၂ဝ၁၅ ခုနှစ် အေအီးစီကို မျှော်မှန်းလျက် မြန်မာ့ စားသုံးသူ အကာအကွယ် ပေးရေး လုပ်ငန်းဆောင်ရွက်စို့

Fri, 05/10/2013 - 07:10 -- admin

တနင်္လာနေ့  ၁၁ မတ်လ  ၂၀၁၃  01 း 13 PM

တစ်လှေ တည်းစီး တစ်ခရီးတည်း သွားချင်း အတူတူ

ကမ္ဘာ ပေါ်မှာ နီးစပ်ရာ အိမ်နီး ချင်းတွေ အသွင် တူချင်း တွေ ကိုးကွယ် ရာချင်း တူသူတွေ စုပေါင်းပြီး အုပ်စု လိုက် Association တွေ၊ အဖွဲ့ ခုျပ်တွေ၊ အသင်းတွေ ဖွဲ့စည်း ကြတာ ဒီဘက် ခေတ်ပိုင်းမှာ ပိုမို ပီပြင် လာတာ ဖြစ်ပါတယ်။ ဒုတိယ ကမ္ဘာ စစ်ကြီး မတိုင်မီက အုပ်စုတွေ ဖွဲ့လာ တာဟာ စစ်ရေး အတွက် ပိုမို ဦးတည်တာ ဖြစ်ပြီး တော့ ဒီဘက် ခေတ်ပိုင်း မှာ စီးပွားရေး အတွက် ပိုမို အရေးပါ လာတာ ဖြစ်ပါ တယ်။   ............ (ဆက်လက်ဖတ်ရှုရန် ခေါင်းစဉ်ကို နှိပ်ပါ)

ဥရောပ သမဂ္ဂ (အီးယူ) ဆိုရင် နဂိုက နေတိုး စစ်အုပ်စုဝင် နိုင်ငံ တွေနဲ့ အဓိက ဖွဲ့စည်း ထားတာ ဖြစ်ပြီး နောက်ပိုင်း မှာ စစ်ရေးထက် စီးပွားရေး ဘက်ကို အလေးထား ဆောင်ရွက် လာကြ ပါတယ်။ အိုပက် အဖွဲ့ ဆိုရင် ရေနံ ထုတ်လုပ် တင်ပို့ဖို့ စဖွဲ့ လာခဲ့တာ တဖြေးဖြေးနဲ့ ဘာသာရေး အသွင် ဆောင်လာ ကြတယ်။ နောက်ပိုင်းကျတော့ စီးပွားရေး ဘက်ကို အလေးပေး လာကြ ပြန်တယ်။ ၂၁ ရာစုမှာ လက်နက် ကိရိယာ အလွန် တိုးတက် လာတဲ့ အတွက် ကိုယ့်နိုင်ငံ ကာကွယ် ရေး ကိုယ့် အစီ အစဉ်နဲ့ ကိုယ် ဆောင်ရွက် လာတာ မြင်တွေ့ နေရ ပါတယ်။ အနီး စပ်ဆုံး ပြောရ ရင် မြောက် ကိုးရီး ယား နဲ့ အီရန် နိုင်ငံ တို့ရဲ့ နျူကလီယား လက်နက် ကိစ္စ တွေမှာ ပိုမို သိသာ တာ ဖြစ်ပါ တယ်။ ဆိုလို တာက ဒီဘက် ရာစုသစ် မှာ စီးပွားရေး အရ ပူးပေါင်း ဆောင်ရွက် ရေး ဦးတည် လာကြ တာ ဖြစ်ပါ တယ်။

