ကံပိုင်တည်ကုန်သွယ်ရေးစခန်းမှ ၂၀၂၄ ခုနှစ်၊ မတ်လ ကုန်သွယ်မှုလျာထားချက်မှာ ပို့ကုန် (20.၀၀၀) ဒေါ်လာသန်းနှင့် သွင်းကုန် (၂.၅၀၀) ဒေါ်လာသန်းဖြင့် စုစုပေါင်း (၂2.၅၀၀) ဒေါ်လာသန်း ဖြစ်ပါသည်။

မတ်လ(၄)ရက်နေ့အထိ အမှန်ကုန်သွယ်မှုမှာ ပို့ကုန်(၅.၃၈၆) ဒေါ်လာသန်း၊ သွင်းကုန် (၀.၇၅၇) ဒေါ်လာသန်း၊ စုစုပေါင်း(၆.၁၄၂)ဒေါ်လာသန်းဖြစ်သဖြင့် ကုန်သွယ်မှုလျာထားချက်အပေါ် (၂၇.၂၉၉%) ဆောင်ရွက်နိုင်ခဲ့ပါသည်။

          မတ်လ(၄)ရက်အတွင်း ပို့ကုန် တစ်သျှူးငှက်ပျော၊ဖရဲသီး၊ ရွှေဖရုံသီး၊ငရုတ်သီး၊ မြေပဲဆံ၊ ပဲယင်း၊ မကျည်းသီး(အစေ့ပါ) နှင့် ကြက်သွန်နီိိတို့ တင်ပို့နိုင်ခဲ့ပြီး၊ သွင်းကုန် ရင်းနှီးမြှုပ်နှံမှုပစ္စည်းများ၊ လုပ်ငန်းသုံး ပစ္စည်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ ၊ လူသုံးကုန်အဝတ်အထည်များနှင့် သစ်သီးများ တင်သွင်းနိုင်ခဲ့ပါသည်။

          ကံပိုင်တည်ကုန်သွယ်ရေးစခန်း၏ ၂၀၂၄ ခုနှစ်၊မတ်လ(၃)ရက်မှ မတ်လ(၄) ရက်နေ့အထိ ပို့ကုန် ပိုင်းတွင် အဓိကပို့ကုန်ဖြစ်သည့် တစ်သျှူးငှက်ပျော ဈေးနှုန်းတစ်တန်လျှင် (၂၅၃၀) ယွမ်/(၃၄၇)ဒေါ်လာ တို့ဖြင့် တန်ချိန် (၆၂၀၀) တန်၊ တန်ဖိုး (၂.၁၅၁) ဒေါ်လာသန်း၊ ကြက်သွန်နီ တန်ချိန် (၄၁၂) တန်၊ တန်ဖိုး (၀.၁၁၅) ဒေါ်လာသန်း၊ငရုတ်သီး တန်ချိန် (၁၇၀) တန်၊ တန်ဖိုး(၀.၀၂၇)ဒေါ်လာသန်း၊ဖရဲသီး တန်ချိန် (၂၄၅)တန်၊ တန်ဖိုး (၀.၀၂၅) ဒေါ်လာသန်း၊ မြေပဲဆံ တန်ချိန် (၁၀၃) တန်၊ တန်ဖိုး (၀.၁၅၆) ဒေါ်လာသန်း၊ ပဲယင်း တန်ချိန် (၇၀) တန်၊ တန်ဖိုး (၀.၀၅၀) ဒေါ်လာသန်း၊ မကျည်းသီး(အစေ့ပါ) တန်ချိန် (၃၃.၅) တန်၊ တန်ဖိုး (၀.၀၀၈) ဒေါ်လာသန်းနှင့် ရွှေဖရုံသီး တန်ချိန် (၆၂၄) တန်၊ တန်ဖိုး(၀.၀၆၂)ဒေါ်လာသန်း တင်ပို့နိုင် ခဲ့ပါသည်။

