တာချီလိတ်ကုန်သွယ်ရေးစခန်းမှ ယခုအပတ် (၇-၁၀-၂၀၂၃ မှ ၁၃-၁၀-၂၀၂၃) ရက်နေ့ထိ ပို့ကုန် တင်ပို့မှုအနေဖြင့် ကြက်သွန်ဖြူ(၄၈)တန်၊တန်ဖိုး(၀.၀၉၉)ဒေါ်လာသန်း၊ ကြက်သွန်နီ (၇၅) တန်၊ တန်ဖိုး (၀.၀၅၆) ဒေါ်လာသန်း၊ ရာဘာစေး(၂၀) တန်၊ တန်ဖိုး (၀.၀၁၇) ဒေါ်လာသန်း၊ကော်ဖီစေ့ (၂.၀၅) တန်၊ တန်ဖိုး (၀.၀၁၆) ဒေါ်လာသန်း ၊Maganese Dioxide(၁၂၁၂) တန်၊ တန်ဖိုး (၀.၀၉၉) ဒေါ်လာသန်း အပါအဝင် ပို့ကုန်တန်ဖိုး (၀.၃၂၂) ဒေါ်လာသန်း တင်ပို့နိုင်ခဲ့ပါသည်။ ယခုအပတ်တင်ပို့မှုတွင် ပါဝင်ခဲ့သော Maganese Dioxide (၅၁၆) တန်မှာ  တာချီလိတ် ကုန်သွယ်ရေးစခန်း၏ အဓိကပို့ကုန်များတွင် တစ်ခုအပါ အဝင်ဖြစ်ပြီး သတ္တုဈေးနှုန်း ထောက်ခံချက်ရယူပြီးမှသာ လိုင်စင်လျှောက်ထားခြင်း၊ ပို့ကုန်ကြေငြာလွှာ (ED) ဖွင့်လှစ်ခြင်းတို့ ဆောင်ရွက်၍ တစ်ဖက်ထိုင်းနိုင်ငံသို့ တင်ပို့ခြင်းဖြစ်ပါသည်။ တစ်ပတ်အတွင်းပျမ်းမျှငွေလဲနှုန်း အနေဖြင့် ကျပ်(၁) သိန်းလျှင် (၁၀၈၀) ဘတ်ဖြစ်ပေါ်ခဲ့ပါသည်။

တာချီလိတ်ကုန်သွယ်ရေးစခန်းအနေဖြင့် စက်သုံးဆီ၊ ဘိလပ်မြေနှင့် ဆောက်လုပ်ရေးသုံးပစ္စည်း များ အဓိကတင်သွင်းလျက်ရှိရာ ယခုအပတ်တွင် ဓာတ်ဆီ (၀.၂၀၄) ဒေါ်လာသန်း၊ ဒီဇယ် (၀.၃၀၇) ဒေါ်လာ သန်း၊ ဘိလပ်မြေ (၀.၂၈၈) ဒေါ်လာသန်း၊ စက်နှင့်စက်ပစ္စည်းများ (၀.၁၀၂) ဒေါ်လာသန်း၊ တွင်းထွက် (သတ္တုမှအပ) ဆောက်လုပ်ရေးပစ္စည်းများ (၀.၁၆၀) ဒေါ်လာသန်း ၊ သံနှင့်သံမဏိဆောက်လုပ်ရေး ပစ္စည်းများ (၀.၀၃၆) ဒေါ်လာသန်း ၊ ဖန်ဆောက်လုပ်ရေး ပစ္စည်းများ (၀.၀၀၃) ဒေါ်လာသန်း၊ ဝါယာကြိုး များ (၀.၀၀၂)ဒေါ်လာသန်း၊ ပလပ်စတစ် ကုန်ကြမ်းပစ္စည်းများ (၀.၀၂၇) ဒေါ်လာသန်း ၊ သုတ်ဆေး/ ပေါလစ်များ (၀.၀၀၃) ဒေါ်လာသန်း၊ သတ္တုကုန်ကြမ်းပစ္စည်းများ (၀.၀၀၂) ဒေါ်လာသန်း၊ သွပ်ပြား (၀.၀၀၃) ဒေါ်လာသန်း၊ တာယာနှင့်ကျွတ်များ (၀.၀၀၃) ဒေါ်လာသန်းအပါအဝင် သွင်းကုန်တန်ဖိုး (၁.၁၆၁) ဒေါ်လာသန်း တင်သွင်း ခဲ့ပါသည်။

မောတောင်ကုန်သွယ်ရေးစခန်းအနေဖြင့် ၂၀၂၃ ခုနှစ်၊အောက်တိုဘာလ( ၁၁ )ရက်နေ့မှ( ၁၅ ) ရက် နေ့အထိ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၃၈၄) သန်း၊ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ(၀.၀၄၈၇) သန်း၊စုစုပေါင်းကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ (၀.၄၃၂၇)သန်း ကုန်သွယ်မှုဆောင်ရွက်နိုင်ခဲ့ပါသည်။

