လွယ်ဂျယ်ကုန်သွယ်ရေးစခန်းအနေဖြင့်(၁၃-၂-၂၀၂၄)မှ (၁၇-၂-၂၀၂၄) ရက်နေ့အတွင်းကုန်သွယ်မှုဆောင်ရွက်ရာ၌ ပို့ကုန်ပိုင်းတွင်ဆန်(၇၃၃.၆၅၀)တန်၊တန်ဖိုး(၀.၃၈၃)ဒေါ်လာသန်း၊ဆန်ကွဲ(၇၃၇.၆၅၀) တန်၊ တန်ဖိုး (၀.၃၂၄) ဒေါ်လာသန်း၊ ကြက်သွန်နီ (၃၄၀.၅၀၀)တန်၊ တန်ဖိုး (၀.၁၁၂) ဒေါ်လာသန်း၊ သခွားမွှေး(၁၄၄.၀၀၀)တန်၊ တန်ဖိုး (၀.၀၃၀) ဒေါ်လာသန်း၊ နှမ်း(၂.၀၀၀)တန်၊ တန်ဖိုး    (၀.၀၀၃) ဒေါ်လာသန်း၊ ထောပတ်ပဲ(၆၇.၀၀၀)တန်၊ တန်ဖိုး (၀.၀၇၉) ဒေါ်လာသန်း၊ ထောပတ်ပဲ          (၆၇.၀၀၀)တန်၊ တန်ဖိုး (၀.၀၇၉) ဒေါ်လာသန်း၊မြေပဲဆံ(၁၉၉.၀၀၀)တန်၊ တန်ဖိုး (၀.၂၁၉) ဒေါ်လာ  သန်း၊ မြေထောက်ပဲ (၁၆၄.၅၀၀)တန်၊ တန်ဖိုး (၀.၂၀၆) ဒေါ်လာသန်း၊ဖရဲသီး(၂၄၉၁.၀၀၀)တန်၊ တန်ဖိုး (၀.၃၅၇) ဒေါ်လာသန်း၊သီဟိုဠ်စေ့(၁၆.၀၀၀)တန်၊ တန်ဖိုး (၀.၀၈၀) ဒေါ်လာသန်း၊ ကြံ(၁၁၇၀.၀၀၀ ) တန်၊ တန်ဖိုး (၀.၀၄၇) ဒေါ်လာသန်း၊တစ်သျှူးငှက်ပျော(၃၅၈၄.၀၀၀)တန်၊ တန်ဖိုး (၁.၂၉၈) ဒေါ်လာ သန်း၊ကော်ဖီမစ်(၂၇.၈၀၀)တန်၊တန်ဖိုး(၀.၀၁၉)ဒေါ်လာသန်းတင်ပို့နိုင်ခဲ့ပါသည်။

               ပို့ကုန်ပစ္စည်းဈေးနှုန်းများအနေဖြင့်ဆန် တစ်တန်လျှင် (၅၆၀) ဒေါ်လာ၊ ဆန်ကွဲ တစ်တန်လျှင်(၄၅၀)ဒေါ်လာ၊ ပြောင်းတစ်တန်လျှင် (၂၅၅) ဒေါ်လာ၊ဖရဲသီး တစ်တန်လျှင် (၁၄၅)ဒေါ်လာ၊တစ်သျှူးငှက်ပျောတစ်တန်လျှင် (၃၆၆) ဒေါ်လာ၊ ကြံတစ်တန်လျှင် (၄၀) ဒေါ်လာ၊ မြေထောက်ပဲတစ်တန်လျှင် (၁၂၅၀)ဒေါ်လာရှိ၍ သယ်ယူပို့ဆောင်ခမှာ ဗန်းမော်မှလွယ်ဂျယ်သို့ ပို့ကုန်တစ်ပိဿာလျှင် (၃၅၀)ကျပ်ရှိကြောင်းသိရှိရပါသည်။