၁၉၆၇ ခုနှစ်က စတင် ဖွဲ့စည်းတဲ့ အရှေ့ တောင် အာရှ နိုင်ငံများ အသင်း မှာ မြန်မာ နိုင်ငံ ဟာ ၁၉၉၇ ခုနှစ်၊ ဇူလိုင် လ ၂၃ ရက်နေ့ က စပြီး အဖွဲ့ဝင် နိုင်ငံ ဖြစ်လာ ပါတယ်။ အဖွဲ့ဝင် နိုင်ငံ ဖြစ်တဲ့ အချိန်က စပြီး တော့ အဖွဲ့ ရဲ့ လှုပ်ရှား မှုတွေမှာ တက်တက် ကြွကြွ နဲ့ ပူးပေါင်း ဆောင်ရွက် လာတဲ့ အတွက် အာဆီယံ ဟာ ပိုမို သက်ဝင် ပီပြင် လာတာ မြင်တွေ့ နေရမှာ ဖြစ်ပါတယ်။ အာဆီယံ ရဲ့ ရည်ရွယ် ချက်ကို က ပူးပေါင်း ဆောင်ရွက်ဖို့ အဓိက ဖြစ်ပါ တယ်။ ၂ဝဝ၃ ခုနှစ် အင်ဒိုနီးရှားနိုင်ငံ ဘာလီ မြို့မှာ ကျင်းပတဲ့ အာဆီယံ ထိပ်သီး အစည်း အဝေးကနေ ၂ဝ၂ဝ ခုနှစ် အရောက်မှာ အာဆီယံ စီးပွားရေး အသိုက် အဝန်း (ASEAN Economic Community) တည်ထောင် ရန်ဆုံး ဖြတ်ခဲ့ကြ ပါတယ်။ ၂ဝဝ၇ ခုနှစ် ဖိလစ်ပိုင် နိုင်ငံ၊ စီဘူးမြို့မှာ ကျင်းပတဲ့ ထိပ်သီး အစည်း အဝေးက အေအီးစီဟာ အသင်းကြီး အတွက် အင်မတန်မှ အရေးကြီးတာ ဖြစ်တဲ့အတွက် ၂ဝ၂ဝ ခုနှစ်ကို မစောင့်တော့ပဲ ၂ဝ၁၅ ခုနှစ်မှာ အကောင် အထည် ဖော်ဖို့ သဘော တူခဲ့ကြ ပါတယ်။ တကယ်တန်းကျတော့ ကျွန်တော်တို့ အာဆီယံ နိုင်ငံတွေဟာ အသား အရောင်က အစ အတွေး အခေါ် အဆုံး တူညီမှုတွေ ရှိနေတာ ဖြစ်ပါတယ်။ မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်၊ အင်ဒိုးနီးရှား၊ ဗီယက်နမ်နဲ့ ထိုင်းနိုင်ငံ သားများဟာ ခွဲခြားလို့ မရတဲ့ တူညီမှုတွေ အများ ကြီး ရှိကြတာ ဖြစ်ပါတယ်။   အရှေ့တောင် အာရှဒေသရဲ့ မြေကြီးပေါ်မှာ လူလား မြောက်လာ ကြတာ ဖြစ်တဲ့ အတွက် ညီအစ်ကို မောင်နှမ အရင်း အခြာတွေ လို့တောင် ပြောလို့ ရနိုင်ပါတယ်။ မြန်မာစကားမှာ သွေးက စကားပြော တယ်လို့ အဆို ရှိတဲ့ အတိုင်း အာဆီ ယံဖွဲ့စည်း လိုက်တဲ့ အခါမှာ အတွေး အခေါ်၊ အယူအဆ တွေမှာ တူညီမှု ရှိနေ ကြပါတယ်။ နိုင်ငံ တစ်ခုချင်းရဲ့ ဖြတ်သန်း လာခဲ့ ရတဲ့ သမိုင်းကြောင်းနဲ့ အုပ်ခုျပ်မှု စနစ်တွေ ကွဲပြားခဲ့ တဲ့အတွက် မတူညီမှု တွေဖြစ် လာရတာ ဖြစ်ပါ တယ်။

အာဆီယံ အသင်းကြီးဟာ အာရှမှာ တင်မက တော့ပဲ ကမ္ဘာ ပေါ်မှာပါ အရေးပါလာ တာဖြစ် ပါတယ်။ အာရှရဲ့ စီးပွားရေး ကျားနိုင်ငံ များနဲ့ အလား အလာ ကောင်းတဲ့ နိုင်ငံတွေ စုဖွဲ့ထားလို့ ဘဲဖြစ်ပါတယ်။ ကမ္ဘာ့စီးပွားရေး အတွက် အရေးပါဆုံး ဒေသတစ်ခု အနေနဲ့ ရောက်ရှိ လာတာ ဖြစ်ပါတယ်။ ဒါ့ကြောင့်လည်း အာဆီယံ စီးပွားရေး အသိုက် အဝန်းဟာ ပိုမို အရေးကြီး လာတဲ့ အနေ အထား အနေနဲ့ ရောက်ရှိလ လာတာ ဖြစ်ပါတယ်။ ပြောရမယ်ဆိုရင် ကျွန်တော်တို့ အာဆီယံ နိုင်ငံတေ ဟာ တစ်လေ ှတည်းပေါ်မှာ တစ်ခရီး တည်းသွား နေကြတဲ့ ညီအစ်ကို တွေလို့ တောင် ခေါ်ဆို ရမှာ ဖြစ်ပါတယ်။

အာဆီယံအသိုက်အဝန်းနှင့်မြန်မာနိုင်ငံ

အာဆီယံ အသိုက် အဝန်း (ASEAN Economic Community) ဟာ ဗီယန်ကျင်း အစီအစဉ်မှာ ပါဝင်တဲ့ အသိုက်အဝန်း (၃) ရပ်ထဲက အရေး ကြီးဆုံး ကဏ္ဍ ဖြစ်ပါတယ်။ ကမ္ဘာ့ နိုင်ငံများက မျက်စိကျတဲ့ အချက် ကလည်း စီးပွားရေး အင်အား ကောင်းတဲ့ နိုင်ငံတွေ ဖြစ်တာရယ် ဖွံ့ဖြိုး တိုးတက်ဖို့ အလား အလာ ကောင်းတဲ့ နိုင်ငံတွေ ပါဝင် လာတာရယ်၊ ဒေသတွင်း သယံ ဇာတ ပေါများ တာရယ်၊ ကျယ်ပြန်တဲ့ ဈေးကွက်များ တည်ရှိ နေတာတွေ၊ လူ့စွမ်းအား အရင်း အမြစ်များ လိုရင် လိုသလို ထုတ်သုံး နိုင်တဲ့ အခြေ အနေ ရှိနေ တာတွေ ကြောင့်ဖြစ် ပါတယ်။ အထူး သဖြင့် မြန်မာ နိုင်ငံက ဒီအဖွဲ့ အစည်းမှာ တင်းပြည့် နိုင်ငံ အနေဖြင့် ပါဝင်လာ တာကြောင့် အာဆီယံ နိုင်ငံအတွင်း ပိုမို အားတက်မှု ဖြစ်စေ ခဲ့ပါတယ်။ အကြောင်းမှာ မြန်မာနိုင်ငံဟာ ဖွံ့ဖြိုး တိုးတက်ဖို့ အလား အလာ ကောင်းများ ရှိနေ တာတွေ၊ ပထဝီဝင် နိုင်ငံရေး အရ မဟာ ဗျူဟာ ကျနေ တာတွေ၊ အုပ်ချုပ်မှု စနစ် မှာလည်း ဒီမို ကရေစီ အစိုးရ ပေါ်ပေါက် လာတာ တွေစတဲ့ အင်္ဂါရပ် တွေပိုင်ဆိုင် ထားတာ ဖြစ်ပါတယ်။

