၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက်နေ့

               မြဝတီကုန်သွယ်ရေးဇုန်မှ တစ်ဖက်နိုင်ငံနှင့် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုများ ဆောင်ရွက် လျှက်ရှိရာ (၂၃-၂-၂၀၂၄) ရက်နေ့ ပို့ကုန်တင်ပို့မှုအနေဖြင့် လယ်ယာထွက်ကုန်ပစ္စည်းများဖြစ်သည့် မြေပဲဆံ(အခွံပါ)၊ ကြက်သွန်နီ၊ ငရုတ်သီး (ခြောက်)၊ ငရုတ်သီး(အစို)၊ နနွင်းတက်၊ ပီလောပီနံနှင့် ဖိနပ် (CMP) များတင်ပို့ခဲ့ပါသည်။ 

              (၂၃-၂-၂၀၂၄) ရက်နေ့ အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာ မြေပဲဆံ (အခွံပါ)၊ ကြက်သွန်နီ၊ ငရုတ်သီး (ခြောက်)၊ ငရုတ်သီး(အစို)၊ နနွင်းတက်၊ ပီလောပီနံနှင့် ဖိနပ်(CMP)များ ဖြစ်ပါသည်။

              ပုပ်သိုးပျက်စီးလွယ်သည့် ရေထွက်ကုန်ပစ္စည်းများ၊ ကုန်စိမ်း ပို့ကုန်များဖြစ်သည့် ကြက်သွန်နီ၊ ဂေါ်ဖီထုပ်နှင့် ငရုတ်များကို လွယ်ကူလျင်မြန်စွာ တင်ပို့နိုင်ရေးအတွက် ကုန်ပစ္စည်းစစ်ဆေးမှုများတွင် ဦးစားပေးဆောင်ရွက်ပေးလျက်ရှိပါသည်။

              ယခုအခါ ထိုင်းနိုင်ငံမှ စား​သောက်ကုန်လုပ်ငန်းများ တွင်ကျယ်စွာ ဆောင်ရွက်လာခြင်းကြောင့် စားသောက်ကုန်ပစ္စည်း ကုန်ကြမ်းဝယ်လိုအား မြင့်တက်နေ၍ လတ်တလောကာလများတွင် ပိုမိုတင်ပို့ နိုင်ခဲ့ပါသည်။

              (၂၃-၂-၂၀၂၄) ရက်နေ့ အများဆုံးတင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်းများမှာ ပလပ်စတစ်ကုန်ကြမ်း (၀.၁၆၇) ဒေါ်လာသန်း၊ သံနှင့်သံမဏိပစ္စည်းများ (၀.၁၀၆) ဒေါ်လာသန်း၊ သွပ်ပြားပစ္စည်းများ (၀.၀၉၄) ဒေါ်လာသန်း၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ (၀.၀၇၂)ဒေါ်လာသန်း ၊ ဆေးဝါးပစ္စည်းများ (၀.၀၄၄) ဒေါ်လာသန်း၊ အခြားစက္ကူများ(၀.၀၃၃)ဒေါ်လာသန်း၊ လေအေးပေးစက်(၀.၀၃၃)ဒေါ်လာသန်း၊ စားသောက်ကုန် ပစ္စည်း(၀.၀၃၂) ဒေါ်လာသန်း၊  တာယာနှင့်ကျွတ်များ (၀.၀၂၆) ဒေါ်လာသန်း နှင့် စက်မှုကုန်ကြမ်း (၀.၀၂၃) ဒေါ်လာသန်း တို့ဖြစ်ပါသည်။

              ပြင်ပငွေလဲနှုန်းအနေဖြင့် ယခင်အပတ်က တစ်ဘတ်လျှင် (၉၉.၀၀)ကျပ်ရှိပြီး ယခုအပတ် တွင် (၉၈.၅၂)ကျပ် ဖြစ်ပါသဖြင့်  ဘတ်စျေးမှာ အနည်းငယ်မြင့်တက် လျက်ရှိပါသည်။