အများဆုံးသွင်းကုန်ပစ္စည်းများမှာ သံကြိုးခွေ၊ Hollow Pipe ၊ Iron Pipe၊လိမ္မော်သီး နှင့် လူသုံး အဝတ်အထည်များဖြစ်ပြီး ရင်းနှီးပစ္စည်း တန်ချိန် (၁၅၁.၆၀) တန်၊ တန်ဖိုး (၀.၁၁၀)ဒေါ်လာသန်း၊ လုပ်ငန်းသုံးပစ္စည်း တန်ချိန် (၂၂၆.၀၀) တန်၊ တန်ဖိုး (၀.၁၅၈) ဒေါ်လာသန်း၊ လူသုံးပစ္စည်း တန်ချိန် (၄၂.၇၀) တန်၊ တန်ဖိုး (၀.၀၄၄) ဒေါ်လာသန်းတို့ တင်သွင်းနိုင်ခဲ့ပါသည်။

ကံပိုင်တည်ကုန်သွယ်ရေးစခန်း၌ အတက်အဆင်းကုန်များအတွက် အငှားယာဉ်ဖြင့် တင်ဆောင် ခြင်းမဟုတ်ဘဲ ငှက်ပျောတင်ယာဉ်နှင့် သွင်းကုန်ပစ္စည်းများအတွက် ကုန်ပစ္စည်းတင် ယာဉ်များသည် သက်ဆိုင်ရာ ကုမ္ပဏီပိုင် ယာဉ်များဖြင့်သာ တင်ပို့တင်သွင်းခြင်းဖြစ်ပါသည်။

          ကံပိုင်တည်-ဝိုင်းမော်-မြစ်ကြီးနား ကုန်သွယ်မှုလမ်းကြောင်း၌ တောင်ပြိုခြင်း၊ လမ်းပိတ်ဆို့ခြင်း များမရှိဘဲ ကုန်တင်ယာဉ်များ ပုံမှန်သွားလာလျက်ရှိပါသည်။

            လွယ်ဂျယ်ကုန်သွယ်ရေးစခန်းအနေဖြင့် (၃-၃-၂၀၂၄)မှ (၄-၃-၂၀၂၄) ရက်နေ့အတွင်း ကုန်သွယ်မှု ဆောင်ရွက်ရာ၌ ပို့ကုန်ပိုင်းတွင် ဆန်(၃၅.၀၀၀)တန်၊ တန်ဖိုး(၀.၀၂၁)ဒေါ်လာသန်း၊ သခွားမွှေး (၄၆၇.၀၀၀)တန်၊ တန်ဖိုး (၀.၀၉၇)ဒေါ်လာသန်း၊ ဖရုံသီး(၅၁.၀၀၀)တန်၊ တန်ဖိုး (၀.၀၀၅)ဒေါ်လာသန်း၊ ငရုတ်သီးခြောက်(၁၆.၀၀၀)တန်၊ တန်ဖိုး(၀.၀၂၄)ဒေါ်လာသန်း၊ မြေထောက်ပဲ (၆၀၀.၅၀၀)တန်၊ တန်ဖိုး (၀.၈၂၀) ဒေါ်လာသန်း၊ ဖရဲသီး (၂၆၃.၀၀၀)တန်၊ တန်ဖိုး (၀.၀၃၈)ဒေါ်လာသန်း၊ ကြံ (၁၆၅.၀၀၀)တန်၊ တန်ဖိုး (၀.၀၀၇) ဒေါ်လာသန်း၊ တစ်သျှူးငှက်ပျော (၁၇၆၀.၀၀၀)တန်၊ တန်ဖိုး (၀.၆၃၆) ဒေါ်လာသန်း၊ ပဲနို့+အချိုရည် (၂၀၅၅၃) လီတာ၊ တန်ဖိုး (၀.၀၁၆) ဒေါ်လာသန်း၊ ပြောင်း (၄.၀၀၀)တန်၊ တန်ဖိုး (၀.၀၀၁)ဒေါ်လာသန်း၊ ခဲစက္ကူ (၁၆.၀၀၀)တန်၊ တန်ဖိုး (၀.၀၀၄) ဒေါ်လာသန်း တင်ပို့နိုင်ခဲ့ပါသည်။

