ကမ္ဘာ့စီးပွားရေး အားကောင်းလာမှုကြောင့် ရေနံစိမ်းဝယ်လိုအားလည်း တိုးတက်ကာ ဈေးနှုန်းမြင့်လာမည်ခန့်မှန်း

Fri, 07/27/2012 - 10:06 -- Anonymous (not verified)

Date : 27 July 2012
ကမ္ဘာ့ရေနံစိမ်းသုံးစွဲမှုအများဆုံး နိုင်ငံဖြစ်သည့် အမေရိကန်နှင့် တရုတ်နိုင်ငံတို့၏ စီးပွားရေး တိုးတက်လာသည့် လက္ခဏာများမြင်တွေ့လာရခြင်း ၊ အီးယူဒေသ ခေါင်း ဆောင် များ အနေဖြင့်လည်း ဒေသတွင်း ကြွေးမြီအကြပ်အတည်းကို ဆက်လက် မပြန့် ပွားအောင် ထိန်းချုပ်နိုင်မည့် အလား အလာ များရှိလာသဖြင့် ယူရိုငွေတန်ဖိုး ပြန်လည် အားကောင်းလာဖွယ်ရှိသည်ဟု ဥရောပဗဟိုဘဏ်က ခန့်မှန်း လိုက်ခြင်း စသည့် ကမ္ဘာ့ စီးပွားရေးအားကောင်းလာသည့်လက္ခဏာများကြောင့် ရေနံစိမ်းဝယ်လို အားလည်း တိုးတက်လာမည် မျှော်မှန်းကာ ဈေးနှုန်းလည်း မြင့်မားလာသည်။
ဇူလိုင်လ (၂၇) ရက်နေ့တွင် ကမ္ဘာ့ရေနံစိမ်းဈေးနှုန်းများ (၄) ရက် ဆက်တိုက်နေ့ အဖြစ် မြင့်မားလာရာ နယူးယောက်ကုန်စည်ရောင်းဝယ်ရေး (NYMEX) တွင် စက်တင် ဘာလ အရောက်ပို့ရမည့် ရေနံစိမ်း (WTI Oil) သည် တစ်စည်လျှင် ၈၉.၆၉ ယန်း အထိ ရောက်ရှိမြင့်မားခဲ့ပြီး စင်္ကာပူစံတော်ချိန် နေ့ခင်း ၁၂:၅၂ နာရီတွင် ၈၉.၆၃ ဒေါ်လာဖြင့် အရောင်းအဝယ်ဖြစ်ခဲ့သည်ဟု သိရသည်။ စက်တင်ဘာလ ငွေချေရမည့် ဘရန့်အမျိုးအစား ရေနံစိမ်းမှာလည်း တစ်စည်လျှင် ၁၀၅.၇၆ ဒေါ်လာဖြင့် လန်ဒန် အခြေစိုက် ICE Futures Europe Exchange တွင် အရောင်းအဝယ်ဖြစ်ခဲ့သည်ဟု သိရသည်။
Source : Bloomberg.com
pa pa