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့အထိ လက်ခံဆောင်ရွက်သွားမည်ဖြစ်ပြီး ပြိုင်ပွဲတွင် နည်းပညာ၊ စိုက်ပျိုးရေး၊ တီထွင်ဖန်တီးထားသော စက်မှုလုပ်ငန်းများစသည့် စီးပွားရေးကဏ္ဍအား လုံးတွင် တက်ကြွစွာပါဝင်ဆောင်ရွက်နေသည့် ကမ္ဘာတစ်ဝှမ်းရှိအသေးစားနှင့် အလတ်စား စီးပွား ရေးလုပ်ငန်း (SMEs) များ လျှောက်ထားနိုင်မည်ဖြစ်သည်။ လျှောက်ထားသူများအနေဖြင့် ကုန် အမှတ်တံဆိပ်များ၊ တီထွင်မှုများနှင့် ဒေသဆိုင်ရာအညွှန်းတို့နှင့် သက်ဆိုင်သည့် မူပိုင်ခွင့်ဆိုင်ရာ များကိုအသုံးပြုကာ လျှောက်ထားနိုင်မည်ဖြစ်သည်။

   ပြိုင်ပွဲတွင် ဆုရွေးချယ်မည့်ပုံစံမှာ စိစစ်ရွေးချယ်ရေးအဖွဲ့က အနိုင်ရရှိသူ (၇) ဦး အထိ ရွေး ချယ်သွားမည်ဖြစ်ပြီး ရွေးချယ်ခံရသူများသည် ဇူလိုင်လတွင်ပြုလုပ်မည့် WIPO  General Assembly ကာလအတွင်း ၂၀၂၃ ခုနှစ်၊ ကမ္ဘာလုံးဆိုင်ရာ ဆုပေးပွဲသို့ တက်ရောက်ရန် ဖိတ်ကြား ခြင်းခံရမည်ဖြစ်သည့်အပြင် Personalized WIPO Mentorship Program တစ်ခုအား လက်ခံရရှိ မည်ဖြစ်ပါသည်။

   အဆိုပါပြိုင်ပွဲကို ကမ္ဘာတစ်ဝန်းရှိနိုင်ငံများ စီးပွားရေးကဏ္ဍ၊ လူမှုရေးကဏ္ဍနှင့် ယဉ်ကျေးမှု ကဏ္ဍများဖွံ့ဖြိုးတိုးတက်ရေးအတွက် မူပိုင်ခွင့်ကဏ္ဍ၏ အရေးပါမှုများကို မီးမောင်းထိုးပြခြင်းအား ဖြင့် မူပိုင်ခွင့်ကဲ့သို့ အင်အားပြည့်ဝသောစနစ်ကို အသုံးပြု၍ ပြည်တွင်း၊ ပြည်ပတွင် တိုးတက် အောင်မြင်မှုများကို တီထွင်သူများ၊ ဖန်တီးသူများနှင့် ဒီဇိုင်းဖန်တီးသူများမြင်တွေ့စေရန်နှင့် ပိုမို လှုံ့ဆော်ပေးရန်ရည်ရွယ်ကျင်းပခြင်းဖြစ်ပြီး ထပ်မံသိရှိလိုသော အချက်အလက်များအား https:// www.wipo.int/global-awards/en/ သို့ ဝင်ရောက်လေ့လာနိုင်ပါကြောင်း သတင်းရရှိသည်။