          ပို့ကုန်ပစ္စည်းဈေးနှုန်းများ အနေဖြင့် ဆန်တစ်တန်လျှင် (၅၆၀)ဒေါ်လာ၊ ဆန်ကွဲ တစ်တန်လျှင် (၄၅၀)ဒေါ်လာ၊ ပြောင်းတစ်တန်လျှင် (၂၅၅) ဒေါ်လာ၊ ဖရဲသီး တစ်တန်လျှင် (၁၄၅)ဒေါ်လာ၊ တစ်သျှူး ငှက်ပျောတစ်တန်လျှင် (၃၆၆) ဒေါ်လာ၊ ကြံတစ်တန်လျှင် (၄၀) ဒေါ်လာ၊ မြေထောက်ပဲတစ်တန်လျှင် (၁၂၅၀)ဒေါ်လာရှိ၍ သယ်ယူပို့ဆောင်ခမှာ ဗန်းမော်မှလွယ်ဂျယ်သို့ ပို့ကုန်တစ်ပိဿာလျှင် (၃၅၀)ကျပ် ရှိကြောင်း သိရှိရပါသည်။

          ယခုအပတ်အတွင်း သွင်းကုန်ပိုင်းတွင် သံ(၁၂.၀၀၀)တန်၊ တန်ဖိုး(၀.၀၀၈)ဒေါ်လာသန်း၊ ဂျပ်ဖာ (၆၁.၅၀)တန်၊ တန်ဖိုး (၀.၀၂၄)ဒေါ်လာသန်း၊ ကုန်စုံ(၃၅၈.၁၀၀)တန်၊ (၄၆၇၇၈)U၊ (၂၁၃၅၀)PAIR ၊ တန်ဖိုး (၀.၃၂၈)ဒေါ်လာသန်း၊ ဖော့(၂.၀၀၀)တန်၊ တန်ဖိုး (၀.၀၀၁)ဒေါ်လာသန်း၊၊ ကားသစ် Prime Mover Head (Only) (၁၀) U၊ တန်ဖိုး(၀.၂၉၇)ဒေါ်လာသန်း၊ ဆေးပစ္စည်း (၆၇၅၂၀၀)U၊ တန်ဖိုး (၀.၁၂၁)ဒေါ်လာသန်း၊ စတီးဇလုံ+စတီးချိုင့် (၁၅.၂၀၀)တန်၊ တန်ဖိုး (၀.၀၂၈)ဒေါ်လာသန်း၊ မြက်ခင်းတု (၈.၀၀၀)တန်၊ တန်ဖိုး (၀.၀၀၆) ဒေါ်လာသန်း တင်သွင်းနိုင်ခဲ့ပါသည်။

          သွင်းကုန်ပစ္စည်းဈေးနှုန်းများ အနေဖြင့် စက္ကူလိပ် တစ်တန်လျှင် (၃၅၀) ဒေါ်လာ၊ ပီနံအိတ် တစ်တန်လျှင် (၁၀၀၀) ဒေါ်လာ၊ မြက်ခင်းတုတစ်တန်လျှင် (၆၂၅)ဒေါ်လာ၊ ဂျပ်ဖာ တစ်တန်လျှင် (၄၂၀) ဒေါ်လာ၊ ပလပ်စတစ်တစ်တန်လျှင် (၉၇၀)ဒေါ်လာရှိ၍ လွယ်ဂျယ်မှ ဗန်းမော်သို့ သယ်ယူပို့ဆောင်ခမှာ (၁၂)ဘီးယာဉ်(၁)စီးလျှင် ကုန်ကျစ်(၁၄၀၀၀၀၀)ကျပ်၊ ကုန်ပွ(၁၁၀၀၀၀၀)ကျပ်နှင့် ကုန်စုံတစ်စီးလျှင် (၁၀၀၀၀၀၀)ကျပ် ဝန်းကျင်ရှိကြောင်း သိရှိရပါသည်။ ယခုအပတ်တွင် အကောက်ခွန်ရန်ကုန်  ID ဖြင့် Prime Mover Head (Only) လုပ်ငန်းသုံးယာဉ်(၁၀)စီး၊ အဖွဲ့စုံဖြင့် စစ်ဆေးပြီးတင်သွင်းခဲ့ပါသည်။