              ယခုအပတ်အတွင်းသွင်းကုန်ပိုင်းတွင်သံ(၂၉.၅၉)တန်၊တန်ဖိုး(၀.၀၃၀)ဒေါ်လာသန်း၊ဂျပ်ဖာ(၁၈.၆၃၀)တန်၊ တန်ဖိုး(၀.၀၀၈)ဒေါ်လာသန်း၊ ကုန်စုံ(၂၆၂.၆၉၀)တန်၊(၃၂၇၁၁၄)U၊ (၁၀၀၃၀)PAIR၊တန်ဖိုး (၀.၃၆၈) ဒေါ်လာသန်း၊စက်ပစ္စည်း(၃၇.၉၀၀)တန်၊(၂၄၂)U၊ တန်ဖိုး(၀.၀၃၈)ဒေါ်လာသန်း၊ ဖော့(၃.၂၃၀)တန်၊ တန်ဖိုး(၀.၀၀၃)ဒေါ်လာသန်း၊ ထွန်စက်(၂)U၊ တန်ဖိုး(၀.၀၁၈) ဒေါ်လာသန်း၊ ပီနံအိတ်ခွံ(၁၄.၉၉၀)တန်၊တန်ဖိုး(၀.၀၁၅)ဒေါ်လာသန်း၊ဆေးပစ္စည်း(၁၅၀၁၂၀)U၊တန်ဖိုး (၀.၀၁၁)ဒေါ်လာသန်း၊ ကော်ဇောအခင်း(၁၇၀၀၀)PAIR၊ တန်ဖိုး(၀.၀၀၃) ဒေါ်လာသန်း၊ ပလပ်စတစ် (၉.၂၃၀)တန်၊ တန်ဖိုး(၀.၀၀၉)ဒေါ်လာသန်း၊ မြက်ခင်းတု(၁၆.၀၀၀)တန်၊ တန်ဖိုး(၀.၀၁၀)ဒေါ်လာသန်းတင်သွင်းနိုင်ခဲ့ပါသည်။

              သွင်းကုန်ပစ္စည်းဈေးနှုန်းများအနေဖြင့်စက္ကူလိပ် တစ်တန်လျှင် (၃၅၀) ဒေါ်လာ၊ ပီနံအိတ် တစ်တန်လျှင် (၁၀၀၀) ဒေါ်လာ၊ မြက်ခင်းတုတစ်တန်လျှင် (၆၂၅)ဒေါ်လာ၊ ဂျပ်ဖာ တစ်တန်လျှင် (၄၂၀) ဒေါ်လာ၊ ပလပ်စတစ်တစ်တန်လျှင် (၉၇၀)ဒေါ်လာရှိ၍ လွယ်ဂျယ်မှဗန်းမော်သို့သယ်ယူပို့ဆောင်ခမှာ (၁၂)ဘီးယာဉ်(၁)စီးလျှင် ကုန်ကျစ်(၁၄၀၀၀၀၀)ကျပ်၊ကုန်ပွ(၁၁၀၀၀၀၀)ကျပ်နှင့်ကုန်စုံတစ်စီးလျှင် (၁၀၀၀၀၀၀)ကျပ် ဝန်းကျင်ရှိကြောင်း သိရှိရပါသည်။

          ကုန်သွယ်မှုလမ်းကြောင်းအနေဖြင့် ရွှေဘို၊ စစ်ကိုင်းနှင့် မန္တလေးဒေသထွက် ပို့ကုန်ပစ္စည်း များအား မန္တလေး - လက်ပံလှ - ဗန်းမော် - မိုးမောက် (ကျောက်စခန်း) - စိန်လုံ - လွယ်ဂျယ် လမ်းကြောင်း၊ဗန်းမော်ဒေသထွက်ပို့ကုန်ပစ္စည်းများအားဗန်းမော် - မိုးမောက် (ကျောက်စခန်း) - စိန်လုံ - လွယ်ဂျယ် လမ်းကြောင်းအတိုင်း တင်ပို့လျက်ရှိပြီး သွင်းကုန် ပစ္စည်းများအား လွယ်ဂျယ်- စိန်လုံ-မိုးမောက်(ကျောက်စခန်း)-ဗန်းမော်လမ်းကြောင်းအတိုင်းကုန်သွယ်မှုပြုလုပ်လျက်ရှိပါသည်။

