အာဆီယံယှဉ်ပြိုင်မှုဆိုင်ရာ အဖွဲ့အစည်းအကြီးအကဲများ အထူးအစည်းအဝေးသို့ မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် ဒုတိယဥက္ကဋ္ဌ တက်ရောက်ဆွေးနွေး

Wed, 06/15/2022 - 06:43 -- competition

နေပြည်တော်၊ ဇွန်လ ၁၅

              စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်၊ ဒုတိယဥက္ကဋ္ဌ ဦးသန်းမောင်သည် ၂၀၂၂ ခုနှစ်၊ ဇွန်လ ၁၅ ရက် (ဗုဒ္ဓဟူးနေ့)၊ မြန်မာစံတော်ချိန် နံနက် (၀၈:၃၀) နာရီအချိန်တွင် Virtual စနစ်ဖြင့် ကျင်းပပြုလုပ်သော အာဆီယံယှဉ်ပြိုင်မှုဆိုင်ရာ အဖွဲ့အစည်းအကြီးအကဲများ (ASEAN Heads of Competition Agencies – AHCA) အထူး အစည်းအဝေးသို့ တက်ရောက်ဆွေးနွေးပြောကြားခဲ့ပါသည်။

              အစည်းအဝေးတွင် အာဆီယံယှဉ်ပြိုင်မှုဆိုင်ရာ အဖွဲ့အစည်းအကြီးအကဲများ (AHCA) ၏ ဥက္ကဋ္ဌဖြစ်သူ ဖိလစ်ပိုင်ယှဉ်ပြိုင်မှုကော်မရှင်၊ Commissioner Mr. Johannes R Bernabe က ဦးဆောင်၍ အာဆီယံယှဉ်ပြိုင်မှုဆိုင်ရာ မူဘောင်သဘောတူစာချုပ် ရေးဆွဲရေးအတွက် လမ်းညွှန်အခြေခံမူ (Final Guiding Principle) ရေးဆွဲပြီးစီးမှုအခြေအနေအား တင်ပြခြင်း၊ ဆွေးနွေးခြင်းနှင့် အစည်းအဝေး အတည်ပြုချက်ရယူခြင်း၊ အာဆီယံယှဉ်ပြိုင်မှုဆိုင်ရာ မူဘောင်သဘောတူစာချုပ်ကို တရားဝင်စည်းနှောင်မှုရှိသည့် သဘောတူစာချုပ် (Legal Bindingness) အဖြစ် ရေးဆွဲနိုင်ရေး ဆွေးနွေးခြင်းတို့ကို ပြုလုပ်ခဲ့ပါသည်။

              ဆက်လက်၍ အစည်းအဝေးတွင် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ လမ်းညွှန်အခြေခံ မူများ (မူကြမ်း) နှင့်စပ်လျဉ်း၍ ဆက်လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအစဉ်များ (Work Plan) များကို တင်ပြဆွေးနွေးခဲ့ပါသည်။