အာမွှေး များ FDA ထောက်ခံ ချက်ဖြင့် တမူးမှ တင်သွင်း

Mon, 05/20/2013 - 05:44 -- admin

ကြာသပတေးနေ့  ၇ မတ်လ  ၂၀၁၃  11 း 13 AM

တမူး နယ်စပ် ကုန်သွယ်ရေး စခန်းမှ တစ်ဖက် အိန္ဒိယ နိုင်ငံထုတ် Suman Rose Powder (အာမွှေး) များ အား FDA ထောက်ခံ ချက်ဖြင့် ရွှေစည်စိုး ကုမ္ပဏီမှ ၈ တန် ကျော် တင်သွင်း ခဲ့ကြောင်း သိရှိ ရပါတယ်။ အာမွှေး များကို ကွမ်းယာ၊ အမွှေးနံ့ အဖြစ် ဒံပေါက်နှင့် အချို့ ဘီစကစ် တို့တွင် ထည့်သွင်း ထုတ်လုပ် စားသုံးကြောင်း သိရှိ ရပြီး တိုင်းရင်း ဆေးဝါး အချို့ တွင်လည်း အသုံးပြု ကြောင်း ကုန်သည် များ ထံမှ မေးမြန်း သိရှိ ရပါ တယ်။ အချို့သော ကုန်သည် အငယ်များ၊ တစ်နိုင် တစ်ဆွဲ ဖြင့် ဝယ်ရောင်း နေသူ များ၊ ITC ကတ် ဖြင့် ရောင်းဝယ် မှု ပြုလုပ် နေသူ များမှာ လည်း FDA ထောက်ခံချက် လွယ်လွယ် ကူကူ ရရှိ ပါက တင်သွင်း လိုကြောင်း သိရှိ ရပါတယ်။ အသုံး နည်းတဲ့ အာမွှေး များကို တခါ တရံ သာ တင်သွင်း နိုင်ခြင်း ဖြစ်သော် လည်း အမယ် တစ်ခု အနေဖြင့် တင်သွင်း နိုင်သဖြင့် ကုန်သွယ်မှု ပမာဏ အထိုက် အလျောက် တိုးတက် လာခဲ့ ကြောင်း သိရှိ ရပါ တယ်။

ရဲမင်းထွဋ် (တမူး)