           မောတောင်ကုန်သွယ်ရေးစခန်းအနေဖြင့် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့မှ (၁၃) ရက်နေ့ထိ အထိ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ (၀.၀၇၇၁) သန်း၊ သွင်းကုန်တန်ဖိုး အမေရိကန် ဒေါ်လာ (၀.၀၀၀၄) သန်း၊ စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ (၀.၀၇၇၅) သန်း ကုန်သွယ်မှု ဆောင်ရွက် နိုင်ခဲ့ ပါသည်။

          မောတောင်ကုန်သွယ်ရေးစခန်းမှ ဖေဖော်ဝါရီလ (၁၂) ရက်နေ့ မှ (၁၃) ရက်နေ့ အထိ လယ်ယာ ထွက်ကုန်ပစ္စည်းအနေဖြင့် ကြက်သွန်နီ (၅၆) တန်၊ (၀.၀၁၆၆) ဒေါ်လာသန်း၊ ငရုတ်သီး (၃၃.၅၆၄) တန်၊ တန်ဖိုး (၀.၀၂၆၅) ဒေါ်လာသန်း၊ ရေထွက်ကုန်ပစ္စည်း အနေဖြင့် ငါးမျိုးစုံ၊ ပုစွန်၊ ကဏန်း၊ ကင်းမွန်နှင့် အခြားရေထွက်ပစ္စည်းများ (၂၇.၃၂၀) တန်၊ တန်ဖိုး (၀.၀၃၁၀) ဒေါ်လာသန်း၊  စက်မှုကုန်ချောပစ္စည်း အနေဖြင့် တံမြက်စည်း (၁၅၀၀၀) ချောင်း၊ တန်ဖိုး (၀.၀၀၃၀) ဒေါ်လာသန်း တင်ပို့နိုင်ခဲ့ပါသည်။ သွင်းကုန် တင်သွင်းမှုအနေဖြင့် သစ်သီးမျိုးစုံ (၁.၅) တန်၊ တန်ဖိုး (၀.၀၀၀၄) ဒေါ်လာသန်း တင်သွင်း ခဲ့ပါသည်။

မောတောင်ကုန်သွယ်ရေးစခန်း  အဓိကတင်ပို့လျက်ရှိသည့်  ပို့ကုန်ပစ္စည်းများ၏ (၁)တန် ဈေးနှုန်း များမှာ ငါးမျိုးစုံ (၁၁၃၄.၇) ဒေါ်လာနှုန်း၊ ပုစွန် (၄၁၂၀.၀၀) ဒေါ်လာနှုန်း၊ ကဏန်း (၂၃၅၀.၀၀) ဒေါ်လာနှုန်း၊ ကင်းမွန် (၁၆၃၆.၃၀) ဒေါ်လာနှုန်း၊ ကြက်သွန်နီ (၂၉၆၄၂၈) ဒေါ်လာနှုန်း၊ ငရုတ်သီး (၇၈၉.၅၃၆) ဒေါ်လာနှုန်း၊ တံမြက်စည်းတစ်ချောင်း လျှင် (၀.၂) ဒေါ်လာနှုန်းဖြစ်ပါသည်။

          မောတောင်ကုန်သွယ်ရေးစခန်းအဓိကတင်သွင်းလျက်ရှိသည့် သွင်းကုန်ပစ္စည်းများ၏ (၁) တန်ဈေး နှုန်းမှာ - သစ်သီး (၂၆၆.၆၆၇) ဒေါ်လာနှုန်း ဖြစ်ပါသည်။

