အစားအသောက်နှင့် အဆိပ်အတောက်

Fri, 05/10/2013 - 08:09 -- admin

တနင်္လာနေ့  ၁၈ မတ်လ  ၂၀၁၃ 09 း 28 AM

လူဆိုတာသေမျိုးပါ

တစ်ချိန်က ဂီတာ သမားများ သဘောကျတဲ့ တေးရေး၊ တေးဆို ဆလိုင်းသွအောင်ရဲ့ ''လူဆိုတာသေမျိုး'' သီချင်းဟာ ကျွန်တော် အလွန် နှစ်သက် မြတ်နိုးတဲ့ သီချင်း တစ်ပုဒ် ဖြစ်ပါတယ်။ 'အခင်တွယ်ဆုံး လူအသက် တစ်ချောင်း၊ ယနေ့တိုင် လှုပ်ရှား ရုန်းကန် နေသော်လည်း တစ်ချိန်ချိန်မှာ အသက် ဆီမီးစာကုန် သွားရင် တမ လွန်မှာ ဘယ်လိုဘဝမိုျး ရောက်မှာလဲ' ----- လို့ ---- ဒီသီချင်း စားသားလေး တွေနဲ့ရူးခဲ့ ဘူးပါတယ်။

............ (ဆက်လက်ဖတ်ရှုရန် ခေါင်းစဉ်ကို နှိပ်ပါ)

သေခြင်း အကြောင်း တရားကို ဘယ်သူမှ မလွန်ဆန် နိုင်ဘူး ဆိုတာ လူတိုင်း သိရှိ လက်ခံ ခဲ့ကြပါတယ်။ သေရမှာ ကိုတော့ လူတိုင်း ကြောက်ကြတယ်။ သေနိုင်တဲ့ ကိစ္စတွေ ကျတော့လည်း အလေး မမှုတာ လူတွေ ပဲဖြစ် ပါတယ်။ ဆိုင်ကယ် စီးရင် ဆိုင်ကယ် ဦးထုပ် ဆောင်းပါ ဆိုတာတွေက မတော်တဆ ထိခိုက်မှု ဖြစ်ရင် မသေအောင် ကာကွယ်ပေးဖို့ ဆောင်းခိုင်းခြင်းဘဲ ဖြစ်ပါတယ်။ လူတော်တော် များများက ဆိုင်ကယ်စီးရင် ဦးထုပ် မဆောင်း ချင်ကြဘူး။ လူရဲ့မူလ ဇာတိ အကျင့်လား လို့တောင် ပြောရမလို ဖြစ်နေတယ်။

ယနေ့ မြန်မာပြည်မှာ သာမန် လူတွေဟာ နေ့စဉ် စားသောက်နေတဲ့ အစားအသောက် တွေထဲမှာ အဆိပ် အတောက် တွေ ထမင်းစားတိုင်း ဝမ်းဗိုက်ထဲကို သွတ်သွင်း နေကြတယ်လို့ တစ်စုံတစ်ယောက် ကပြောရင်၊ ကျွန်တော် ထင်ပါတယ် အများစုက ငြင်းကြမှာဘဲ၊ ဘာပဲဖြစ်ဖြစ် ဒီဆောင်းပါးကို ဖတ်မိသူတိုင်းက ဒီအချက်ကို လေးလေး နက်နက် စဉ်းစား ကြတော့ မယ်ဆိုတာ ကျွန်တော် ယုံကြည်ပါတယ်။