          ကုန်သွယ်မှုလမ်းကြောင်းအနေဖြင့် ရွှေဘို၊ စစ်ကိုင်းနှင့် မန္တလေးဒေသထွက် ပို့ကုန်ပစ္စည်းများ အား မန္တလေး - လက်ပံလှ - ဗန်းမော် - မိုးမောက်(ကျောက်စခန်း) - စိန်လုံ - လွယ်ဂျယ် လမ်းကြောင်း၊ ဗန်းမော်ဒေသထွက် ပို့ကုန်ပစ္စည်းများအား ဗန်းမော် - မိုးမောက် (ကျောက်စခန်း) - စိန်လုံ - လွယ်ဂျယ် လမ်းကြောင်းအတိုင်း တင်ပို့လျက်ရှိပြီး သွင်းကုန် ပစ္စည်းများအား လွယ်ဂျယ်- စိန်လုံ-မိုးမောက် (ကျောက်စခန်း)-ဗန်းမော်လမ်းကြောင်းအတိုင်း ကုန်သွယ်မှုပြုလုပ်လျက်ရှိပါသည်။

          လွယ်ဂျယ်နယ်စပ်ဒေသ ငွေကြေးဈေးကွက်အနေဖြင့် ၂-၃-၂၀၂၄ရက်နေ့ (၁)ယွမ်လျှင် (၄၇၅)ကျပ် ဖြစ်ခဲ့ပြီး ၄-၃-၂၀၂၄ရက်နေ့ (၁)ယွမ်လျှင် (၄၈၀)ကျပ်ဖြစ်၍ ယွမ်ဈေးတက်ခဲ့ကြောင်း သိရှိရပါသည်။

   မြဝတီကုန်သွယ်ရေးဇုန်မှ ထိုင်းနိုင်ငံသို့တင်ပို့နေသည့် ပို့ကုန်ပစ္စည်းများမှာ ၄-၃-၂၀၂၄ ရက်နေ့တွင် ကြက်သွန်နီ ၁၂၆၂.၁၆၀ တန်၊ ငရုတ်(အခြောက်) ၂၀၄.၉၆၄ တန်၊ ချုပ်ပြီးအဝတ်အထည် (CMP) ၂၄၁၄၄ တန်၊ ပီလောပီနံ(အခြောက်) ၇၀၂ တန်၊ ငရုတ်(အစို) ၉၁.၁၅ တန်နှင့် ပလပ်စတစ်ဖြတ်စ ၁၇ တန်တို့ဖြစ်ပါသည်။

   ၄-၃-၂၀၂၄ ရက်နေ့ အများဆုံးတင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်းများမှာ ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်း၊ ပလပ်စတစ်ကုန်ကြမ်းများ၊ ပရိဘောဂပစ္စည်းများ၊ စက်မှုကုန်ကြမ်းပစ္စည်းများ၊ ဘတ္ထရီပစ္စည်းများ၊ စက်နှင့်စက်အပိုပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ အခြားစက္ကူများ၊ လျှပ်စစ်ပစ္စည်းများ၊ လျှပ်စစ်ဓာတ်ဖြန့်ဖြူးရေးနှင့် တပ်ဆင်ရေးပစ္စည်းများတို့ဖြစ်ကြောင်း သိရှိရ သည်။

DOT (မြဝတီ)

          ကံပိုင်တည်ကုန်သွယ်ရေးစခန်းမှ ၂၀၂၄ခုနှစ်၊ မတ်လကုန်သွယ်မှုလျာထားချက်မှာပို့ကုန် (20.၀၀၀) ဒေါ်လာသန်းနှင့် သွင်းကုန် (၂.၅၀၀) ဒေါ်လာသန်းဖြင့် စုစုပေါင်း (၂2.၅၀၀) ဒေါ်လာသန်းဖြစ်ပါသည်။

မတ်လ(၂) ရက်နေ့အထိအမှန်ကုန်သွယ်မှုမှာပို့ကုန်(2.740) ဒေါ်လာသန်း၊ သွင်းကုန်(0.261)ဒေါ်လာသန်း၊စုစုပေါင်း(3.002)ဒေါ်လာသန်းဖြစ်သဖြင့် ကုန်သွယ်မှုလျာထားချက်အပေါ် (၁3.341%) ဆောင်ရွက်နိုင်ခဲ့ပါသည်။