          မြိတ်မှ မောတောင်သို့ ကုန်စည်သယ်ယူစရိတ်အနေဖြင့် ယာဉ် (၁) စီးလျှင် ကုန်ကျစ် (၇၀၀,၀၀၀) ကျပ်နှင့် ကုန်ပွ (၇၀၀,၀၀၀) ကျပ် ဝန်းကျင်ရှိကြောင်း သိရှိရသည်။ လက်ရှိတွင် မြိတ် - တနင်္သာရီ - မောတောင် ကုန်သွယ်မှုလမ်းကြောင်း ကောင်းမွန်လျက်ရှိပါသည်။

             ကော့သောင်းကုန်သွယ်ရေးစခန်းသည် တစ်ဖက်ထိုင်းနိုင်ငံသို့ ရေထွက်ပစ္စည်းများကို FOB စနစ်ဖြင့် အဓိကတင်ပို့နေသောပို့ကုန်အသာစီးရသည့် စခန်းတစ်ခုဖြစ်သည်။ အဓိကဖြစ်သည်။

             ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ၁၁ရက်နေ့မှ ဖေဖော်ဝါရီလ၁၂ရက်နေ့အထိ ပို့ကုန် တန်ချိန် (၁၉၁၁.၀၀၀)၊တန်ဖိုးအမေရိကန်ဒေါ်လာ(၁.၆၇၈)သန်းနှင့်သွင်းကုန်တန်ချိန်(၅၆.၅၁၇)၊(၅၆၄၁)U၊(၄၈၆၀)2U၊တန်ဖိုးအမေရိကန်ဒေါ်လာ(၀.၁၅၃)သန်းဖြစ်ပြီးကုန်သွယ်မှုပမာဏမှာ(၁.၈၃၁) ဒေါ်လာသန်းဖြစ်ပါသည်။

                 အများဆုံးတင်ပို့နိုင်သည့် ပို့ကုန်ပစ္စည်းများမှာငါးနီငယ်တန်ချိန်(၉၄.၈၉၀)၊တန်ဖိုးအမေရိကန်ဒေါ်လာ(၇၆၂၄၉.၅၀၀)၊(၁)တန်ဈေးနှုန်း(၈၀၃.၅၅)အမေရိကန်ဒေါ်လာ၊ ငါးပုလွေတန်ချိန်(၇၀.၂၁၀)၊တန်ဖိုးအမေရိကန်ဒေါ်လာ (၇၇၄၀၆.၉၀၀)၊ (၁)တန်ဈေးနှုန်း(၁၁၀၂.၅၀)အမေရိကန်ဒေါ်လာ၊ ပလာတူးခက်တန်ချိန် (၂၂၀.၄၀၀)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၁၇၈၅၂၃.၆၀၀)၊ (၁)တန် ဈေးနှုန်း(၈၁၀)အမေရိကန်ဒေါ်လာ၊ပလာလန်းတန်ချိန်(၂၅.၅၈၀)၊တန်ဖိုးအမေရိကန်ဒေါ်လာ(၂၈၁၃၈.၀၀၀)၊ (၁) တန်စျေးနှုန်း (၁၁၀၀) အမေရိကန်ဒေါ်လာ၊ လိုင်းဝါတန်ချိန်(၃၅.၉၆၀)၊တန်ဖိုးအမေရိကန်ဒေါ်လာ (၃၂၃၆၄.၀၀၀)၊ (၁)တန်စျေးနှုန်း (၉၀၀) အမေရိကန်ဒေါ်လာ၊ကင်းမွန်တန်ချိန် (၃၉.၈၇)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၇၅၈၉၁.၆၀၀)၊ (၁)တန် စျေးနှုန်း (၁၉၀၃.၄၇) အမေရိကန်ဒေါ်လာ၊ ကင်းမွန်လိပ်တန်ချိန် (၁၀.၉၀၀)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၂၃၁၀၀.၂၀၀)၊ (၁)တန်စျေးနှုန်း (၂၁၁၉.၂၈)အမေရိကန်ဒေါ်လာ၊ စက်ဟောက်တန်ချိန် (၁၃၉.၃၈)၊ တန်ဖိုးအမေရိကန်ဒေါ်လာ(၁၀၅၀၅၉.၂၄၀) ၊ (၁) တန်စျေးနှုန်း(၇၅၃.၇၆) အမေရိကန်ဒေါ်လာ၊ တာဝမ်တန်ချိန် (၇၀.၀၆)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၅၁၂၁၅.၄၀၀)၊ (၁)တန်စျေးနှုန်း (၇၃၁.၀၂)အမေရိကန်ဒေါ်လာ၊ ပါကင်တန်ချိန် (၁၉၆.၅၀၀)၊ တန်ဖိုးအမေရိကန်ဒေါ်လာ (၈၈၄၃၁.၇၅၀)၊ (၁)တန်စျေးနှုန်း (၄၅၀.၀၃)အမေရိကန်ဒေါ်လာတို့ဖြစ်ပါသည်။