ကျွန်တော်ရဲ့ ဝန်ထမ်း ဘဝ ဖြစ်စဉ်လေးကို ကြုံကြိုက်လို့ ဖောက်သည် ချလိုပါတယ်။ တပ်ကနေ အရပ်ဘက် ဝန်ကြီးဌာန ရောက်တဲ့အခါမှာ သူများလို စားပွဲ၊ ကုလားထိုင်နဲ့ မထိုင်ရဘဲ ရှမ်း/တောင်မှာရှိတဲ့ သရက်ခြံမှာ ပေါက်ပြား၊ ပေါက်တူး၊ ဓား၊ ဓားကောက်၊ ကပ်ကြေး၊ ဆေးဖျန်းပုံးတွေနဲ့ နှစ်ပါးသွားခဲ့ရပါတယ်။ ကျွန်တော် ကြားဖူးတဲ့ ဥပမာလေးလိုပါဘဲ - တစ်ခါက လူတစ်ယောက် ကံကောင်းလို့ လေယာဉ်ပံျ စီးရတယ်။ နောက် တစ်ခါ ကံဆိုးလို့ လေယာဉ်ပံျ ပျက်ကျသွားတယ်။ နောက်ကံကောင်းလို့ ကောက်ရိုးပုံပေါ် ကျသွားသတဲ့၊ ထို့အတူ ပါဘဲ ကံဆိုးလို့ စိုက်ခင်း ရောက်သွားတယ်လို့ အောက်မေ့နေတာ ပြန်တွေးကြည့်တဲ့ အခါမှာ ကျွန်တော် အင်မတန် ကံကောင်းတဲ့ လူတစ်ယောက် ဖြစ်သွားပါတယ်။ ရုံးပေါ်မှာ ထိုင်နေရင် စိုက်ပိုျးရေး ဘာသာရပ်နဲ့ စာပေလေ့လာခြင်း ဘာသာရပ် ကို ဘာမှ သိလိုက်မှာ မဟုတ်ဘူး။

ကျွန်တော် တင်ပြ လိုရင်းက စိုက်ခင်း ရောက်သွားတဲ့ အချိန်မှာ တစ်ကယ့် ဘဝ စိုက်ပိုျးရေး တက္ကသိုလ် တက် နေရပါလား ဆိုပြီး ကိုယ့်ကိုယ်ကို ခံယူချက် ထားပြီး ပြင်းပြင်းထန်ထန် စာတွေ့ လက်တွေ့မှာ ကြိုးစား လာခဲ့ ရပါတယ်။ စိုက်ခင်း ရောက်သွားတဲ့ အခါမှာ သွားရေး လာရေးက အခြေအနေ မသာတဲ့ အတွက်လည်း ဘယ်မှ ကို မသွားဖြစ် တော့ဘဲ စိုက်ခင်း ထဲမှာဘဲ အချိန်ကုန် ရကိုျးနပ်အောင် စိုက်ပိုျးရေး ပညာကို လက်တွေ့ ကျကျ လေ့လာ ဆည်းပူး ခွင့်ရခဲ့ပါတယ်။ စာတွေ့ အနေနဲ့ သရက်စိုက်ပိုျးနည်း၊ ပိုးသတ်ဆေးများ၊ မြေဆီလွှာ အကြောင်းတွေ လေ့လာဖြစ် ပါတယ်။ အပင်ပိုးမွှားနဲ့ ပိုးသတ်ဆေး အကြောင်း လေ့လာတဲ့ အခါမှာ ဓာတု ဗေဒ ဆေးသုံး ထားတဲ့ အသီးအရွက် စားရမှာ ကြောက်တတ်လာတယ်၊ ရှောင်တတ်လာတယ်။ ဒါပေမယ့် နေပြည်တော် ပြန်ရောက်တဲ့အခါကျတော့ ချေး (ဂျီး)များ နေလို့မရတော့ဘူး။ စားရတော့တာပါပဲ။ ဒါ့ကြောင့်လည်း ကျွန်တော် အထက်မှာ ဖော်ပြသလ ကျွန်တော်တို့ဟာ နေ့စဉ် အဆိပ်အတောက် ပါတဲ့ အသီးအရွက်တွေ စားနေပါတယ်လို့ ကျွန်တော် တင်ပြလိုတာ ဖြစ်ပါတယ်။ ကိုယ်တိုင် စိုက်ပြီးတော့ သဘာဝ မြေသြဇာဘဲ ကိုယ်တိုင် ထည့်တယ် ဆိုရင်တော့ အဆိပ်အတောက် ကင်းတဲ့ အသီးအရွက် စစ်စစ်သာ ရရှိနိုင်ပါလိမ့်မယ်။

