စီမံရေးရာဌာနခွဲ၏ တာဝန်သတ်မှတ်ချက်များ

Tue, 09/13/2011 - 06:15 -- Anonymous (not verified)

စီမံရေးရာဌာနခွဲ၏ လက်အောက်တွင် ဝန်ထမ်းစီမံဌာနစုနှင့် အထွေထွေစီမံဌာနစု ဟူ၍ ဌာနစု(၂)ခုဖြင့် ဖွဲ့စည်းထားပါသည်။

           ဝန်ထမ်းစီမံဌာနစု၏ လုပ်ငန်းတာဝန်များမှာ ဖွဲ့စည်းပုံရေးဆွဲခြင်း ၊ အရာထမ်း၊ အမှုထမ်းများ ရာထူးတိုးမြှင့်ခြင်း၊ အပြစ်ပေး အရေးယူခြင်း ဝန်ထမ်းသစ်ခန့်ထားခြင်း၊ ဝန်ထမ်းများ ဝန်ကြီးဌာနပြောင်းရွှေ့ခြင်း၊ နယ်စခန်း လဲလှယ်တာဝန်ပေးအပ်ခြင်းနှင့်  ဌာနခွဲများသို့ တာဝန်ချထားခြင်း၊ ထူးခြားဖြစ်စဉ်ကိစ္စရပ်များ၊ လုပ်ငန်းခွဲများ ဖျက်သိမ်းသည့် ကိစ္စများ၊ ကနီ/ ညောင်တုန်း ငါးမွေးမြူရေး အကျိုးတူလုပ်ငန်း၏ လချုပ် နှစ်ချုပ် ကိစ္စရပ်များ ဆောင်ရွက်ခြင်း၊ ဝန်ထမ်းကတ်များ ပြုလုပ်ပေးခြင်း ၊ သာရေး/နာရေး၊ အမျိုးသမီးရေးရာ၊ မိခင်နှင့် ကလေးကိစ္စရပ်များ ဆောင်ရွက်ခြင်း၊ ပညာသင်/အထူးထောက်ပံ့ကြေးကိစ္စရပ်များ၊ ပြက္ခဒိန်၊ ပို့ကုန်/သွင်းကုန် လိုင်စင်ပုံစံရိုက်နှိပ်ရေးကိစ္စများ ၊ဝန်ထမ်များ ပင်စင်၊ ဝန်ထမ်းလုပ်သက်ဆက်စပ်ခြင်း၊ ဝန်ထမ်းများ၏ ခရီးသွားလာရေးကိစ္စ ၊ ခွင့်ကိစ္စရပ်များ၊ E-Bis၊ ဘွဲ့ထူး/ ဂုဏ်ထူးကိစ္စရပ်များ ဆောင်ရွက်ခြင်း၊ ဝန်ထမ်းများ၏ တာဝန်ထမ်းဆောင်မှုများအား မှတ်တမ်းတင်ခြင်း၊ လစာကိစ္စရပ်များ၊ အရာထမ်းများ၏ ဝင်ငွေခွန်ကိစ္စရပ်များ ဆောင်ရွက်ခြင်းတို့ဖြစ်ပါသည်။

          အထွေထွေစီမံဌာနစု၏ လုပ်ငန်းတာဝန်များမှာ ငွေစာရင်းခေါင်းစဉ်အလိုက်ဝယ်ယူဖြန့်ခွဲသည့် ပုံသေပိုင်ကိစ္စများ၊ နေပြည်တော်စည်ပင်မှ ရရှိထားသည့် ဝန်ထမ်းအိမ်ရာများအား အရာထမ်း/ အမှုထမ်းများသို့နေရာချထားခြင်း၊ အငြိမ်းစားယူမည့် ဝန်ထမ်း များ၏ မြေကွက်လျှောက်ထားမှုများ၊ အဆောက်အဦ၊ မြေပိုင်ဆိုင်မှု လွှဲပြောင်းရောင်းချမှုနှင့် ငှားရမ်းမှုများအတွက်တင်ဒါကိစ္စများ၊  အဆောက်အဦ၊ မြေများအား ဌာနအမည်ပေါက်ပိုင်ဆိုင်ရေး၊ မြေငှား ဂရမ်များ ရှိရေး ငှားရမ်းစာချုပ် ချုပ်ဆိုခြင်းနှင့် ငှားရမ်းခရရှိရေး‌ကိစ္စများ ဆောင်ရွက်ခြင်း၊ ငွေလုံးငွေရင်းနှစ်တို၊ နှစ်ရှည်စီမံကိန်းများရေးဆွဲခြင်း၊ BE,SG စာရင်းများ တင်ပြတောင်းခံခြင်းကိစ္စ များ၊  ငွေလုံးငွေရင်းရန်ပုံငွေဖြင့်ဝယ်ယူမည့်ကိစ္စများနှင့်ပတ်သက်၍ ဝန်ကြီးဌာနဝယ်/ကော်နှင့် တင်ဒါ စီစစ်ရေး ကော်မတီများသို့ တင်ပြဆောင်ရွက်ခြင်း၊ တင်ဒါအောင်မြင်သည့်ကုမ္ပဏီများ/ အရောင်းဆိုင် များနှင့် အရောင်းအဝယ်စာချုပ်များ ချုပ်ဆိုခြင်း၊ ငွေပေးချေနိုင်ရေးစီစဉ်ဆောင်ရွက်ခြင်း၊ သာမန် အသုံးစရိတ်ဖြင့် တင်ပြတောင်းခံလာသော အသုံးစရိတ်များအား လက်ခံစိစစ်၍ ငွေလုံးငွေရင်းအသုံး စရိတ်နှင့် ပေါင်းစည်းတင်ပြနိုင်ရေး ဆောင်ရွက်ခြင်း၊ ပုံသေပိုင်ပစ္စည်း အပျက်များအား မှတ်တမ်းတင် ထားရှိခြင်း၊ ထိန်းသိမ်းထားရှိခြင်း၊ ဘဏ္ဍာနှစ်ကုန်တွင် လေလံတင်ထုခွဲရောင်းချနိုင်ရေးကိစ္စများ၊ ဌာန ပိုင်အဆောက်အဦ၊ ရေ၊ မီး၊ မိလ္လာ ပြုပြင်ထိန်းသိမ်းခြင်း၊ လျှပ်စစ် မီတာ အသုံးပြုခများ၊ နယ်စခန်းရှိ IP Star အသုံးပြုခများ၊ ဌာနပိုင် စက်ပစ္စည်း ပြင်ဆင်ခြင်းများ၊ မီးဘေး လုံခြုံရေးကိစ္စရပ်များ၊ ရုံးတွင်း/ရုံးပြင်သန့်ရှင်ရေး၊ စိမ်းလန်းစိုပြေရေး၊ နေ့/ညလုံခြုံရေး ကိစ္စရပ်များ ၊ အခမ်းအနား ပြင်ဆင်ခြင်း ကိစ္စရပ်များ၊ ဌာနပိုင် မော်တော်ယာဉ်၊ စက်သုံးဆီနှင့်ပတ်သက်သည့်ကိစ္စရပ်များ၊  နယ်စခန်းများတွင် ငွေလုံးငွေရင်းနှင့် ‌ဆောင်ရွက်သည့် တည်ဆောက်ပြီး အဆောက်အဦ စစ်ဆေး ခြင်းကိစ္စရပ်များ ဆောင်ရွက်ရပါသည်။