              (၂၃-၂-၂၀၂၄) ရက်နေ့ထိ အများဆုံးတင်ပို့ခဲ့သည့် ပို့ကုန်ပစ္စည်းများမှာ မြေပဲဆံ( အခွံပါ)  (၁)တန်လျှင် (၉၆၀.၀၀)ဒေါ်လာဖြင့် (၅၀.၀၀) တန်၊ (၀.၀၄၈) ဒေါ်လာသန်း၊ ကြက်သွန်နီ ၁တန်လျှင် (၃၃၁.၅၉) ‌ဒေါ်လာ ဖြင့် (၆၆၆.၄၈)တန် (၀.၂၂၁) ဒေါ်လာသန်း ၊ ငရုတ်သီး (အခြောက်)  ၁တန်လျှင် (၁၅၈၉.၅၉) ဒေါ်လာဖြင့် (၈၈.၀၅၆) တန်လျှင်(၀.၁၄၀)ဒေါ်လာသန်း၊ ငရုတ်သီး (အစို)  ၁တန်လျှင် (၃၃၃.၀၂) ဒေါ်လာဖြင့် (၂၇.၀၂၅) တန်လျှင်(၀.၀၀၉) ဒေါ်လာသန်း၊ နနွင်းတက် (၁)တန်လျှင် (၂၀၀.၀၀) ဒေါ်လာဖြင့် (၁၀.၀၀)တန် (၀.၀၀၂)ဒေါ်လာသန်း ၊ ပီလောပီနံ (အခြောက်) (၁)တန်လျှင် (၁၅၅.၉၃) ဒေါ်လာဖြင့်(၂၉၅.၀၀)တန် (၀.၀၄၆) ဒေါ်လာသန်းနှင့် ဖိနပ်(၁)တန်လျှင် (၄.၇၆၀) ဒေါ်လာဖြင့် (၁၈၉၀.၀၀) တန် (၀.၀၀၉)ဒေါ်လာသန်း တို့ဖြစ်ပါသည်။

              မြဝတီကုန်သွယ်ရေးဇုန်အနေဖြင့် ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၂၃ ရက်နေ့ထိ အမှန်ဆောင်ရွက်နိုင်မှုမှာ ပို့ကုန် (၁၀.၄၈၅) ကန်ဒေါ်လာသန်း၊ သွင်းကုန် (၂၄.၄၄၃) ကန်ဒေါ်လာသန်း၊ ကုန်သွယ်မှုပမာဏ (၃၄.၉၂၈) ကန်ဒေါ်လာသန်း ဆောင်ရွက်နိုင်ခဲ့ပါသည်။

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက်နေ့

ကံပိုင်တည်ကုန်သွယ်ရေးစခန်းမှ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလကုန်သွယ်မှုလျာထားချက်မှာ ပို့ကုန် (၁၈.၀၀၀) ဒေါ်လာသန်းနှင့် သွင်းကုန် (၂.၅၀၀) ဒေါ်လာသန်းဖြင့် စုစုပေါင်း (၂၀.၅၀၀) ဒေါ်လာသန်း ဖြစ်ပါသည်။

              ဖေဖော်ဝါရီလ (၂၄) ရက်နေ့အထိ အမှန်ကုန်သွယ်မှုမှာ ပို့ကုန်(၂၃.၃၇၇) ဒေါ်လာသန်း၊ သွင်းကုန် (၂.၀၂၄)ဒေါ်လာသန်း၊ စုစုပေါင်း(၁၈.၉၄၇)ဒေါ်လာသန်းဖြစ်သဖြင့် ကုန်သွယ်မှုလျာထားချက် အပေါ် (၁၂၃.၉၀၈%) ဆောင်ရွက်နိုင်ခဲ့ပါသည်။

              ဖေဖော်ဝါရီလ(၂၄) ရက်အတွင်း ပို့ကုန်အမယ်များအနေဖြင့် တစ်သျှူးငှက်ပျော၊ ဆန်၊ ဖရဲသီး၊ ရွှေဖရုံသီး၊ Iron Concentrate ၊ Petrified Wood၊ မကျီးသီး(အစေ့ပါ)၊ ဆီးသီးခြောက်၊ ငရုတ်သီးနှင့် ကြက်သွန်နီိိတို့ တင်ပို့နိုင်ခဲ့ပြီး၊ သွင်းကုန်အမယ်များအနေဖြင့် ရင်းနှီးမြှုပ်နှံမှုပစ္စည်းများ၊ လုပ်ငန်းသုံး ပစ္စည်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ၊ လူသုံးကုန်အဝတ်အထည်များနှင့် သစ်သီးများ တင်သွင်းနိုင်ခဲ့ပါသည်။

ကံပိုင်တည်ကုန်သွယ်ရေးစခန်း၏ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ(၂၀)ရက်မှဖေဖော်ဝါရီလ(၂၄) ရက်နေ့ထိကုန်ပစ္စည်း အမယ်လိုက် တင်ပို့/တင်သွင်းမှုအခြေအနေ