လူဆိုတာ သေမိုျးလို့ ပြောကြပေမယ့် မိမိရဲ့ မစဉ်းစား မဆင်ခြင်မှုကြောင့် သေချိန် မတန်သေးပဲ သေဆုံး ခဲ့ကြသူတွေ ဒုနဲ့ဒေး။ အစားအစာကြောင့် လူတွေ ရောဂါရကြရတယ်။ အဲဒီအတွက်ကြောင့် လူ အတော်တော် များများဟာ နေ့စဉ် အဆိပ် အတောက်များကို ဗိုက်ထဲသို့ သွတ်သွင်း နေကြရတယ်လို့ ပြောနေတာ ဖြစ်ပါတယ်။ လူရဲ့ ခန္ဓာကိုယ် အတွင်းမှာရှိတဲ့ ကိုယ်ခံ စွမ်းအားတွေ ကောင်းနေ သေးလို့ ချက်ချင်း တုန့်ပြန်မှု မရှိတာ ဖြစ်ပါတယ်။ အန္တရာယ်ရှိတဲ့ အစားအသောက် ဟာ ကျွန်တော်တို့ရဲ့ လက်တစ်ကမ်းမှာ အမြဲရှိ နေတယ် ဆိုတာ လေးလည်း သတိချပ် မိဖို့လိုပါတယ်။

သတင်းစာထဲက အဆိပ်သင့် ဖြစ်ရပ်ဖော်ပြချက်များ

၂ဝ၁၃ ခုနှစ်၊ ဖေဖော် ဝါရီလ ၁၄ ရက်နေ့ ထုတ် ကြေးမုံ သတင်းစာ၊ စာမျက်နှာ (၁၄) မှာ ကော့မှူး မြို့နယ်၊ ပတုပ် ကျေးရွာမှ အသက် (၃၆) နှစ် ရှိ အမိုျးသမီး တစ်ဦး ၎င်းရဲ့ ခင်ပွန်းနဲ့ စကားများပြီး ပိုးသတ်ဆေး သောက်ရာမှ သေဆုံးကြောင်း သတင်း ဖတ်လိုက် ရပါတယ်။ ၂ဝ၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၇) ရက်နေ့ ထုတ် ကြေးမုံ သတင်းစာ၊ စာမျက်နှာ (၁၅) မှာ စစ်ကိုင်းတိုင်း ဒေသကြီး ဟုမ္မလင်း မြို့နယ် ထမံသီ ကျေးရွာအုပ်စု၊ ယက်ဖ ကျေးရွာရှိ လပြည့်နဂါး ကုမ္ပဏီပိုင် သစ်ပါးလွှာစက်ရုံမှ ဝန်ထမ်း (၃၂) ဦးဟာ နံနက်ထမင်းကို ဂေါ်ဖီထုပ် အသုပ်ဟင်းနဲ့ စားရာမှ အစာအဆိပ် သင့်ကြောင်း၊ ၎င်းကော်ဖီထုပ်မှာ ဖျန်းပက် ထားတဲ့ ပိုးသတ် ဆေးပြောင်အောင် မဆေးကြောတဲ့ အတွက် ဖြစ်ပွားရခြင်း သတင်းတစ်ပုဒ် ပါရှိလာပါတယ်။ ၂ဝ၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၇) ရက် နေ့ထုတ် ကြေးမုံ သတင်းစာ၊ စာမျက်နှာ (၁၄) မှာ ရန်ကုန်တိုင်း တောင်ပိုင်း ခရိုင် သုံးခွ မြို့နယ် အဇက်ဝ ကျေးရွာသူ မသက်မာဝေ (၂၄) နှစ်ဟာ လယ်ထဲ ပဲပင်များ ဆေးဖျန်းဖို့ 'အဆီဖိတ်' ပိုးသတ် ဆေးမှုန့်ထုပ်ကို သွားနဲ့ ကိုက်ဖောက်စဉ် ပါးစပ်ထဲ ဆေးမှုန့်ဝင်သွားတဲ့ အတွက် အသက် ဆုံးပါး သွားကြောင်း သတင်း တစ်ပုဒ် ပါရှိ လာပါတယ်။ ၂ဝ၁၃ ခုနှစ်၊ မတ်လ (၃) ရက် နေ့ထုတ် ကြေးမုံ သတင်းစာ၊ စာမျက်နှာ (၁၄) မှာ စစ်ကိုင်း တိုင်း ဒေသကြီး ဟုမ္မလင်း မြို့နယ် ထမံသီ ကျေးရွာ အုပ်စု၊ ယက်ဖ ကျေးရွာရှိ လပြည့် နဂါး ကုမ္ပဏီပိုင် သစ်ပါးလွှာ   စက်ရုံမှာဘဲ ဆိတ်သား ခြောက်ကို ဘူးသီးနဲ့ ပဲသီး ရောချက်တဲ့ ဟင်းခိုျ စားသောက် မိတဲ့ အတွက် စက်ရုံဝန်ထမ်း (၆) ဦး သေဆုံးပြီး (၃၃) ဦး အစာအဆိပ် သင့်ကြောင်း သတင်း ပါရှိ လာပြန် ပါတယ်။