ကျွန်တော်တို့ မြန်မာ နိုင်ငံဟာ အာဆီယံ အဖွဲ့ဝင် နိုင်ငံ တစ်နိုင်ငံ ဖြစ်တဲ့ အတွက် ဒီအသင်းရဲ့ ရည်မှန်းချက် တွေနဲ့ လုပ်ငန်း တာဝန် တွေကို အောင်မြင်အောင် ဆောင်ရွက် ရမှာဖြစ်ပါတယ်။ ၁၉၉၇ ခုနှစ် မလေးရှားနိုင်ငံမှာ ကျင်းပတဲ့ အာဆီယံ ထိပ်သီး အစည်း အဝေးမှာ အေအီးစီ အတွက် ရည်မှန်းချက် တာဝန် ချမှတ် ပေးခဲ့ ပါတယ်။ အာဆီယံ ဒေသကို သာတူညီမျှ စီးပွားရေး ဖွံ့ဖြိုး တိုးတက် မှုနဲ့ ဆင်းရဲ နွမ်းပါး မှုတွေ၊ လူမှုစီးပွားရေး မညီမျှ မှုတွေကို လျော့နည်းပြီး တည်ငြိမ် ကြွယ်ဝ ယှဉ်ပြိုင်နိုင်စွမ်း ရှိတဲ့ ဒေသ ဖြစ်စေဖို့ ဆုံးဖြတ် ခဲ့ကြပါတယ်။ ဒါ့အပြင် အာဆီ ယံဟာ   အခြား ဒေသ ဆိုင်ရာ အဖွဲ့ အစည်း များလို နိုင်ငံတကာ စည်းမျဉ်း စည်းကမ်း များနဲ့ ကိုက်ညီတဲ့ ဈေးကွက်ကို တွန်းအား ပေးတဲ့ စီးပွားရေး စနစ် ဖွံ့ဖြိုး တိုးတက် စေဖို့ ရည်ရွယ် ထားတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံ အနေနဲ့ လာမဲ့ ၂ဝ၁၅ ခုနှစ် အေအီးစီ အတွက် ကြိုတင် ပြင်ဆင်မှု သတင်း တွေကြား နေရပြီ ဖြစ်ပါတယ်။

အေအီးစီနဲ့အတူ စားသုံးသူအကာအကွယ်ပေးရေးလုပ်ငန်းများ

အာဆီယံ စီးပွားရေး အသိုက် အဝန်းနဲ့ အတူ ကျွန်တော်တို့ နိုင်ငံဟာ လည်း ကုန်စည များနဲ့ ဝန်ဆောင်မှု တွေမှာ ရွေးချယ် ပိုင်ခွင့် ပိုမို ရရှိလာ မှာဖြစ် ပါတယ်။ ဒါ့အပြင် လူနေမှု လည်းပိုမို မြင့်တက် လာဖို့ရှိပါတယ်။ ဒီလို တိုးတက် မှုတွေ အခွင့် အရေး တွေဝင်လာတဲ့ အခါမှာ ကိုယ့်နိုင်ငံရဲ့ ယဉ်ကျေးမှု၊ လူမှုရေး အခွင့် အရေးတွေနဲ့ ကိုက်ညီမှု မရှိတာ တွေကို ကြိုတင် ပြဌာန်း ပြီးတော့ ကြေငြာထားဖို့ လိုအပ် မယ်လို့ ထင်ပါတယ်။ ဘာကြောင့်လည်း ဆိုတော့ အာဆီယံ နိုင်ငံထဲက နိုင်ငံ တွေထဲမှာ အများ စုက ဗုဒ္ဓ ဘာသာ ဝင်ဖြစ်ပေမယ့် မလေးရှား၊ အင်ဒို နီးရှားနဲ့ ဘရူနိုင်း တို့က အစ္စလာမ် ဘာသာဝင် တွေဖြစ် ပြန်တယ်။ ဖိလစ်ပိုင် နိုင်ငံ ကျတော့လည်း ခရစ်ယာန် ဘာသာ ကိုးကွယ် တဲ့နိုင်ငံ ဖစ်ပြီး အရာရာမှာ တူညီ နိုင်ဖို့ ဆိုတာ မလွယ် ကူဘူး။ အဲဒီတော့ ကျွန်တော် တို့နိုင်ငံက စားသုံးသူ ကာကွယ်ရေး ဥပဒေနဲ့ သူတို့ နိုင်ငံက ဥပဒေဟာ လုံးဝ တူနေဖို့ ဆိုတာ မဖြစ်နိုင်တဲ့ ကိစ္စ တစ်ခု ဖြစ်နေ ပါတယ်။ တူညီ နိုင်တဲ့ ကိစ္စ တစ်ခုက လူကို အန္တရာယ်ပေး ကုန်ပစ္စည်းများ ကာကွယ် ရေးကို ဆွေးနွေး ညှိနှိုင်း ရင်တော့ တူညီနိုင်မှာ ဖြစ်ပါတယ်။