မောတောင်ကုန်သွယ်ရေးစခန်းမှ အောက်တိုဘာလ ( ၁၁ ) ရက်နေ့မှ ( ၁၅ ) ရက်နေ့အထိ အဓိက တင်ပို့ခဲ့သော ကုန်ပစ္စည်းများမှာ ငါးမျိုးစုံ (၁၅၄.၄၇) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၂၀၀၄)သန်း၊ ရွှံ့ဂဏန်း (အရှင်) (၉.၈၅) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၃၇၄)သန်း၊ ဂျင်းခရု (အရှင်) (၂၀.၃) တန်၊ တန်ဖိုးကန် ဒေါ်လာ(၀.၀၃၀၅)သန်း၊ ဂဏန်း(အသေ) (၁၁.၄)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၁၃၅)သန်း၊ ရေခူဆားနယ်  (၃၂.၄)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၆၁၉)သန်း၊ ကျောက်ပုဇွန် (အရှင်) (၀.၇၉)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၁၅၉)သန်း၊ ငှက်ပျောသီး (၄၀)တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၁၁၈)သန်း၊ ငရုတ်သီးစိမ်း (၈.၁)တန်၊ တန်ဖိုးကန်ဒေါ်လာ(၀.၀၀၆၂)သန်း၊ တံမြက်စည်း (၃၃၀၀၀)U၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၆၄)သန်း တင်ပို့ နိုင်ခဲ့ပြီး အဓိကတင်သွင်းခဲ့သော ကုန်ပစ္စည်းများမှာ သစ်သီး (၄.၅)တန် ၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၁၂) သန်း၊ ကြွေပြား (၁၈၀၀)M2 ၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၅၈)သန်း၊ ကြွေပြားကပ်ကော်မှုန့် (၁၅)တန် ၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၀၁၁)သန်း၊ ပလတ်စတစ်ခွက် (၀.၅)တန် ၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၀၂)သန်း၊ ငါးအစာ (၁၂၀)တန် ၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၄၀၄)သန်း ဖြစ်ပါသည်။

          မောတောင်ကုန်သွယ်ရေးစခန်း အဓိကတင်ပို့လျက်ရှိသည့်   ပို့ကုန်ပစ္စည်းများ၏ (၁) တန်ဈေးနှုန်း မှာ - ငါးမျိုးစုံ (၁၂၉၇.၃၄) ဒေါ်လာနှုန်း၊ (၁၅၄.၄၇) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၂၀၀၄)သန်း၊ ရွှံ့ဂဏန်း (အရှင်) (၃၇၉၆.၉၅) ဒေါ်လာနှုန်း၊ (၉.၈၅) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၃၇၄) သန်း၊ ဂျင်းခရု (အရှင်) (၁၅၀၂.၄၆)ဒေါ်လာနှုန်း၊(၂၀.၃) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၃၀၅) သန်း၊ ဂဏန်း (အသေ) (၁၁၈၄.၂၁) ဒေါ်လာနှုန်း၊ (၁၁.၄) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၁၃၅) သန်း၊ ရေခူဆားနယ် (၁၉၁၀.၄၉) ဒေါ်လာနှုန်း၊ (၃၂.၄) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၆၁၉) သန်း၊ ကျောက်ပုစွန် (အရှင်) (၂၀၁၂၆.၅၈) ဒေါ်လာနှုန်း၊ (၀.၇၉) တန်၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၁၅၉) သန်း၊ ငှက်ပျောသီး (၂၉၅) ဒေါ်လာနှုန်း၊ (၄၀) တန်၊ တန်ဖိုး ကန်ဒေါ်လာ   (၀.၀၁၁၈)သန်း၊   ငရုတ်သီးစိမ်း (၇၆၅.၄၃) ဒေါ်လာနှုန်း၊ (၈.၁) တန်၊  တန်ဖိုး ကန်ဒေါ်လာ(၀.၀၀၆၂)သန်း၊ တံမြက်စည်း (၁)ချောင်းလျှင် (၀.၁၉၄) ဒေါ်လာနှုန်း၊(၃၃၀၀၀) U၊ တန်ဖိုး ကန်ဒေါ်လာ (၀.၀၀၆၄)သန်း ဖြစ်သည်။

မောတောင်ကုန်သွယ်ရေးစခန်း အဓိကတင်သွင်းလျက်ရှိသည့်        သွင်းကုန်ပစ္စည်းများ၏(၁) တန် ဈေးနှုန်းမှာ - သစ်သီး (၂၆၆.၆၇) ဒေါ်လာနှုန်း၊ (၄.၅) တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၀၁၂) သန်း၊ ကြွေပြား ကပ်ကော်မှုန့် (၇၃.၃၃) ဒေါ်လာနှုန်း၊ (၁၅) တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၀၁၁) သန်း၊ ပလတ်စတစ်ခွက် (၄၀၀) ဒေါ်လာနှုန်း၊ (၀.၅) တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၀၀၂) သန်း၊ ငါးအစာ (၃၃၆.၆၇) ဒေါ်လာနှုန်း၊ (၁၂၀) တန်၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၄၀၄) သန်း၊ ကြွေပြား (၁) M2 လျှင် (၃.၂၂) ဒေါ်လာနှုန်း၊ (၁၈၀၀) M2 ၊ တန်ဖိုးကန်ဒေါ်လာ (၀.၀၀၅၈) သန်း ဖြစ်ပါသည်။