              ကံပိုင်တည်ကုန်သွယ်ရေးစခန်း၏ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ(၂၀)ရက်မှဖေဖော်ဝါရီလ(၂၄) ရက်နေ့အထိပို့ကုန်ပိုင်းတွင် အဓိကပို့ကုန်ဖြစ်သည့် တစ်သျှူးငှက်ပျော တင်ပို့မှုအနေဖြင့် ဈေးနှုန်း တစ်တန်လျှင် (၂၅၃၀) ယွမ်/ (၃၄၇)ဒေါ်လာတို့ဖြင့် တန်ချိန် (၁၅၅၅၀) တန်၊ တန်ဖိုး (၅.၃၈၉) ဒေါ်လာ သန်း၊ Petrified Woodတင်ပို့မှုအနေဖြင့် တန်ချိန် (၈) တန်၊ တန်ဖိုး (၀.၀၃၃) ဒေါ်လာသန်း၊ကြက်သွန်နီ တင်ပို့မှုအနေဖြင့် တန်ချိန် (၇၉၄.၅) တန်၊ တန်ဖိုး (၀.၂၄၇) ဒေါ်လာသန်း၊ ငရုတ်သီး တင်ပို့မှုအနေဖြင့် တန်ချိန် (၅၃၅) တန်၊ တန်ဖိုး(၀.၂၂၇)ဒေါ်လာသန်းနှင့်ရွှေဖရုံသီး တင်ပို့မှုအနေဖြင့် တန်ချိန် (၁၁၇၁) တန်၊ တန်ဖိုး (၀.၁၃၀) ဒေါ်လာသန်းတင်ပို့နိုင်ခဲ့ပါသည်။

              အများဆုံးသွင်းကုန်ပစ္စည်းများမှာ သံကြိုးခွေ၊ Hollow Pipe ၊ Iron Pipe၊ လိမ္မော်သီး နှင့် လူသုံးအဝတ်အထည်များဖြစ်ပြီး ရင်းနှီးပစ္စည်း တန်ချိန် (၇၁.၉၄) တန်၊ တန်ဖိုး (၀.၀၇၄) ဒေါ်လာသန်း၊ လုပ်ငန်းသုံးပစ္စည်း တန်ချိန် (၂၈၇.၇၅) တန်၊ တန်ဖိုး (၀.၂၀၂) ဒေါ်လာသန်း၊ လူသုံးပစ္စည်း တန်ချိန် (၂၅၈) တန်၊ တန်ဖိုး (၀.၀၉၆) ဒေါ်လာသန်းတို့ တင်သွင်းနိုင်ခဲ့ပါသည်။

              ကံပိုင်တည်ကုန်သွယ်ရေးစခန်း၌ အတက်အဆင်းကုန်များအတွက် အငှားယာဉ်ဖြင့် တင်ဆောင် ခြင်းမဟုတ်ဘဲ ငှက်ပျောတင်ယာဉ်နှင့် သွင်းကုန်ပစ္စည်းများအတွက် ကုန်ပစ္စည်းတင်ယာဉ်များသည် သက်ဆိုင်ရာကုမ္ပဏီပိုင် ယာဉ်များဖြင့်သာ တင်ပို့တင်သွင်းခြင်းဖြစ်ပါသည်။

              ကံပိုင်တည်-ဝိုင်းမော်-မြစ်ကြီးနား ကုန်သွယ်မှုလမ်းကြောင်း၌ တောင်ပြိုခြင်း၊ လမ်းပိတ်ဆို့ ခြင်းများမရှိဘဲ ကုန်တင်ယာဉ်များ ပုံမှန်သွားလာလျက်ရှိပါသည်။