          မတ်လ(2)ရက်အတွင်းပို့ကုန်အမယ်များအနေဖြင့် တစ်သျှူးငှက်ပျော၊ဖရဲသီး၊ ရွှေဖရုံသီး၊ငရုတ်သီးနှင့် ကြက်သွန်နီိိတို့ တင်ပို့နိုင်ခဲ့ပြီး၊ သွင်းကုန်အမယ်များအနေဖြင့် ရင်းနှီးမြှုပ်နှံမှုပစ္စည်းများ၊လုပ်ငန်းသုံးပစ္စည်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်အဝတ်အထည်များနှင့် သစ်သီးများတင်သွင်းနိုင်ခဲ့ပါသည်။

          ကံပိုင်တည်ကုန်သွယ်ရေးစခန်း၏ ၂၀၂၄ခုနှစ်၊ဖေဖော်ဝါရီလ(၂7)ရက်မှ မတ်လ(၂) ရက်နေ့အထိပို့ကုန်ပိုင်းတွင် အဓိကပို့ကုန်ဖြစ်သည့် တစ်သျှူးငှက်ပျောတင်ပို့မှုအနေဖြင့် ဈေးနှုန်းတစ်တန်လျှင် (၂၅၃၀)ယွမ်/ (၃၄၇)ဒေါ်လာတို့ဖြင့် တန်ချိန် (15000)တန်၊ တန်ဖိုး(5.201) ဒေါ်လာသန်း၊ကြက်သွန်နီတင်ပို့မှုအနေဖြင့် တန်ချိန် (273) တန်၊ တန်ဖိုး(၀.081) ဒေါ်လာသန်း၊ငရုတ်သီးတင်ပို့မှုအနေဖြင့် တန်ချိန် (170)တန်၊ တန်ဖိုး(0.084)ဒေါ်လာသန်း၊ဖရဲသီးတန်ချိန် (200) တန်၊ တန်ဖိုး (၀.၀18) ဒေါ်လာသန်းနှင့်ရွှေဖရုံသီးတင်ပိုမှုအနေဖြင့် တန်ချိန် (539) တန်၊ တန်ဖိုး(၀.054)ဒေါ်လာသန်းတင်ပို့နိုင်ခဲ့ပါသည်။

အများဆုံးသွင်းကုန်ပစ္စည်းများမှာသံကြိုးခွေ၊ Hollow Pipe ၊ Iron Pipe၊လိမ္မော်သီးနှင့် လူသုံးအဝတ်အထည်များဖြစ်ပြီးရင်းနှီးပစ္စည်းတန်ချိန် (119.10)တန်၊ တန်ဖိုး(၀.၀88)ဒေါ်လာသန်း၊လုပ်ငန်းသုံးပစ္စည်းတန်ချိန် (463.30) တန်၊ တန်ဖိုး (၀.378) ဒေါ်လာသန်း၊ လူသုံးပစ္စည်းတန်ချိန် (178.80) တန်၊ တန်ဖိုး (၀.၀76) ဒေါ်လာသန်းတို့ တင်သွင်းနိုင်ခဲ့ပါသည်။

ကံပိုင်တည်ကုန်သွယ်ရေးစခန်း၌ အတက်အဆင်းကုန်များအတွက် အငှားယာဉ်ဖြင့် တင်ဆောင်ခြင်းမဟုတ်ဘဲငှက်ပျောတင်ယာဉ်နှင့် သွင်းကုန်ပစ္စည်းများအတွက် ကုန်ပစ္စည်းတင်ယာဉ်များသည် သက်ဆိုင်ရာကုမ္ပဏီပိုင် ယာဉ်များဖြင့်သာတင်ပို့တင်သွင်းခြင်းဖြစ်ပါသည်။

          ကံပိုင်တည်-ဝိုင်းမော်-မြစ်ကြီးနားကုန်သွယ်မှုလမ်းကြောင်း၌ တောင်ပြိုခြင်း၊ လမ်းပိတ်ဆို့ ခြင်းများမရှိဘဲကုန်တင်ယာဉ်များပုံမှန်သွားလာလျက်ရှိပါသည်။