          မြိတ်မှ မောတောင်သို့ ကုန်စည်သယ်ယူစရိတ်အနေဖြင့် ယာဉ် (၁) စီးလျှင် ကုန်ကျစ် (၇၀၀,၀၀၀) ကျပ်နှင့် ကုန်ပွ (၇၀၀,၀၀၀) ကျပ် ဝန်းကျင်ရှိကြောင်း သိရှိရသည်။ လက်ရှိတွင် မြိတ် - တနင်္သာရီ - မောတောင် ကုန်သွယ်မှုလမ်းကြောင်း ကောင်းမွန်လျက်ရှိပါသည်။   မောတောင်နယ်စပ်ဒေသ၌ ပို့ကုန်၊ သွင်းကုန်ဆိုင်ရာ နှစ်နိုင်ငံငွေပေးချေမှုအနေဖြင့် ဘဏ်စနစ်အသုံး ပြု၍ ကုန်သွယ်မှုပြုလုပ်ဆောင်ရွက်လျက်ရှိပြီး (၁၅-၁၀-၂၀၂၃) ရက်နေ့ ပြင်ပငွေလဲနှုန်းမှာ မြန်မာငွေကျပ် (၁) သိန်းလျှင် ဘတ် (၁၀၇၅) ၊ (၁) ဘတ်လျှင် မြန်မာငွေကျပ် (၉၃.၀၂၃) ကျပ်ခန့်ရှိပါကြောင်းနှင့် ယခင် အပတ်နှင့်နှိုင်းယှဉ်ပါက ဘတ်ဈေးအနည်းငယ်တက်ခဲ့ပါကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

မောတောင်နယ်စပ်ဒေသ၌ ပို့ကုန်၊ သွင်းကုန်ဆိုင်ရာ နှစ်နိုင်ငံငွေပေးချေမှုအနေဖြင့် ဘဏ်စနစ်အသုံး ပြု၍ ကုန်သွယ်မှုပြုလုပ်ဆောင်ရွက်လျက်ရှိပြီး (၁၅-၁၀-၂၀၂၃) ရက်နေ့ ပြင်ပငွေလဲနှုန်းမှာ မြန်မာငွေကျပ် (၁) သိန်းလျှင် ဘတ် (၁၀၇၅) ၊ (၁) ဘတ်လျှင် မြန်မာငွေကျပ် (၉၃.၀၂၃) ကျပ်ခန့်ရှိပါကြောင်းနှင့် ယခင် အပတ်နှင့်နှိုင်းယှဉ်ပါက ဘတ်ဈေးအနည်းငယ်တက်ခဲ့ပါကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

၁။      မြဝတီကုန်သွယ်ရေးဇုန်မှ တစ်ဖက်နိုင်ငံနှင့် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုများ ဆောင်ရွက်လျှက်ရှိ ရာ (၁၀-၁၀-၂၀၂၃) ရက်နေ့မှ (၁၃-၁၀-၂၀၂၃) ရက်နေ့ထိ ပို့ကုန်တင်ပို့မှုအနေဖြင့် လယ်ယာထွက်ကုန် ပစ္စည်းများဖြစ်သည့် ငရုတ်၊ ဂေါ်ဖီ၊ ကြက်သွန်နီ၊ သခွားစေ့၊ တွင်းထွက်ပစ္စည်းများဖြစ်သည့် ခဲ/သတ္တုများ၊ ရေထွက်ပစ္စည်းများဖြစ်သည့် ငါးကြင်းဆီဖောင်းနှင့် CMP ပစ္စည်းများကို တင်ပို့ခဲ့ပါသည်။ 

၂။       (၁၀-၁၀-၂၀၂၃) ရက်နေ့မှ (၁၃-၁၀-၂၀၂၃) ရက်နေ့ထိ အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများ မှာ ငရုတ်၊ ကြက်သွန်နီနှင့် CMP ပစ္စည်းများဖြစ်ပါသည်။

၃။      ယခုအခါ ထိုင်းနိုင်ငံမှ စားသောက်ကုန်လုပ်ငန်းများ တွင်ကျယ်စွာ ဆောင်ရွက်လာမှုနှင့်အတူ အသုံးပြုရန် လိုအပ်ချက်ကြောင့် စားသောက်ကုန်ပစ္စည်းကုန်ကြမ်း ဝယ်လိုအားမြှင့်တက်နေ၍ လတ်တလော ကာလများတွင် ပိုမိုတင်ပို့နိုင်ခဲ့ပါသည်။

၄။      ပုပ်သိုးပျက်စီးလွယ်သည့် ရေထွက်ကုန်ပစ္စည်းများ၊ ကုန်စိမ်းပို့ကုန်များဖြစ်သည့် ကြက်သွန်နီနှင့် ငရုတ်များကို လွယ်ကူလျင်မြန်စွာ တင်ပို့နိုင်ရေးအတွက် လို်င်စင်ထုတ်ပေးခြင်း၊ ကုန်ပစ္စည်းစစ်ဆေးမှု များတွင် ဦးစားပေး ဆောင်ရွက်ပေးလျက်ရှိပါသည်။

