Digital Scale Trade Monitoring System

Thu, 05/09/2013 - 11:20 -- admin

Digital Scale Trade Monitoring System

မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေး ဇုန်တွင် မူဆယ် အထွက်ဂိတ် ၊ ကြူကုတ် အထွက်ဂိတ်များနှင့် ပင်မရုံးတွင်းတွင် Digital Scale Trade Monitoring System (Weight Bridge) များကို တပ်ဆင် ထားရှိပြီးဖြစ် ပါသည်။

အဆိုပါ Weight Bridge များမှာ လက်ရှိ အနေအထားတွင် Weight ချိန်တွယ်နိုင်ပြီး ၊ ချိန်တွယ် Data များအား Digital Scale Trade Monitoring System ဖြင့် မှတ်တမ်းတင် ထားရှိ၍ Report ထုတ်ယူနိုင်ပါသည်။

လက်ရှိ အနေအထားသည် Digital Scale Trade Monitoring System Project ၏ ပထမအဆင့် (First Phase) ဖြစ်ပြီး၊ နောင်တွင် ဒုတိယ အဆင့် (Second Phase) ဖြစ်သော (၁၀၅)မိုင် ကုန်သွယ်ရေးဦးစီးဌာန ရုံးနှင့် Weight Bridge Control Room တို့သို့ Copper Network သွယ်တန်းခြင်း ဆောင်ရွက်ပြီးစီးပါက Data အချက်အလက်များအား Online ဖြင့် ရယူနိုင်သည့် အပြင် BTOS စနစ်ဖြင့် ပေါင်းစပ်၍ လိုင်စင်ပါ အချက်အလက်များနှင့် တိုက်ဆိုင် စစ်ဆေးခြင်းကို Online ဖြင့် ဆောင်ရွက်နိုင် မည်ဖြစ်ပြီး ယင်းအချက်အလက် များကို ရုံးချုပ်(နေပြည်တော်) မှလည်း ရယူနိုင်မည် ဖြစ်ပါသည်။

#

DSTMS စနစ်ဖြင့် မူဆယ်ကုန်သွယ်ရေးဇုန် အဝင်/အထွက် ဂိတ်များတွင် စနစ်တကျ ချိန်တွယ်ပြီး ဖြတ်သန်းနေခြင်း

#

DSTMS စနစ်ဖြင့် ချိန်တွယ်ပြီး ယာဉ်ပေါ်ပါ ပစ္စည်း၊ တန်ချိန် နှင့် ယာဉ်အမှတ် စသည့် အချက်အလက်များ မှတ်တမ်းတင်ထားရှိခြင်း


 

#

DSTMS စနစ်ဖြင့် မူဆယ်ကုန်သွယ်ရေးဇုံ အဝင်/အထွက် ဂိတ်များတွင် ယာဉ်များ ချိန်တွယ်ရန် ဝင်ရောက်တန်းစီနေခြင်း

#

DSTMS စနစ်ဖြင့် မူဆယ်ကုန်သွယ်ရေးဇုန်အဝင်/ အထွက်ဂိတ်များ တပ်ဆင်အသုံးပြုထားခြင်း