အာဆီယံ နိုင်ငံများ ဟာ ရှေ့အနာ ဂတ်မှာ ဥရောပ သမဂ္ဂ (အီးယူ) လို ဘုံငွေကြေး စနစ်နဲ့ စီးပွားရေး၊ နိုင်ငံရေး၊ စစ်ရေးများ ပူးပေါင်း ဆောင်ရွက်ဖို့ နောက်ဆုံး သမဂ္ဂ တစ်ခုတည်း ပုံစံ ဖြစ်ဖို့ အထိ ဦးတည် နေတာ ဖြစ်တယ်။ ဒါကြောင့်လည်း တစ်ခု တည်းသော ဈေးကွက်နဲ့ ထုတ်လုပ်မှု အခြေခံ ဒေသ (Single Market & Production Base) တည်ထောင်ဖို့ ရည်မှန်း ထားတာ ဖြစ်ပါတယ်။ အဲဒီလို ရည်မှန်း ထားတဲ့ အတွက်လည်း ဦးစားပေး ကဏ္ဍကြီး (၁၁) ရပ်   ( 11-priority sector) ဆိုတာ တွေ ထားရှိ ပြီးတော့ ထုတ်လုပ်တဲ့ ကုန်ပစ္စည်း များရဲ့ Trade Mark ကို ASEAN အမှတ်တံဆိပ်တွေပြီးတော့ Made in ASEAN တွေနဲ့ ထုတ်လုပ် ဖို့အထိ ရည်ရွယ် ထားတာ ဖြစ်တယ်။ အဲဒီကျရင် ကျွန်တော်တို့ အတွက် ကောင်းတာ တွေရော မကောင်း တာတွေ ရောခံစားရမှာ ဖြစ်ပါတယ်။ ကောင်းတဲ့ အချက်များ အနေနဲ့ ကိုယ့်နိုင်ငံရဲ့ အကြီးစား၊ အလတ်စားနဲ့ လက်ခစား လုပ်ငန်း တွေမှာ ကျွန်တော်တို့ နိုင်ငံသား လုပ်ငန်း ရှင်တွေ၊ ကျွန်တော် တို့ရဲ့ အလုပ် သမားတွေ၊ ကျွန်တော်တို့ နိုင်ငံရှိ ဝန်ဆောင်မှု လုပ်တဲ့ ကုမ္ပဏီတွေ ဟာ စီးပွားရေး အရ အခွင့် အလမ်းတွေ သေချာပေါက် ရရှိလာမှာ ဖြစ်ပါတယ်။

အေအီးစီ ဝင်လာရင် နစ်နာမှု ရှိနိုင်တာက ကျွန်တော်တို့ရဲ့ စားသုံးသူ ပြည်သူများ ဘဲဖြစ်ပါတယ်။ ဘုံစနစ်နဲ့ ကုန်ပစ္စည်း များထုတ်လုပ် တဲ့အခါ တွေမှာ ဖြစ်နိုင်တာ ရှိပါတယ်။ ဥပမာ- မော်တော် ယာဉ်ကို ထုတ်လုပ် တယ်ဆိုရင် အစိတ် အပိုင်းတွေ ကိုနိုင်ငံ အလိုက် ထုတ်လုပ် ကြပြီး ကျွန်တော်တို့ နိုင်ငံမှာ လာရောက် တပ်ဆင် တယ်ဆိုရင် ကျွန်တော်တို့ နိုင်ငံသား တွေဆီက ငှားတဲ့ အခတွေ၊ လုပ်အား ခတွေ၊ ရေခမီးခ တွေကို ဥပဒေအရ တန်ရာ တန်ကြေး ရနေသလား၊ သူတို့နိုင်ငံ ကထုတ်ပိုး လာတဲ့ ထုတ်ပိုး ခွံတွေ စနစ်တကျ စွန့်ပစ သလား၊ အန္တရာယ်ရှိ စွန့်ပစ် ပစ္စည်းတွေ အများ ပြည်သူ တွေအတွက် ထိခိုက် နိုင်စရာ ရှိသလား ဆိုတဲ့ အချက် တွေကို ကျွန်တော်တို့ စားသုံး သူများ ဘက်က ကာကွယ် စဉ်းစား ပေးရမှာ ဖြစ်ပါတယ်။