၅။      (၁၀-၁၀-၂၀၂၃) ရက်နေ့မှ (၁၃-၁၀-၂၀၂၃) ရက်နေ့ထိ သွင်းကုန်ပစ္စည်းတင်သွင်းမှုအနေဖြင့် တိရစ္ဆာန် အစာ၊ စက်ဘီး၊ အဝတ်အထည်၊ စာရေးကိရိယာ၊ ကားအပိုပစ္စည်း၊ ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများနှင့် ယာဉ်ယန္တရားများ၊ ဆိုင်ကယ်အပိုပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ စားသောက်ကုန်၊ အလှကုန် ပစ္စည်း၊ CMP ၊ ဆေးဝါးများ၊ ဖိနပ်၊ သစ်သီးမျိုးစုံ၊ အိမ်သုံးပစ္စည်း၊ ဓာတ်မြေဩဇာ၊ အိမ်သုတ်ဆေး၊ လူသုံး ကုန်ပစ္စည်း၊ စက်ရုံသုံးပစ္စည်း၊ စက်နှင့် စက်ပစ္စည်းကိရိယာများ၊ ငါးဖမ်းပစ္စည်းတို့ကို တင်သွင်းခဲ့ပါသည်။

၆။      (၁၀-၁၀-၂၀၂၃) ရက်နေ့မှ (၁၃-၁၀-၂၀၂၃)ရက်နေ့ထိ အများဆုံးတင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်း များမှာ  အဝတ်အထည်၊ CMP ၊ စားသောက်ကုန်ပစ္စည်း၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း၊ စက်နှင့် စက်အပိုပစ္စည်းများ၊ သစ်သီးမျိုးစုံနှင့် လူသုံးကုန်ပစ္စည်းတို့ ဖြစ်ပါသည်။

၇။      ပြင်ပငွေလဲနှုန်းအနေဖြင့် ယခင်အပတ်က တစ်ဘတ်လျှင် (၉၁.၇၄)ကျပ် ရှိပြီး ယခုအပတ်တွင် (၉၂.၅၉) ကျပ် ဖြစ်ပါသဖြင့်  ဘတ်စျေးအနည်းငယ် မြင့်တက်ခဲ့ပါသည်။

၈။      (၇-၁၀-၂၀၂၃ မှ ၁၃-၁၀-၂၀၂၃) ရက်နေ့ထိ အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာ ကြက်သွန်နီ (၁)တန်လျှင်(၆၄၁.၅၅၉) ဒေါ်လာဖြင့် (၁၆၃၁.၉၆၀)တန် (၁.၀၄၇) ဒေါ်လာသန်း၊ ချုပ်ပြီးအထည် (၅၈၅၅၉) U၊ (၁၁.၄၃၈) တန် (၀.၈၈၅)‌ဒေါ်လာသန်း၊ ငရုတ်သီး(ခြောက်) (၁)တန်လျှင် (၁၆၃၅.၀၀၆) ဒေါ်လာဖြင့် (၃၃၆.၃၉၀)တန် (၀.၅၅၀) ဒေါ်လာသန်း၊ ငရုတ်သီး(စိမ်း)(အစို) (၁) တန်လျှင် (၄၀၀.၃၅၃) ဒေါ်လာဖြင့်

 (၆၇၆.၉၀၂)တန် (၀.၂၇၁)ဒေါ်လာသန်း၊ သတ္တုနှင့်သတ္တုရိုင်းများ (၁) တန်လျှင် (၁၃၃၅.၃၆၅) ဒေါ်လာဖြင့် (၁၆၄) တန် (၀.၂၁၉) ဒေါ်လာသန်း၊ နှမ်းဖြူ (၁) တန်လျှင် (၂၁၀၄.၁၆၆) ဒေါ်လာဖြင့် (၉၆) တန် (၀.၂၀၂) ဒေါ်လာသန်း၊ ဂေါ်ဖီထုပ် (၁)တန်လျှင် (၂၀၀.၆၄၇) ဒေါ်လာဖြင့် (၇၇၂.၅၀၀) တန် (၀.၁၅၅) ဒေါ်လာသန်း၊ ကွမ်းသီး (၁) တန်လျှင် (၁၅၂၇.၇၇၇) ဒေါ်လာဖြင့် (၇၂) တန် (၀.၁၁၀) ဒေါ်လာသန်း၊ အခြားရေထွက်ပစ္စည်း  (၁) တန်လျှင် (၃၄၃၇.၅၀၀) ဒေါ်လာဖြင့် (၁၂.၈၀၀) တန် (၀.၀၄၄) ဒေါ်လာသန်း၊ ချင်းခြောက် (၁) တန်လျှင် (၉၉၅.၀၂၅) ဒေါ်လာဖြင့် (၁၄.၀၇၀) တန် (၀.၀၁၄) ဒေါ်လာသန်းတို့ဖြစ် ပါသည်။

