ကျိုင်းလပ်ကုန်သွယ်ရေးစခန်း

 ကျိုင်းလပ်ကုန်သွယ်ရေးစခန်း

သမိုင်းအကျဉ်း

         ကျိုင်းလပ်ကုန်သွယ်ရေးစခန်းကို ၂၀၁၅ ခုနှစ်၊ မတ်လ (၁၅)ရက်နေ့တွင် စတင်ဖွင့်လှစ် ခဲ့ပါသည်။ One Stop Service (OSS) အဖွဲ့ဝင် ဌာနဆိုင်ရာဝန်ထမ်းကို ဌာနအလိုက် တာဝန် ချထားခဲ့ပါသည်။ OSS အဖွဲ့တွင် လုပ်ငန်းဆောင်ရွက်ရန် နည်းပါးခြင်းကြောင့်  အကောက်ခွန်ဦး စီးဌာန၊ ပြည်တွင်းအခွန်များ ဦးစီးဌာန၊ မြန့်မာ့စီးပွားရေးဘဏ်တို့သည် ဝန်ထမ်းအင်အားလျော့ပြီး တာချီလိတ် ကုန်သွယ်ရေးစခန်းတွင်ပူးတွဲ၍ ကုန်သွယ်မှုလုပ်ငန်းတာဝန်များ ထမ်းဆောင်လျှက် ရှိပါသည်။

တည်နေရာအကျယ်အဝန်း

           ကျိုင်းလပ်ကုန်သွယ်ရေးစခန်းသည် လာအိုနိုင်ငံနှင့် နယ်စပ်မြို့ဖြစ်သော ရှမ်းပြည်နယ် အရှေ့ပိုင်း၊ တာချီလိတ်ခရီုင်၊ တာချီလိတ်မြို့နယ် ကျိုင်းလပ်မြို့တွင် တည်ရှိပါသည်။ မြန်မာ-လာအို နှစ်နိုင်ငံချစ်ကြည်ရေးတံတားမှ (၁.၃)မိုင်ခန့် အကွာရှိ ကျိုင်းတုံ-တာချီလိတ် ပြည်ထောင်စုလမ်းမကြီး၏ တာလေမြို့မှ လမ်းခွဲ တာလေ-ကျိုင်းလပ် ပြည်ထောင်စု လမ်းမကြီး၏ မြောက်ဘက်လမ်းဘေးကပ် လျက်ရှိ နဂါးနှစ်ကောင် ဆရာတော်ကြီးပိုင် မြေကွက်ပေါ်တွင်  ဆရာတော်ကြီး၏ ခွင့်ပြုချက်အရ (OSS) အဖွဲ့ရုံး၊ ဝန်ထမ်းအိပ်ဆောင်၊ ကုန်စစ်စင်တို့ကို တည်ဆောက်ပြီး ယာယီစခန်း ဖွင့်လှစ်ခဲ့၍ လုပ်ငန်းများ ဆောင်ရွက်လျှက်ရှိပါသည်။ စခန်၏ ဧရိယာအကျယ်အဝန်းမှာ (၂၀၀’ x ၁၃၅’) ရှိပါသည်။ ကျိုင်းလပ် မြို့သည် တာချီလိတ်မြို့မှ (၆၅)မိုင်ခန့် တာလေမြို့မှ (၃၅)မိုင်ခန့်ကွာဝေးပါသည်။

  ကုန်သွယ်မှုလမ်းကြောင်းပြမြေပုံ                 -  

    