  • ၊ဖိနပ် (၄၈၆၀)2U၊တန်ဖိုးအမေရိကန်ဒေါ်လာ(၆၁၆.၁၃၀)၊ (၁)2Uစျေးနှုန်း(၀.၁၂၇) အမေရိကန်ဒေါ်လာ၊ ကွန်ပျူတာအပိုပစ္စည်း(၄၆)U၊တန်ဖိုးအမေရိကန်ဒေါ်လာ (၄၁၂၁၆.၃၃၀)၊ (၁)Uစျေးနှုန်း(၈၉၆.၀၀၇) အမေရိကန်ဒေါ်လာ၊ဓာတုပစ္စည်း(၁၅.၅၀၀)တန်၊ တန်ဖိုး
  • ဒေါ်လာ(၃၆၁၅.၆၆၀)၊ (၁)တန်ဈေးနှုန်း(၂၃၃.၂၆၈)အမေရိကန်ဒေါ်လာ၊လူသုံးပစ္စည်း(၅.၆၁၇)တန်၊အမေရိကန်ဒေါ်လာ(၂၈၈၀.၀၆)၊ (၁)တန်စျေးနှုန်း (၅၁၂.၇၄၀) အမေရိကန်ဒေါ်လာ၊ကျောက်ချဉ်

(၃၅.၀၀)တန်၊တန်ဖိုးအမေရိကန်ဒေါ်လာ(၅၆၂၈.၈၆၀)၊(၁)တန်ဈေးနှုန်း(၁၆၀.၈၂၅) အမေရိကန်ဒေါ်လာတို့ဖြစ်ပြီးရေယာဉ်ခ(ကုန်ကျစ်) ၂၁၀၀၀ိ/ - ကျပ်ရှိကြောင်းသိရှိရပါသည်။

          မြိတ်ကုန်သွယ်ရေးစခန်းမှ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၁)ရက်နေ့ မှ (၁၂)ရက်နေ့အတွင်း အမှန်တင်ပို့မှု မရှိခဲ့ပါ။ မြိတ်ကုန်သွယ်ရေးစခန်းမှ မောတောင်ကုန်သွယ်ရေးစခန်းအထိကုန် (၁)တန်လျှင် ကားခ (ကုန်ကျစ်) ၁၀၀၀၀ဝိ/-(ကျပ်တစ်သိန်းခန့်) ရှိကြောင်းသိရှိရပြီး ကုန်သွယ်မှုလမ်းကြောင်းအနေဖြင့် မြိတ် - ထားဝယ် - ရန်ကုန် လမ်းကြောင်းကောင်းမွန်လျက်ရှိကြောင်း သိရှိရပါသည်။

 

          မြိတ်ကုန်သွယ်ရေးစခန်းမှ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၁)ရက်နေ့ မှ (၁၂)ရက်နေ့အတွင်း အမှန် တင်သွင်းမှု မရှိခဲ့ပါ။ မြိတ်ဒေသတွင် ဓာတ်ဆီ(၁) လီတာ (၂၈၄၀) ကျပ်နှင့် ဒီဇယ်ဆီ (၁) လီတာ (၂၉၃၀) ကျပ်ဖြင့် ဖြန့်ဖြူးရောင်းချလျက်ရှိကြောင်း၊ ကျပ်/ဘတ်ငွေလဲနှုန်းမှာ (၁) ဘတ်လျှင် (၉၈) ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရှိရပါသည်။