၉။      (၇-၁၀-၂၀၂၃ မှ ၁၃-၁၀-၂၀၂၃) ရက်နေ့ထိ အများဆုံးတင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်း (၁၀)မျိုးမှာ ပလတ်စတစ်ကုန်ကြမ်းပစ္စည်းများ (၁.၅၇၇) ဒေါ်လာသန်း၊ တွင်းထွက် (သတ္တုမှအပ) ဆောက်လုပ်ရေးပစ္စည်းများ (၁.၀၁၅) ဒေါ်လာသန်း၊ သံနှင့်သံမဏိဆောက်လုပ်ရေးပစ္စည်းများ (၀.၉၅၂) ဒေါ်လာသန်း၊ ပုံနှိပ်စက္ကူများ(၀.၉၂၅)ဒေါ်လာသန်း၊ အခြားစက္ကူများ (၀.၆၇၀) ဒေါ်လာသန်း၊ အလှကုန် ပစ္စည်းမျိုးစုံ (၀.၆၄၀) ဒေါ်လာသန်း၊ ဝါယာကြိုးများ (၀.၅၈၉) ဒေါ်လာသန်း၊ စက်နှင့် စက်ပစ္စည်းများ (၀.၅၆၂) ဒေါ်လာသန်း၊ သံနှင့်သံမဏိပစ္စည်းများ (၀.၅၄၉) ဒေါ်လာသန်းနှင့် မော်တော်ယာဉ်နှင့် မော်တော် ယာဉ်ပစ္စည်းများ (၀.၃၉၆) ဒေါ်လာသန်းတို့ ဖြစ်ပါသည်။

၁၀။    မြဝတီကုန်သွယ်ရေးဇုန်အနေဖြင့် ၂၀၂၃  ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှ ၁၃ ရက်နေ့အထိ အမှန် ဆောင်ရွက်နိုင်မှုမှာ ပို့ကုန် (၈.၈၉၇) ကန်ဒေါ်လာသန်း၊ သွင်းကုန် (၃၀.၈၄၅) ကန်ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ (၃၉.၇၄၂ ) ကန်ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့ပါသည်။

၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်၊ အောက်တိုဘာလ လျာထားချက်မှာ ပို့ကုန် (၁.၅၀၀) ဒေါ်လာသန်း၊ သွင်းကုန် (၀.၀၃၀) ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ (၁.၅၃၀) ဒေါ်လာသန်းဖြစ်ပြီးအောက်တိုဘာလ (၁-၁၀-၂၀၂၃မှ၁၅-၁၀-၂၀၂၃ထိ) အမှန်ဆောင်ရွက်နိုင်မှုမှာပို့ကုန် (၀.၁၂၂)ဒေါ်လာသန်း၊ သွင်းကုန်(-) ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ(၀.၁၂၂) ဒေါ်လာသန်းဆောင်ရွက်နိုင်ခဲ့ပြီး လျာထားချက်အပေါ် (၇.၉၇%) ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်ပါတယ်။

              မောင်တောကုန်သွယ်ရေးစခန်းမှ တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ လယ်ယာထွက်ကုန်ပစ္စည်း များ၊ ရေထွက်ကုန်ပစ္စည်းများနှင့်စက်မှုကုန်ချောပစ္စည်းများကို အဓိကတင်ပို့လျက်ရှိပါတယ်။ အောက်တို ဘာလ (၁-၁၀-၂၀၂၃မှ၁၅-၁၀-၂၀၂၃ထိ) တင်ပို့ခဲ့သည့်ကုန်ပစ္စည်းများမှာ လယ်ယာထွက်ကုန်ပစ္စည်းမှာ ကွမ်းသီး (၁၇.၂)တန်၊တန်ဖိုး(၀.၀၁၃)ဒေါ်လာသန်း၊ ဒညင်းသီး (၃၆) တန်၊ တန်ဖိုး (၀.၀၁၁)ဒေါ်လာသန်း၊ ထန်းလျက် (၁)တန်၊ တန်ဖိုး (၀.၀၀၁) ဒေါ်လာသန်း၊ နနွင်းတက် (၄) တန်၊ တန်ဖိုး (၀.၀၀၂) ဒေါ်လာသန်း၊ ဂျင်း(အစို) (၂၈) တန်၊ တန်ဖိုး (၀.၀၀၆) ဒေါ်လာသန်း၊ ရေထွက်ပစ္စည်းမှာ ငါးမြစ်ချင်း (၃၇.၂)တန်၊ တန်ဖိုး (၀.၀၄၈)ဒေါ်လာသန်း၊ငါးစုံလေးခြောက်(၂၄)တန်၊တန်ဖိုး (၀.၀၁၅)ဒေါ်လာသန်း၊ ငါးနီတူခြောက်(၂၁) တန်၊ တန်ဖိုး (၀.၀၁၃) ဒေါ်လာသန်း၊ ငါးခေါင်းပွ (၄.၈)တန်၊ တန်ဖိုး (၀.၀၀၆) ဒေါ်လာသန်း၊ စက်မှုကုန်ချော ပစ္စည်းများမှာဇီးယိုထုပ်(၃၁)တန်၊ တန်ဖိုး (၀.၀၀၇)ဒေါ်လာသန်း၊ ထွန်းရွှေဝါလိမ်းဆေး (၁)တန်၊ တန်ဖိုး (၀.၀၀၁) ဒေါ်လာသန်း၊ သနပ်ခါးခဲ(၈.၄)တန်၊ တန်ဖိုး (၀.၀၀၄)ဒေါ်လာသန်း၊ မုန့်ဖတ်ခြောက်(၁)တန်၊ တန်ဖိုး (၀.၀၀၁)ဒေါ်လာသန်း၊ အမျိုးသမီးဝတ်အင်္ကျီ (၁)တန်၊ တန်ဖိုး (၀.၀၀၁)ဒေါ်လာသန်း၊ လူကြီးစီးဖိနပ် (၅၀၀)စုံ၊ တန်ဖိုး(၀.၀၀၀) ဒေါ်လာသန်းတင်ပို့ခဲ့ပါတယ်။ သွင်းကုန်အပိုင်းတွင် အောက်တိုဘာလ (၁-၁၀-၂၀၂၃ မှ ၁၅-၁၀-၂၀၂၃)ထိ တင်သွင်းနိုင်ခဲ့ခြင်းမရှိခဲ့ပါ။