နယ်နိမိတ်ထိစပ်နေသည့်မြို့ရွာ

           မြန်မာနိုင်ငံနှင့် လာအိုနိုင်ငံအကြား နယ်ခြားမျဉ်းကို ၁၉၉၄ ခုနှစ်၊ ဇွန် (၁၁)ရက်နေ့တွင် ဗီယန်ရှင်းမြို့၌ နှစ်နိုင်ငံအကြား မဲခေါင်မြစ်ကို ပုံသေသတ်မှတ်ကာ နယ်နိမိတ်သဘောတူ စာချုပ် ချုပ်ဆိုခဲ့ပြီ ၄င်းသဘောတူစာချုပ်၏ အပိုင်း(၇)တွင် နယ်စပ်ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်ရန် ပါရှိခဲ့ပါသည်။ မြန်မာနိုင်ငံနှင့် လာအိုနိုင်ငံ ကုန်သွယ်ရေးသဘောတူ စာချုပ်(Trade Agreements)ကို (၈-၅-၁၉၉၅)ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ပါသည်။ နှစ်နိုင်ငံနယ်စပ်ဒေသ စီမံခန့်ခွဲမှုနှင့် ပူးပေါင်း ဆောင်ရွက်ရေး သဘောတူစာချုပ်ကို မြန်မာ-လာအို-အင်္ဂလိပ်ဘာသာများဖြင့် (၂၇-၃-၁၉၉၇)ရက် နေ့တွင် ရန်ကုန်မြို့၌ နှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးများ လက်မှတ်​ရေးထိုးခဲ့ပါသည်။ တစ်ဘက်နိုင်ငံ လာအိုနယ်စပ်မြို့ဖြစ်သည့် ကျိုင်းကုတ်မြို့နှင့် (၁၁.၆)ကီလိုမီတာခန့်ကွာဝေးပါသည်။

ဒေသနေလူမျိုး                         

           အခါ၊ ရှမ်း၊ ဗမာ   

ကုန်သွယ်မှုလမ်းကြောင်း

        ကျိုင်းလပ်ကုန်သွယ်ရေးစခန်းအနေဖြင့် တစ်ဖက်လာအိုနိုင်ငံ၊ ကျိုင်းကုတ်မြို့နှင့် ကုန်သွယ် မှုဆောင်ရွက်လျက်ရှိပြီး ကျိုင်းလပ်မြို့မှ ကျိုင်းကုတ်မြို့သည် (၁.၆)မိုင် ကွာဝေးပါသည်။ မိမိနိုင်ငံ အတွင်း တာချီလိတ်မြို့၊ ကျိုင်းတုံမြို့၊ တောင်ကြီးမြို့တို့နှင့် အဓိကကုန်သွယ်မှုဆောင်ရွက်လျက်ရှိပြီး  ကုန်သွယ်မှုလမ်းကြောင်း အကွာအဝေးများမှာ အောက်ပါအတိုင်းဖြစ်ပါသည်-

            (က) ကျိုင်းလပ်-တာချီလိတ်         -        ၆၅      မိုင်

            ( ခ ) ကျိုင်းလပ် - တာလေ           -        ၃၅      မိုင်

            ( ဂ ) တာလေ - ကျိုင်းတုံ             -        ၇၂      မိုင်

            ( ဃ)          ကျိုင်းတုံ - တောင်ကြီး         -        ၂၈၀    မိုင်

ဆက်စပ်လုပ်ကိုင်နေသောအသင်းအဖွဲ့များ

        ကျိုင်းလပ်မြို့တွင် ကုန်သည်များအသင်းနှင့် ညီနောင်အသင်းများ၊ အခြားအသင်းအဖွဲ့များ မရှိပါ။ ဒေသခံကုမ္ပဏီ Agent (၃)ဦးခန့်သာရှိပါသည်။ ကုန်သွယ်မှုလုပ်ငန်းလည်း နေ့စဉ်မရှိဘဲ ရံဖန်ရံခါမှသာ ပို့ကုန်တင်ပို့မှု အနည်းငယ်သာရှိပါသည်။

ကုန်သွယ်မှုအခြေအနေ

     ကျိုင်းလပ်ကုန်သွယ်ရေးစခန်းမှ ကုန်သွယ်မှုဆောင်ရွက်နိုင်ခြင်းမရှိသေးပါ။