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၅ ရက်နေ့

လွယ်ဂျယ်ကုန်သွယ်ရေးစခန်းအနေဖြင့် (၂၀-၂-၂၀၂၄)မှ (၂၄-၂-၂၀၂၄) ရက်နေ့အတွင်း ကုန်သွယ်မှုဆောင်ရွက်ရာ၌ ပို့ကုန်ပိုင်းတွင် ဆန်(၅၆၃.၅၀၀)တန်၊ တန်ဖိုး(၀.၃၃၃)ဒေါ်လာသန်း၊ ဆန်ကွဲ (၃၆၄.၅၀၀) တန်၊ တန်ဖိုး (၀.၁၅၉) ဒေါ်လာသန်း၊ သခွားမွှေး(၂၃၉.၀၀၀)တန်၊ တန်ဖိုး (၀.၀၅၀) ဒေါ်လာ သန်း၊ မြေထောက်ပဲ (၂၂၆.၀၀၀)တန်၊ တန်ဖိုး (၀.၂၆၈) ဒေါ်လာသန်း၊ ဖရဲသီး (၃၂၂၂.၀၀၀)တန်၊ တန်ဖိုး (၀.၄၆၁) ဒေါ်လာသန်း၊ သီဟိုဠ်စေ့(၃၂.၀၀၀)တန်၊ တန်ဖိုး (၀.၁၅၉) ဒေါ်လာသန်း၊ ကြံ(၁၁၂၅.၀၀၀)တန်၊ တန်ဖိုး (၀.၀၄၅) ဒေါ်လာသန်း၊ တစ်သျှူးငှက်ပျော(၃၃၆၀.၀၀၀)တန်၊ တန်ဖိုး (၁.၂၁၅) ဒေါ်လာသန်း၊ ပဲယင်းဝါ (၃၁.၀၀၀)တန်၊ တန်ဖိုး (၀.၀၁၇) ဒေါ်လာသန်း၊ ပဲနို့+ကော်ဖီမစ် (၄.၉၂၀) တန်၊ (၁၅၃၇၅) လီတာ၊ တန်ဖိုး (၀.၀၂၅) ဒေါ်လာသန်း၊ ကော်ဖီမစ်(၁၆.၇၀၀)တန်၊ တန်ဖိုး (၀.၀၁၅)ဒေါ်လာသန်း တင်ပို့ နိုင်ခဲ့ပါသည်။

              ပို့ကုန်ပစ္စည်းဈေးနှုန်းများအနေဖြင့်ဆန် တစ်တန်လျှင် (၅၆၀) ဒေါ်လာ၊ ဆန်ကွဲ တစ်တန် လျှင်(၄၅၀)ဒေါ်လာ၊ ပြောင်း တစ်တန်လျှင် (၂၅၅) ဒေါ်လာ၊ ဖရဲသီး တစ်တန်လျှင် (၁၄၅)ဒေါ်လာ၊ တစ်သျှူးငှက်ပျောတစ်တန်လျှင် (၃၆၆) ဒေါ်လာ၊ ကြံတစ်တန်လျှင်(၄၀)ဒေါ်လာ၊ မြေထောက်ပဲတစ်တန် လျှင် (၁၂၅၀)ဒေါ်လာရှိ၍ သယ်ယူပို့ဆောင်ခမှာ ဗန်းမော်မှလွယ်ဂျယ်သို့ ပို့ကုန်တစ်ပိဿာလျှင် (၃၅၀) ကျပ်ရှိကြောင်းသိရှိရပါသည်။

              ယခုအပတ်အတွင်း သွင်းကုန်ပိုင်းတွင် သံ(၁၀၅.၀၀၀)တန်၊ တန်ဖိုး(၀.၀၆၉)ဒေါ်လာသန်း၊ ဂျပ်ဖာ (၁၃၂.၀၀၀)တန်၊ တန်ဖိုး(၀.၀၄၇)ဒေါ်လာသန်း၊ အိတ်အမျိုးမျိုး (၁၂.၀၀၀)တန်၊ တန်ဖိုး (၀.၀၁၀) ဒေါ်လာသန်း၊ ကုန်စုံ(၆၈၃.၂၅၀)တန်၊ (၂၀၈၃၄၂)U၊ (၃၇၁၀၀) PAIR၊ တန်ဖိုး (၀.၈၂၃)ဒေါ်လာသန်း၊ ဖော့(၁.၀၀၀)တန်၊ တန်ဖိုး(၀.၀၀၁)ဒေါ်လာသန်း၊ ချည်(၁၄.၀၀၀) တန်၊ တန်ဖိုး(၀.၀၀၉) ဒေါ်လာသန်း၊ မြက်ခင်းတု (၈.၀၀၀)တန်၊ တန်ဖိုး(၀.၀၀၅)ဒေါ်လာသန်း၊ ဆေးပစ္စည်း (၁၁၂၅၀၀)U၊ တန်ဖိုး (၀.၀၁၀) ဒေါ်လာသန်း၊ ကော်ဇောအခင်း(၁၇.၀၀၀)တန်၊ (၈၀၀၀)PAIR၊ တန်ဖိုး(၀.၀၁၁)ဒေါ်လာသန်း၊ ကြက်အူချောင်း (၂၃.၅၂၀)တန်၊ တန်ဖိုး(၀.၀၀၄)ဒေါ်လာသန်း တင်သွင်းနိုင်ခဲ့ပါသည်။