              မောင်တောကုန်သွယ်ရေးစခန်းမှ အများဆုံးတင်ပို့သည့် ပို့ကုန်ပစ္စည်းများ၏ ဈေးနှုန်းများမှာ ဒညင်းသီး(၁)တန်လျှင်(၃၀၀)ဒေါ်လာ၊ ချင်း(အစို) (၁)တန်လျှင် (၂၀၀)ဒေါ်လာ၊ ငါးမြစ်ချင်း (၁)တန် လျှင်(၁၂၆၆)ဒေါ်လာ၊ငါးနီတူခြောက်(၁)တန်လျှင် (၃၁၅၀)ဒေါ်လာ၊ ငါးစုံလေးခြောက်(၁)တန်လျှင် (၆၃၀) ဒေါ်လာ၊ဆီးယိုထုတ်(၁)တန်လျှင် (၃၃၀)ဒေါ်လာ၊ ကွမ်းသီး (၁)တန်လျှင် (၁၀၀၀)ဒေါ်လာ၊ ထွန်းရွှေဝါလိမ်း ဆေး (၁)တန်လျှင် (၅၀၀)ဒေါ်လာ၊ သနပ်ခါးခဲ(၁)တန်လျှင် (၅၀၀)ဒေါ်လာ၊  မုန့်ဖတ်ခြောက်  (၁)တန်လျှင် (၁၁၀၀)ဒေါ်လာ၊ ထန်းလျက် (၁)တန်လျှင် (၈၈၀)ဒေါ်လာ၊နနွင်းတက် (၁)တန်လျှင် (၅၆၂)  ဒေါ်လာ၊ လူကြီးစီးဖိနပ် (၁)စုံလျှင် (၂.၅၂)ဒေါ်လာဈေးနှုန်းရှိပါတယ်။               

              မောင်တောကုန်သွယ်ရေးစခန်းသို့ ကုန်ပစ္စည်းများဝင်ရောက်သည့် ကုန်သွယ်မှုလမ်းကြောင်း အနေဖြင့် စစ်တွေ-ဘူးသီးတောင်-မောင်တောလမ်းကြောင်းနှင့် စစ်တွေ-အငူမော်-မောင်တောလမ်း ကြောင်းတို့ဖြစ်ပြီး ယခုအခါ စစ်တွေ-အငူမော်-မောင်တောလမ်းကြောင်းမှ ကုန်ပစ္စည်းများ အဓိကဝင်ရောက် လျက်ရှိပြီး ကညင်ချောင်း စီးပွားရေးဇုန်မှတစ်ဆင့် တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ တက္ကနပ်သို့ တင်ပို့လျက် ရှိပါသည်။

          စစ်တွေမှ မောင်တောသို့ အတက်ကုန်ကားခ တစ်ပိဿာ ကုန်ကျစရိတ်အနေဖြင့် ကုန်ကျစ် တစ်ပိဿာကျပ် (၇၀) ကျပ်၊ ကုန်ပွတစ်ပိဿာ ကျပ် (၁၁၀) ကျပ်ဈေးရှိပြီး၊ အဆင်းကုန်ကားခ ကုန်ကျစ် တစ်ပိဿာ ကျပ် (၅၀) ကျပ်နှင့် ကုန်ပွတစ်ပိဿာ ကျပ် (၈၀) ကျပ်ဈေးရှိကြောင်း သိရှိရပါတယ်။