ကော့သောင်းကုန်သွယ်ရေးစခန်းသည် တစ်ဖက်ထိုင်းနိုင်ငံသို့ ရေထွက်ပစ္စည်းများကို FOB စနစ်ဖြင့် အဓိကတင်ပို့နေသောပို့ကုန်အသာစီးရသည့် စခန်းတစ်ခုဖြစ်သည်။ အဓိကဖြစ်သည်။

             ၂၀၂၄ ခုနှစ် ဖေဖော် ဝါရီလကုန်သွယ်မှုလျာထားချက်မှာအမေရိကန်ဒေါ်လာ (၂၀ .၅၀၀) သန်းဖြစ်ပြီး (၂၉-၂-၂၀၂၄) ရက်နေ့ထိအမှန်ဆောင်ရွက်နိုင်မှုမှာ (၃၀.၂၁၉)ဒေါ်လာသန်းဆောင်ရွက်နိုင်ခဲ့သဖြင့် လျာထားချက်အပေါ် (၁၄၇ .၄၀၉ % ) ဆောင်ရွက်နိုင်ခဲ့ပါသည်။

             ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ၂၇ရက်နေ့မှ မတ်လ၂ရက်နေ့အထိ ပို့ကုန်တန်ချိန် (၄၆၇၁.၉၀၄)တန်၊တန်ဖိုးအမေရိကန်ဒေါ်လာ(၃.၇၆၁)သန်းနှင့်သွင်းကုန်တန်ချိန်(၁၅၆၄.၄၃၉)တန်၊(၁၁၀၀)U၊(၁၃၇၅၂၀)2U၊ (၂၁၀၅၃)M2၊ (၁၅၀၀) BBL၊ တန်ဖိုးအမေရိကန်ဒေါ်လာ(၁. ၄၄၆)သန်းဖြစ်ပြီးကုန်သွယ်မှုပမာဏမှာအမေရိကန်ဒေါ်လာ(၅ .၂၀၇) သန်းဖြစ်ပါသည်။

                 ပို့ကုန်ပိုင်းအနေဖြင့် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ၂၇ရက်နေ့မှ မတ်လ ၂ရက်နေ့အထိ ရေထွက်ပစ္စည်းအုပ်စုတွင် ၄၃၉၁ .၉၀၄ တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ၃ .၇၃၇ သန်းနှင့် အခြားပစ္စည်းအုပ်စုတွင် ၂၈၀ .၀၀၀တန်၊ တန်ဖိုးအမေရိကန်ဒေါ်လာ၀ .၀၂၄သန်းတင်ပို့နိုင်ခဲ့ပါသည်။ယခုတစ်ပတ်တွင် အမယ်သစ် ရှပ်ခရုတန်ချိန် (၁၂) ၊ တန်ဖိုး( ၀.၀၃၀ ) ဒေါ်လာသန်းတင်ပို့ခဲ့ပါသည်။

         သွင်းကုန်ပိုင်းအနေဖြင့်   ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ၂၇ရက်နေ့မှ မတ်လ ၂ ရက်နေ့အထိရင်းနှီးမြှုပ်နှံမှုပစ္စည်းအုပ်စုတွင်  ၆၁၆ .၀၄၉တန်၊ ၂၁၀၅၃M2၊ တန်ဖိုးအမေရိကန်ဒေါ်လာ ၀.၃၉၄သန်း၊ လုပ်ငန်းသုံးပစ္စည်းအုပ်စုတွင် ၇၁ .၀၀၀ တန်၊ ၁၅၀၀ BBL၊ ၁၁၀၀ U၊တန်ဖိုးအမေရိကန် ဒေါ်လာ ၀.၂၂၅ သန်းနှင့် လူသုံးကုန်ပစ္စည်းအုပ်စုတွင်၈၇၇ .၃၉၀တန်၊ ၁၃၇၅၂၀ 2U၊တန်ဖိုးအမေရိကန်ဒေါ်လာ ၀.၈၂၇သန်းတင်သွင်းခဲ့ပါသည်။

Pages