"အာဆီယံ-ကနေဒါ လွတ်လပ်သောကုန်သွယ်မှုသဘောတူစာချုပ် ဆွေးနွေးညှိနှိုင်းမှုများအတွက် တတိယအကြိမ် ယှဉ်ပြိုင်မှုဆိုင်ရာ အာဆီယံဒေသတွင်း ညှိနှိုင်းအစည်းအဝေး" တက်ရောက်ခြင်း

Thu, 01/19/2023 - 08:48 -- competition

"အာဆီယံ-ကနေဒါ လွတ်လပ်သော ကုန်သွယ်မှုသဘောတူစာချုပ် (ASEAN-Canada Free Trade Agreement-ACAFTA) ဆွေးနွေးညှိနှိုင်းမှုများအတွက် တတိယအကြိမ် ယှဉ်ပြိုင်မှုဆိုင်ရာ အာဆီယံဒေသတွင်း ညှိနှိုင်းစည်းအဝေး" ကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။

အစည်းအဝေးတွင် ACAFTA လုပ်ငန်းကော်မတီဆိုင်ရာ အာဆီယံဥက္ကဋ္ဌ Mr. Arunan Kumaran က သဘာပတိအဖြစ်ဆောင်ရွက်ခဲ့ပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ယှဉ်ပြိုင်မှုဆိုင်ရာကိုယ်စားလှယ်များနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

ACAFTA ၏ ယှဉ်ပြိုင်မှုအခန်းတွင် အဓိကပါဝင်မည့်အချက်များကို  ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ကျင်းပပြုလုပ်မည့် ACAFTA ဆွေးနွေးညှိနှိုင်းမှုများအတွက် တတိယအကြိမ် ယှဉ်ပြိုင်မှုဆိုင်ရာ လုပ်ငန်းအဖွဲ့အဆင့် အစည်းအဝေးတွင် အပြီးသတ်နိုင်ရန်ရည်ရွယ်၍ ကြိုတင်ဆွေးနွေးညှိနှိုင်းခဲ့ကြပါသည်။

ထို့နောက် ACAFTA လုပ်ငန်းအဖွဲ့အဆင့် ညှိနှိုင်းဆွေးနွေးမှုများအတွက် လုပ်ငန်းအစီအစဉ်ကိုလည်း ညှိနှိုင်းခဲ့ကြပါသည်။