    မောင်တောမြို့တွင် ဖြစ်ပေါ်နေသော အခြေခံစားကုန် ဈေးနှုန်းများမှာ ပေါ်ဆန်းမွေး(၁)အိတ် (၁၁၆၀၀၀) ကျပ်၊ ဧည့်မထ (၁) အိတ် (၇၅၀၀၀) ကျပ်၊ ကြက်သွန်နီ (၁) ပိဿာ (၃၈၀၀) ကျပ်၊ ကြက်သွန်ဖြူ (၁)ပိဿာ (၈၅၀၀) ကျပ်၊ ငရုတ်သီးခြောက် (၁) ပိဿာ (၁၈၀၀၀) ကျပ်၊ ကြက်ဥ (၃) လုံး (၁၀၀၀) ကျပ်၊ စားအုန်းဆီ (၁) ပိဿာ (၁၀၅၀၀) ကျပ်။ တစ်ဖက် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အခြေခံစားကုန် ဈေးနှုန်းများမှာဆန် (အဖြူ) (၁)ကီလို (၇၅.၀၀)တာကာ၊ကြက်သွန်နီ (၁) ကီလို (၇၅.၀၀) တာကာ၊ အာလူး (၁) ကီလို (၄၅.၀၀) တာကာ၊ ခရမ်းချဉ်သီး (၁) ကီလို (၁၅၀.၀၀)တာကာ ၊ ကြက်သား (၁) ကီလို(၂၉၀.၀၀)တာကာ၊ ကြက်ဥ (၁) ဒါဇင်(၁၅၅.၀၀)တာကာ ဈေးရှိကြောင်းသိရှိရပြီး (၁၆-၁၀-၂၀၂၃) ရက်နေ့ (၁၁:၀၀) အချိန် ပြင်ပငွေလဲနှုန်းမှာ (၁) ဒေါ်လာလျှင်(၂၈၂၀) ကျပ်၊ (၁၁၇.၁၀) တာကာ၊ ၁၀၀ ကျပ်လျှင်(၄) တာကာ၊ (၁) တာကာလျှင် (၂၈.၂၀)ကျပ် ဖြစ်ပေါ်လျက်ရှိပါသည်။                             

            မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံတို့အကြား ကုန်သွယ်မှုမြှင့်တင်နိုင်ရေးအတွက် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ရှိရခိုင်ပြည်နယ်၊ စစ်တွေကုန်သွယ်ရေးစခန်းနှင့် မောင်တောကုန်သွယ်ရေးစခန်းတို့ ဖွင့်လှစ်၍ နယ်စပ်မှတစ်ဆင့် ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပါသည်။

          စစ်တွေကုန်သွယ်ရေးစခန်းမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ(၇)ရက်နေ့မှ (၁၃)ရက်နေ့အထိ အကောက်ခွန်ဦးစီးဌာန၏ အမှန်တင်ပို့/တင်သွင်းစာရင်းများအရ ပို့ကုန်အမေရိကန် ဒေါ်လာ(၀.၃၄၉၃)သန်းနှင့် သွင်းကုန်အမေရိကန်ဒေါ်လာ (၀.၀၀၂၃)သန်း၊ ကုန်သွယ်မှုပမာဏအမေရိကန် ဒေါ်လာ (၀.၃၅၁၆)သန်း ဆောင်ရွက်နိုင်မှုရှိကြောင်း သိရှိရပါသည်။

          တင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများအနေဖြင့်မန်ကျည်းစေ့(၁)တန်လျှင် အမေရိကန်ဒေါ်လာ (၁၀၀) နှုန်းဖြင့် (၃၀၇)တန်၊ တန်ဖိုး (၀.၀၃၀၇) ဒေါ်လာသန်း၊  ဆီးဖတ် (၁)တန်လျှင် အမေရိကန်ဒေါ်လာ (၁၁၅) နှုန်းဖြင့် (၈၇)တန်၊ တန်ဖိုး (၀.၀၁၀၀) ဒေါ်လာသန်း၊ အုန်းသီးခြောက် (၁) တန်လျှင် အမေရိကန်ဒေါ်လာ (၃၀၀)နှုန်းဖြင့် (၃၄)တန်၊ တန်ဖိုး (၀.၀၁၀၂) ဒေါ်လာသန်း၊ငါးမြစ်ချင်း(၁-၂) (၁) တန်လျှင် အမေရိကန် ဒေါ်လာ (၁၂၅၀)နှုန်းဖြင့် (၇၁.၇၆)တန်၊ တန်ဖိုး (၀.၀၈၉၇) ဒေါ်လာသန်း၊ငါးမြစ်ချင်း(၂-၃) (၁) တန်လျှင် အမေရိကန်ဒေါ်လာ (၁၂၈၀)နှုန်းဖြင့် (၇၀.၂၇၂)တန်၊ တန်ဖိုး (၀.၀၈၉၉) ဒေါ်လာသန်း၊ ငါးမြစ်ချင်း(၃-၅) (၁) တန်လျှင် အမေရိကန်ဒေါ်လာ (၁၃၂၀)နှုန်းဖြင့် (၄၄.၈၈)တန်၊ တန်ဖိုး (၀.၀၅၉၂) ဒေါ်လာသန်း၊ ငါးသိုင်းခေါင်းပွ(၅-၈)(၁)တန်လျှင် အမေရိကန်ဒေါ်လာ(၁၂၆၀)နှုန်းဖြင့် (၁၅.၅၀၄)တန်၊ တန်ဖိုး (၀.၀၁၉၆) ဒေါ်လာသန်းနှင့် ငါးသိုင်းခေါင်းပွ(၈ ကီလိုအထက်)(၁) တန်လျှင် အမေရိကန်ဒေါ်လာ (၁၄၀၀)နှုန်းဖြင့် (၁၁.၇၆)တန်၊ တန်ဖိုး (၀.၀၁၆၅) ဒေါ်လာသန်းနှင့်ဇီးယိုထုပ် (၁)တန်လျှင် အမေရိကန်ဒေါ်လာ (၂၅၀) နှုန်း ဖြင့် (၉၄)တန်၊ တန်ဖိုး (၀.၀၂၃၅) ဒေါ်လာသန်းတို့ကို တင်ပို့နိုင်ခဲ့ပြီးသွင်းကုန်ပစ္စည်းများအနေဖြင့် T-Shirt (၂၅၀၀) U ၊ တန်ဖိုး (၀.၀၀၂၃) ဒေါ်လာသန်းတင်သွင်းနိုင်ခဲ့ပါသည်။