အာဆီယံ ဒေသတွင်း မှာ ကုန်စည်များ လွတ်လပ်စွာ စီးဆင်းမှု (Free Flow of Goods) မူအရ အကောက် ခွန်နှုန်း များ သုည ရာခိုင်နှုန်း ထိလျော့ချ ပေးရမှာ ဖြစ်ပြီး အကောက်ခွန် မဟုတ်တဲ့ ကုန်သွယ်မှု အတား အဆီးများ ဖယ်ရှားဖို့ လည်း အာဆီယံ နိုင်ငံများ သဘော တူညီမှု ရရှိပြီး ဖြစ်ပါတယ်။ ကုန်ပစ္စည်းများ အလုံး အရင်းနဲ့ ဝင်ရောက် လာတဲ့ အခါမှာ စားသောက်ဖို့ မသင့်တဲ့ စားသောက် ကုန်ပစ္စည်းများ၊ အန္တရာယ်ရှိ လူသုံးကုန် ပစ္စည်းများ ပါဝင် လာနိုင် ပါတယ်။ အဲဒီ အတွက်ပါ ကျွန်တော်တို့ စားသုံးသူ ကာကွယ်ရေး ဥပဒေနဲ့ ကာကွယ်ပေး ထားဖို့ လိုအပ်တော့ မှာ ဖြစ်ပါတယ်။ ဒီနေရာမှာ မေးခွန်း ထုတ်မယ် ဆိုရင် မေးလို့ ရတာက '' အာဆီယံ နိုင်ငံကြီးတွေ ဘဲလုပ် ပါ့မလား '' လို့ မေးလို့ ရပါတယ်။ လုပ်တာ မလုပ်တာ ထက် ကိုယ့်နိုင်ငံ ကိုကြိုတင် ကာကွယ် ထားဖို့က ကျွန်တော် တို့ရဲ့တာဝန် ဘဲဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံထဲကို ဝင်လာတဲ့ ကုန်ပစ္စည်း အချို့ဟာ အန္တရာယ်ရှိ ကုန်ပစ္စည်းတွေ ပါလာတတ် ပြီးတော့ အချို့ ကုန်ပစ္စည်းများ ဆိုရင် တရား မဝင် ရောက်လာ နိုင်ပါတယ်။ အဲဒီလို အန္တရာယ် ရှိတဲ့ ကုန်ပစ္စည်း တွေကို စားသုံးသူ အကာအကွယ် ပေးရေး ဥပဒေနဲ့ စစ်ဆေး မယ်ဆိုရင် နိုင်ငံတော်ရဲ့ လုံခြုံရေး အတွက်ပါ အကျိုး ရှိမယ် ဆိုတာ ယုံကြည် လျက်ရှိ ပါတယ်။

အေအီးစီလမ်းညွှန်မြေပုံ (AEC Blue print)

အာဆီ ယံနိုင်ငံ များ သဘော တူညီ ချက်အရ အာဆီယံ ညှိနှိုင်းမှု ကော်မတီ တည်ထောင် ဆောင်ရွက် ခြင်းဖြင့် စားသုံး သူများ အကာ အကွယ် ပေးတဲ့ လုပ်ငန်းများ ခိုင်မာစေဖို့၊ သတင်း အချက် အလက်များ ဖလှယ်ရေးကို လွယ်က ူချောမွေ့ စေရေး စားသုံး သူများ အကာ အကွယ် ပေးရေး အဖွဲ့ရဲ့ ကွန်ယက် ဆက်သွယ်မှု တစ်ခုတည် ထောင်ဖို့ တစ်ခု တည်းသော ASEAN ဈေးကွက် တစ်ခု အတွက် ကြိုတင် ပြင်ဆင် ရာမှာ စားသုံး သူများ အကာ အကွယ် ပေးရေး ဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ် များနဲ့ စားသုံး သူ ကိုယ်စား လှယ်များ အတွက် ဒေသတွင်း လေ့ကျင့် သင်ကြား ပေးရေး ဆောင်ရွက်ဖို့ ဆိုပြီးတော့ အကောင် အထည် ဖော်ကြမှာ ဖြစ်ပါတယ်။