              သွင်းကုန်ပစ္စည်းဈေးနှုန်းများအနေဖြင့်စက္ကူလိပ် တစ်တန်လျှင် (၃၅၀) ဒေါ်လာ၊ ပီနံအိတ် တစ်တန်လျှင် (၁၀၀၀) ဒေါ်လာ၊ မြက်ခင်းတုတစ်တန်လျှင် (၆၂၅)ဒေါ်လာ၊ ဂျပ်ဖာ တစ်တန်လျှင် (၄၂၀) ဒေါ်လာ၊ ပလပ်စတစ်တစ်တန်လျှင် (၉၇၀)ဒေါ်လာရှိ၍ လွယ်ဂျယ်မှဗန်းမော်သို့သယ်ယူပို့ဆောင်ခမှာ (၁၂)ဘီးယာဉ်(၁)စီးလျှင် ကုန်ကျစ် (၁၄၀၀၀၀၀)ကျပ်၊ ကုန်ပွ(၁၁၀၀၀၀၀)ကျပ်နှင့် ကုန်စုံတစ်စီးလျှင် (၁၀၀၀၀၀၀) ကျပ် ဝန်းကျင်ရှိကြောင်း သိရှိရပါသည်။

              ကုန်သွယ်မှုလမ်းကြောင်းအနေဖြင့် ရွှေဘို၊ စစ်ကိုင်းနှင့် မန္တလေးဒေသထွက် ပို့ကုန်ပစ္စည်း များအား မန္တလေး - လက်ပံလှ - ဗန်းမော် - မိုးမောက် (ကျောက်စခန်း) - စိန်လုံ - လွယ်ဂျယ် လမ်းကြောင်း၊ ဗန်းမော်ဒေသထွက်ပို့ကုန်ပစ္စည်းများအားဗန်းမော် - မိုးမောက် (ကျောက်စခန်း) - စိန်လုံ - လွယ်ဂျယ် လမ်းကြောင်းအတိုင်း တင်ပို့လျက်ရှိပြီး သွင်းကုန် ပစ္စည်းများအား လွယ်ဂျယ်- စိန်လုံ-မိုးမောက်(ကျောက်စခန်း)-ဗန်းမော်လမ်းကြောင်းအတိုင်းကုန်သွယ်မှုပြုလုပ်လျက်ရှိပါသည်။

ငွေကြေးဈေးကွက်ပြောင်းလဲမှုအခြေအနေ

              လွယ်ဂျယ်နယ်စပ်ဒေသငွေကြေးဈေးကွက်အနေဖြင့် ၁၉-၂-၂၀၂၄ ရက်နေ့မှာတော့ (၁) ယွမ် လျှင်(၄၇၅) ကျပ်ဖြစ်ခဲ့ပြီး ၂၄-၂-၂၀၂၄ ရက်နေ့မှာတော့ (၁)ယွမ်လျှင် (၄၇၅)ကျပ်ဖြစ်၍ ယွမ်ဈေး တည်ငြိမ်ခဲ့ကြောင်း သိရှိရပါသည်။

   မြဝတီကုန်သွယ်ရေးဇုန်မှ ထိုင်းနိုင်ငံသို့ ၁၉-၂-၂၀၂၄ ရက်နေ့တွင် အများဆုံးတင်ပို့ခဲ့ သည့် ပို့ကုန်ပစ္စည်းများမှာ ငရုတ်(အခြောက်) ၇၃.၉၂၆ တန်၊ ကြက်သွန်နီ ၂၂၁.၀၈ တန်၊ ပီလော ပီနံ (အခြောက်) ၁၉၅ တန်၊ ငရုတ်(အစို) ၅၇.၁၂၅ တန်၊ မန်ကျည်းသီး(အစေ့ပါ) ၃၂ တန်၊ ဇီးဖြူသီး (အခြောက်) ၁၇.၈ တန်နှင့် နနွင်းတက် ၁၀ တန်တို့ဖြစ်ပါသည်။

   ၁၉-၂-၂၀၂၄ ရက်နေ့တွင် အများဆုံးတင်သွင်းခဲ့သည့် သွင်းကုန်ပစ္စည်းများမှာ ပလပ်စ တစ်ကုန်ပစ္စည်းများ၊ အလှကုန်များ၊ စားသောက်ကုန်ပစ္စည်းများ၊ စက်မှုကုန်ကြမ်းများ၊ ဘတ္ထရီ၊ အခြားစက္ကူများ၊ ချည်ထည်များ၊ စက်အပိုပစ္စည်းများ၊ ဆောက်လုပ်ရေးလုပ်ငန်းသုံး ပစ္စည်းများ၊ လျှပ်စစ်ဓာတ်ဖြန့်ဖြူး‌ရေးနှင့် တပ်ဆင်ရေးပစ္စည်းတို့ ဖြစ်ပါသည်။

DOT (မြဝတီ)

Pages