          ဒေါ်လာငွေလဲနှုန်းအနေဖြင့် (၁)ဒေါ်လာလျှင် (၁၁၇.၂၀)တာကာနှင့် (၁)တာကာလျှင် (၂၈.၃၀) ကျပ် ဖြစ်ကြောင်း သိရှိရပါသည်။ကုန်ပစ္စည်းသယ်ယူစရိတ်သည် ရန်ကုန်-စစ်တွေကားခမှာ ကုန်ကျစ်(၁)ပိဿာ (၃၅၀)ကျပ်နှင့်ကုန်ပွ(၁)ပိဿာလျှင်(၄၀၀-၄၅၀)ကျပ်ရှိကြောင်းသိရှိရပါသည်။ စစ်တွေ-တက္ကနပ်ဖ် သင်္ဘော တင်ခမှာ (၁)ပိဿာလျှင် ကုန်ကျစ် (၁၁၀)ကျပ်ခန့်နှင့် ကုန်ပွ (၁၂၀)ကျပ်ခန့်ရှိကြောင်း သိရှိရပါသည်။ရန်ကုန်-စစ်တွေ ကားလမ်းမှာ မိုးရာသီ လမ်းတံတားခံနိုင်ဝန်အရ (၂၂) ဘီးကုန်ကားကြီးများ သွားလာနိုင်မှုမရှိဘဲ(၁၂)ဘီးနှင့် (၆)ဘီးယာဉ်များသာ သွားလာနိုင်ကြောင်း သိရှိရပါသည်။ မြန်မာ-ဘင်္ဂလား ဒေ့ရှ်နှစ်နိုင်ငံအကြား ရေမိုင် (၇၀)ခန့် ကွာဝေးသော်လည်း ကုန်သွယ်မှုလမ်းကြောင်း အခြေအနေမှာ မိုးရာသီကာလအတွင်း ပင်လယ်ပြင် ရာသီဥတုအခြေအနေပေါ် မူတည်၍ကုန်တင်လှေများ သွားလာလျက် ရှိပါသည်။

၂၀၂၃ခုနှစ်၊ အောက်တိုဘာလ (၇) ရက်နေ့မှ (၁၃)ရက်နေ့အတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ရွှေပေါက် ဈေးမှာ (၁) အောင်စလျှင် (2၁၃၄၃၈.၀၀) တာကာနှင့် အခြေခံစားကုန်ဈေးနှုန်းများမှာ ဆန်(အဖြူ) (၁) ကီလို (၇၅.၀၀)တာကာ၊ ကြက်သွန်နီ (၁)ကီလို (၇၅.၀၀) တာကာ၊ အာလူး (၁)ကီလို (၄၅.၀၀) တာကာ၊ ခရမ်းချဉ်သီး (၁)ကီလို (၁၅၀.၀၀) တာကာ၊ ကြက်သား (၁)ကီလို (၂၉၀.၀၀) တာကာ၊ ကြက်ဥ(၁) ဒါဇင်(၁၅၅.၀၀)တာကာ ဈေးရှိကြောင်း သိရှိရပါသည်။ အဆိုပါနေ့ရက်အတွင်း ငွေလဲနှုန်းမှာ (၁)တာကာ လျှင် (၂၈.၃၀) ကျပ်ဖြစ်ကြောင်း သိရှိရပါသည်။

          ဘင်္ဂလားဒေ့ရှ်နိုင်ငံသည်၎င်းတို့နိုင်ငံ၏ လယ်ယာလုပ်ငန်း လုပ်ကိုင်သူများအတွက် အဓိကထား ထုတ်လုပ်လျက်ရှိသည့် ဓါတ်မြေသြဇာ တင်ပို့မှုကိုတင်းကြပ်စွာ တားဆီးပိတ်ပင်လျက်ရှိကြောင်း ကုန်သည် လုပ်ငန်းရှင်များထံမှ သိရှိရပါသည်။

Pages