အထက် တင်ပြတဲ့ လမ်းညွှန် မြေပုံရဲ့ ပထမ အချက် ဖြစ်တဲ့ စားသုံးသူ အကာ အကွယ် ပေးရေး လုပ်ငန်းများ ခိုင်မာစေဖို့ အာဆီယံ ညှိနှိုင်းရေး ကော်မတီ ဖွဲ့စည်း ဖို့က အင်မတန် အရေးပါ လှပါတယ်။ ၂ဝ၁၅ ခုနှစ်ကို ရောက်တဲ့ အခါမှာ အဖွဲ့ဝင် တစ်နိုင်ငံနဲ့ တစ်နိုင်ငံ ကူးလူး ဆက်ဆံ သွားလာ မှုတွေ များလာ တော့မှာ ဖြစ်ပါတယ်။ အဲဒီကျရင် နိုင်ငံတိုင်းမှာ ပြဌာန်း ထားတဲ့ ဥပဒေတွေ၊ လုပ်ထုံး လုပ်နည်းတွေ၊ အခွင့် အရေး တွေက တစ်သတ်မှတ် တည်းကျမှာ မဟုတ်တဲ့ အတွက် ဖြေရှင်း ပေးမဲ့ ခုံသမာဓိ လိုအပ်တာ ဖြစ်ပါတယ်။ ဒါမှလည်း ဥပဒေ ကိစ္စရပ်များ အငြင်းပွားမှု ဖြစ်ပေါ် လာပါက ဝိုင်းဝန်း ဖြေရှင်း လို့ ရမှာ ဖြစ်ပါတယ်။ တစ်နိုင်ငံရဲ့ စားသုံးသူ အကာ အကွယ် ပေးရေး ဥပဒေ များကို အခြား တစ်နိုင်ငံက လေးစား လိုက်နာ ပေးဖို့ ဆိုတာ ခက်ခဲမဲ့ ကိစ္စဖြစ်ပါတယ်။ အဖွဲ့ဝင်နိုင်ငံ အချို့ရဲ့ ဘာသာရေး ဓလေ့ ထုံးထမ်းက အခြား နိုင်ငံများ အတွက် သာမန် ကိစ္စလေးလို့ ယူဆ တတ်တဲ့ အခါမှာ စကားပြော စရာတွေ ကြုံတွေ့ရ တတ်ပါတယ်။ မလေးရှား နိုင်ငံမှာ အလုပ်သွား လုပ်တဲ့ တူတော်မောင် တစ်ယောက်ကို သူ့အမေက မြန်မာနိုင်ငံက နေအေးခဲ ကြက်သား ပို့လိုက်ပါတယ်။ ဟိုရောက် တဲ့အခါမှာ သူတို့ရဲ့ ဓလေ့ ထုံးစံအရ ကြက်ကို ဘယ်လို သတ်လိုက် တာလဲ၊ လက် ဆေးကြောတာ ဘယ်ပုံ ဘယ်နည်း ဆေးလဲ စသဖြင့် မေးခွန်းတွေ မေးသတဲ့။ ကျွန်တော့်ရဲ့ တူတော်မောင် ကမဖြေနိုင်တဲ့ အတွက် သူ့ရှေ့မှာပဲ မီးပုံရှို့တယ်လို့ သိခဲ့ရပါတယ်။

အေအီးစီ လမ်းညွှန် မြေပုံရဲ့ ဒုတိယ အချက်ဖြစ်တဲ့ စားသုံးသူ ကာကွယ်ရေး ကွန်ယက် တစ်ခု တည်ထောင်ဖို့ အကြောင်း အနည်းငယ် ဆွေးနွေး လိုပါတယ်။ အာဆီယံ နိုင်ငံ အတွင်း စားသုံးသူ အကာအကွယ် ပေးရေး အဖွဲ့ အချင်းချင်း သတင်း အချက် အလက်များ ပေးပို့ခြင်းများ၊ အရေးကြီး သတင်း ဖလှယ်ရေးများ၊ အခြား လိုအပ်တဲ့ ကုန်ပစ္စည်း ဈေးနှုန်းများ ဖလှယ် နိုင်ရေး ကွန်ယက် တစ်ခုတည် ထောင်ဖို့ဆိုတဲ့ လုပ်ငန်းဟာ ကျွန်တော်တို့ နိုင်ငံလို နယ်မြေထိစပ်မှု များတဲ့ နိုင်ငံတွေ အတွက် အလွန် တန်ဖိုးရှိ လာမှာ ဖြစ်ပါတယ်။ အာဆီယံ အဖွဲ့ဝင် မဟုတ်တဲ့ နိုင်ငံတွေ ဆီက မူမမှန်တဲ့ ကုန်ပစ္စည်း တွေဝင်မဲ့ သတင်းကို ကျွန်တော်တို့ မသိလိုက် သေးခင် အာဆီယံ အဖွဲ့ဝင် တစ်နိုင်ငံက သိခဲ့ရင် ကြိုတင်ပြီး ဒီကွန်ယက် ကနေ တစ်ဆင့် သတင်း ပေးနိုင်တာ ဖြစ်ပါတယ်။ ဒီကွန်ယက်ကနေပဲ စားသုံးသူ ကာကွယ်ရေး ဥပဒေတွေ အချင်းချင်း ဖလှယ်ပြီး မလို အပ်တဲ့ ကိစ္စတွေကို ရှောင်ကြဉ် နိုင်မှာ ဖြစ်ပါတယ်။