          တာချီလိတ်ကုန်သွယ်ရေးစခန်းအနေဖြင့် ထိုင်းနိုင်ငံ ၊ တရုတ်နိုင်ငံများနှင့် ကုန်သွယ်မှုလုပ်ငန်းများဆောင်ရွက်လျက်ရှိရာ ၂၀၂၄ ခုနှစ် (ဖေဖော်ဝါရီလ၁ ရက်နေ့မှ ၁၂ရက်ထိ) ပို့ကုန် ကန်ဒေါ်လာ (၂.၁၈၇) သန်း၊ သွင်းကုန် ကန်ဒေါ်လာ (၂.၈၂၇) သန်း၊ ကုန်သွယ်မှုပမာဏကန်ဒေါ်လာ(၅.၀၁၄) သန်းဆောင်ရွက်နိုင်ခဲ့ပါသည်။ (၁၂-၂-၂၀၂၄) ရက်တွင် ပို့ကုန်တင်ပို့မှုအနေဖြင့် ပြောင်း(၁၃၄၄.၅၀၀) တန်၊တန်ဖိုး(၀.၃၁၁) ဒေါ်လာသန်း၊ထောပတ်သီး (၁၀၅.၀၀၀) တန်၊ တန်ဖိုး (၀.၀၅၈) ဒေါ်လာသန်း၊ကြက်သွန်နီ (၈၂.၀၀၀)တန်၊ တန်ဖိုး (၀.၀၀၅) ဒေါ်လာသန်း၊ လိမ္မော်သီး (၆၆.၀၀၀) တန်၊ တန်ဖိုး (၀.၀၁၀) ဒေါ်လာသန်း၊ငရုတ်သီးခြောက် (၈.၀၀၀) တန်၊ တန်ဖိုး (၀.၀၁၂) ဒေါ်လာသန်းနှင့်စက္ကူဖြတ်စ(၂၄.၀၀၀) တန်၊ တန်ဖိုး (၀.၀၀၃) ဒေါ်လာသန်း၊ စုစုပေါင်း (၀.၃၉၉) ဒေါ်လာသန်းတင်ပို့နိုင်ခဲ့ပါသည်။ထိုင်းနိုင်ငံသုံးဘတ်ငွေလဲနှုန်းအနေဖြင့် (၁၂-၂-၂၀၂၄) ရက်နေ့တွင် ကျပ်(၁)သိန်းလျှင်(၁၀၁၀) ဘတ် ဖြစ်ပေါ်ခဲ့ပါသည်။

           တာချီလိတ်ကုန်သွယ်ရေးစခန်းမှ စက်သုံးဆီ၊ဘိလပ်မြေနှင့် ဆောက်လုပ်ရေးသုံးပစ္စည်းများအဓိကတင်သွင်းလျက်ရှိပြီး(၁၂-၂-၂၀၂၄) ရက်တွင် ဓါတ်ဆီ (၀.၁၂၈) ဒေါ်လာသန်း၊ ဒီဇယ် (၀.၀၂၉)ဒေါ်လာသန်း၊ ဘိလပ်မြေ(၀.၀၂၃) ဒေါ်လာသန်း၊ မီးခံအုတ်​(၀.၀၄၈) ဒေါ်လာသန်း၊ ဘိလပ်မြေမျက်နှာကျက်ပြား(၀.၀၁၁) ဒေါ်လာသန်း၊ ကွန်ကရစ်အမိုးပြား (၀.၀၁၅) ဒေါ်လာသန်း၊ အခြားဆောက်လုပ်ရေးပစ္စည်း (၀.၀၀၈) ဒေါ်လာသန်းနှင့် အခြားပစ္စည်း (၀.၂၁၄)ဒေါ်လာသန်းအပါအဝင် (၀.၄၇၆) ဒေါ်လာသန်းတင်သွင်းခဲ့ပါသည်။

Pages