အေအီးစီ လမ်းညွှန် မြေပုံရဲ့ တတိယ အချက်ဟာ လုပ်ငန်း ကြီးနှစ်ခု ထင်ထင် ရှားရှား မြင်တွေ့ ရပါတယ်။ ပထမ လုပ်ငန်း တစ်ခုက တစ်ခု တည်းသော ASEAN ဈေးကွက် ဦးတည် နေတာ ဖြစ်ပါတယ်။ ဒုတိယ လုပ်ငန်းကြီး ကတော့ အဲဒီ ဈေးကွက်ကို ပြင်ဆင်တဲ့ နေရာမှာ စားသုံးသူ အကာအကွယ် ပေးရေး တာဝန် ရှိသူ တွေနဲ့ စားသုံးသူ ကိုယ်စား လှယ်တွေ ဒေသ တွင်း စားသုံးသူ ရေးရာ ဘာသာရပ်များ လေ့ကျင့် သင်ကြား ခြင်းကို အကောင် အထည်ဖော် ဖို့ဆိုပြီး ရှေ့လုပ်ငန်း စဉ်တွေ ချမှတ် ရေးဆွဲ ထားတာ ဖြစ်ပါတယ်။ ၎င်းဘာသာ ရပ်ကို လေ့ကျင့် သင်ကြား ခြင်းဟာ အာဆီယံ နိုင်ငံတွေ အချင်းချင်း အကြား အမြင် တွေနဲ့ အတွေ့ အကြုံ တွေပါ ဖလှယ်ခွင့် ရရှိလာမှာ ဖြစ်ပါတယ်။ အေအီးစီ အထဲကို ဝင်ရောက် လာတဲ့ အခါကျရင် ဒီသင်တန်း တွေက လုပ်ငန်း အခက် အခဲ များစွာကို ကျော်လွှား ပေးမှာ ဖြစ်ပါတယ်။

စားသုံးသူများရဲ့ ရသင့်တဲ့အခွင့်အရေးများ

ကျွန်တော်တို့ မြန်မာ နိုင်ငံ အပါအဝင် အာဆီယံ နိုင်ငံများ မှာရှိတဲ့ စားသုံးသူ ပြည်သူများ အတွက် ရသင့်တဲ့ အခြေခံ အခွင့် အရေး တွေကို အာဆီယံ နိုင်ငံများရဲ့ ပညာရှင် တွေက ဝယ်လိုတဲ့ ကုန်ပစ္စည်း စိတ်ကြိုက် ရွေးချယ် ပိုင်ခွင့် ရှိရမယ်။ ဝယ်လိုတဲ့ ကုန်ပစ္စည်းရဲ့ သတင်း အချက် အလက်ကို သိရှိပိုင်ခွင့် ရှိရမယ်။ မိမိဝယ်ယူတဲ့ ကုန်ပစ္စည်း မိမိနဲ့ မိမိပတ်ဝန်းကျင် အတွက် လုံခြုံရေး စိတ်ချခြင်း ရှိရမယ်။ တိုင်ကြား နိုင်ပြီး စီရင်ဆုံးဖြတ်မှု ကိုခံယူနိုင်တဲ့ အခွင့် အရေးရှိရမယ်။ အခြေခံ လိုအပ် ချက်အား သဘာဝ ကျကျ လက်ခံနိုင်ပြီး ကျေနပ်မှုလည်း ရှိရမယ်။ မိမိဝယ်ယူလိုတဲ့ ကုန်ပစ္စည်းနဲ့ စပ်လျဉ်း၍ ပြဿနာများ အတွက် ပေးလျော်ခြင်း၊ ဒဏ်ကြေး တပ်ပိုင်ခွင့် များရှိရမယ်။ စားသုံးသူ ကာကွယ်ရေး ပညာရပ်များ လေ့ကျင့် သင်ကြား ပိုင်ခွင့် ရှိရမယ်။ ပိုမိုလုံခြုံ စိတ်ချရမယ့် ပတ်ဝန်း ကျင်ကို မိမိ စိတ်ကြိုက် ရွေးချယ် ပိုင်ခွင့် ရှိရမယ်လို့ တင်ပြ ဆွေးနွေး ထားပါတယ်။

စားသုံးသူများက လိုက်နာဆောင်ရွက်သင့်တဲ့နည်းနာများ

စားသုံးသူ အကာ အကွယ် ပေးရေး ဆိုင်ရာ ပညာရှင်များက စားသုံးသူ ပြည်သူများ အနေနဲ့ လိုက်နာ ပေးရမဲ့ နည်းနာများ နဲ့ပတ်သက်ပြီး မိမိ ဝယ်ယူမဲ့ ကုန်ပစ္စည်း ဈေးနှုန်းနဲ့ အရည် အသွေးကို နှိုင်းယှဉ် ကြည့်ရှု စစ်ဆေး တတ်ရန်၊ ကုန်ပစ္စည်းနဲ့ ဝန်ဆောင် မှုများမှာ အသေးစိတ် ရေးသား ထားတဲ့ အချက် အလက်များကို စိစစ်ရန်၊ ထုတ်လုပ် သူနဲ့ ဝန်ဆောင်မှု ဆောင်ရွက်မှု များဟာ သက်ဆိုင်ရာမှ အသိ အမှတ်ပြု လိုင်စင် ရသူများ ဖြစ်ဖို့ စိစစ်ရန်၊ အမှုမဲ့ အမှတ်မဲ့ လုပ်ကိုင် ဆောင်ရွက်မှုများ ရှောင်ကြဉ်ရန်၊ သေချာ တိကျမှု မရှိဘဲ ငွေပေးချေ မှုများ ရှောင်ကြဉ်ရန်၊ ထုတ်လုပ်သူ/ ဝန်ဆောင်မှု ပေးသူများ ထံမှ စာနဲ့ ရေးသား ထားတဲ့ အာမခံချက်များ ရယူရန်၊ စာချုပ် ချုပ်ဆိုတဲ့ အခါ လိုအပ်တဲ့ စာရွက် စာတမ်းများ ပြည့်စုံ စွာရရှိ ရန်နဲ့ သဘော ပေါက်တဲ့ အထိ သေသေချာချာ ဖတ်ရှုရန်၊ ဆောင်ရွက်ပြီး တိုင်း လက်ခံ ပြေစာ၊ စာရွက စာတမ်းများ ရယူ ထားရန် လိုအပ် တယ်လို့ အကြံပြု ထားပါတယ်။

အေအီးစီသို့မျှော်မှန်းလျက် စားသုံးသူအကာအကွယ်ပေးရေးလုပ်ငန်းဆောင်ရွက်ရေး

ကျွန်တော်တို့ မြန်မာနိုင်ငံ တော်ဟာ ကိုယ့်ထီး ကိုယ့်နန်းနဲ့ ရာဇဝင်မှာ အဆင့်မီ ခဲ့တဲ့နိုင်ငံ ဖြစ်ပါတယ်။ ၁၉၆၅ ခုနှစ် စင်္ကာပူ ကျွန်းစု နိုင်ငံငယ်လေး လွတ်လပ် ရေးနေ့မိန့်ခွန်း တွင် ခေါင်းဆောင် ''လီကွမ်းယူ'' က နှစ် ၃ဝ ရောက်ရင် မြန်မာနိုင်ငံ လိုတိုးတက် အောင်လုပ် ရမယ်လို့ ကြွေးကြော် ခဲ့ဘူးတဲ့ နိုင်ငံ ဖြစ်ခဲ့ ဘူးပါတယ်။ စံပြု ခဲ့တဲ့ နိုင်ငံ အနေနဲ့ ရောက်ရှိ ခဲ့ဖူးတာ ဖြစ်တယ်။ အာဆီယံ နိုင်ငံ တွေက အထင်ကြီး လေးစား ခဲ့ဖူးတဲ့ နိုင်ငံ၊ အရှေ့တောင် အာရှမှာ အတိုး တက်ဆုံး နိုင်ငံ ဖြစ်ခဲ့ ဖူးတယ်။

ဒါပေမယ့် ခေတ်အဆက်ဆက် စီမံ ခန့်ခွဲပုံ အမျိုးမျိုးကြောင့် ပတ်ဝန်းကျင် နိုင်ငံများရဲ့ စီးပွားရေးမှာ ကျော်ဖြတ် ခြင်းကို ခွင့်ပြု လိုက်ရပေမဲ့ ပြန်လည် ကျော်တက်ဖို့ အဖက်ဖက်က ဆိုင်းပြင်း နေပြီ ဖြစ်ပါတယ်။ နိုင်ငံတော် သစ်တည်ဆောက် ချိန်မှာ အရေး ကြီးတယ်လို့ သတ်မှတ် မထားတဲ့ စားသုံးသူ အကာ အကွယ် ပေးရေး ကဏ္ဍဟာလည်း ယနေ့ အချိန်ထိ အရောင် မှေးမှိန် နေဆဲ ဖြစ်ပါတယ်။ ၂ နှစ်သာ လိုတော့တဲ့ အေအီးစီ အတွက် ကိုယ့်ဘက်က အစစ အရာရာမှာ အသင့်ရှိဖို့ အရေးကြီးတာ ဖြစ်ပါတယ်။ အဲဒီ အတွက်ကြောင့် ကျွန်တော်တို့ နိုင်ငံရဲ့ စားသုံးသူ အကာအကွယ် ပေးရေး လုပ်ငန်း ဟာလည်း အဖက်ဖက်က ပြင်ဆင်ဖို့ လိုအပ် ပါတယ်။ အသေး အမွှားက အစ ပြင်ဆင်ဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ အမေရိကန် ပြည်ထောင်စုရဲ့ စားသုံးသူ ကာကွယ်ရေး ဥပဒေမှာ အသက် ၁၈ နှစ်မပြည့်ဘဲ စီးကရက် ကိုသွားဝယ်မယ် ဆိုရင် ဘယ်ဆိုင်ကမှ ရောင်းချ ပေးမှာ မဟုတ်ဘူး။ ရောင်းတဲ့ ဆိုင်ကလည်း အတိအကျ လိုက်နာ ကြတယ် ဆိုတာ သိရှိ ရပါတယ်။ ဒီလို အသေးစိတ်က အစ ကျွန်တော်တို့ သိရှိ လိုက်နာ တတ်ဖို့ အရေးကြီး လှပါတယ်။

ရည်ရွယ်ချက် ကြီးမားတဲ့ အာဆီယံ နိုင်ငံများရဲ့ အစီအမံများ အောင်မြင်ရေးဟာ ကျွန်တော်တို့မှာလည်း တာဝန်ကြီး လှပါတယ်။ ၂ဝ၁၅ ခုနှစ် အေအီးစီမှာ စားသုံးသူ အကာအကွယ် ပေးရေး လုပ်ငန်း အတွက် အတွေး အခေါ်သစ်၊ အမြင်သစ်၊ စနစ်သစ်နဲ့ ခြေလှမ်းများ လှမ်းမှ သာလျှင် အောင်မြင်မှု ရနိုင် မယ်လို့ ယုံကြည် ပါကြောင်း တင်ပြ လိုက်ရပါတယ်။

ခမ်လျန်စွမ်း