မနုသတ္တဒုလ္လဘ

လောကကြီးမှာ လူတစ်ယောက် ရယ်လို့ ဖြစ်လာဖို့ အဆင့်ပေါင်း များစွာ ဖြတ်သန်း လာရပြီး နောက်ဆုံး အလုပ်လုပ် နိုင်တဲ့ လူကြီး တစ်ယောက် ဖြစ်လာဖို့က မိဘ တွေက ပြုစု စောင့်ရှောက် လာရ တာ ငွေတန်ဖိုးနဲ့ တွက်ချက် ပါက နည်းမှာ မဟုတ်ပါဘူး။ အထက် ဖော်ပြပါ သတင်း စာထဲက အဆိပ် သင့်လို့ သေဆုံး သွားတဲ့ ဖြစ်စဉ်တွေ စဉ်းစား သုံးသပ်တဲ့ အခါ ပေါ့ဆစွာ လုပ်ကိုင် ဆောင်ရွက် ကြတဲ့ အတွက် သေဆုံး ခဲ့ရတာ အများဆုံး ဖြစ်ပါ လိမ့်မယ်။ ကိုယ့်ကိုယ် ကို သေကြောင်းကြံလို့ သေဆုံးတဲ့ ဖြစ်စဉ်က လွဲလို့ ကျန်ဖြစ်စဉ် တွေဟာ ပေါ့ဆမှု ကြောင့် ဖြစ်ပါတယ်။ လူ့အသက် မသေသင့်ပဲ သေခဲ့ရတဲ့ အခြေအနေ ဖြစ်ပါ တယ်။ စစ်ကိုင်းတိုင်း ဒေသကြီးက ဖြစ်စဉ် နှစ်ခု ဆိုရင် ရက်ပိုင်းသာ ခြားတဲ့ ဖြစ်စဉ်တူ၊ နေရာ တူတာ ဖြစ်ပါတယ်။ ချက်ပြုတ်တဲ့ ပုဂ္ဂိုလ် များက ကိုယ်ချက် ပြုတ်မဲ့ ဂေါ်ဖီထုပ် ကို စနစ်တကျ မဆေးကြောခြင်း၊ ရေနွေးနဲ့ ပြုတ်ပြီး ဆေးသင့်ရက်နဲ့ မဆေးမိခြင်း၊ တမင် တကာများ တစ်စုံ တစ်ယောက် က အဆိပ်ကို ခတ်သွားခြင်း စသဖြင့် စားသုံးသူ အကာအကွယ် ပေးရေး ရှုထောင့်က စဉ်းစား သုံးသပ် တာဖြစ် ပါတယ်။ ထို့အတူ ဒီအဖွဲ့ကြီးပဲ နှစ်ပတ်လောက် ခြားပြီး ထပ်ဖြစ်တာ တွေ့ရပါတယ်။ ချက်ပြုတ်တဲ့ ပစ္စည်း အမယ်သာ ပြောင်းပေမဲ့ ချက်ပြုတ် တဲ့လူ၊ ချက်ပြုတ် ပုံပြောင်း လည်းခြင်း မရှိတဲ့ အခြေအနေ ဖြစ်မယ်လို့ သုံးသပ် ရပါတယ်။ ဒုတိယ ဖြစ်စဉ်မှာ ဆိတ်သားခြောက် ပါလာတာ တွေ့ရပါတယ်။ ဈေးထဲမှာ တွေ့နေရတဲ့ အသား တွေဟာ ကြာရှည် အထားခံနိုင်ဖို့ ယမ်းစိမ်း (အမိုး နီးယမ် နိုက်ထရိတ်) များ ပက်ဖျန်း ပေးထား ရတယ်လို့ ဆိုပါတယ်။ ယမ်းစိမ်းဟာ လူရဲ့ အသားတွေ စားနိုင်တဲ့ ဂုဏ်သတ္တိ ရှိတဲ့ အတွက် လူ့ရဲ့ အတွင်းပိုင်း ကလီစာတွေ လှိုက်စားပြီး သေဆုံး သွားတာ ဖြစ်နိုင်ချေ အများဆုံး ဖြစ်ပါတယ်။ ဘာပဲ ပြောပြော ဒီဆေးတွေ အန္တရာယ် များတဲ့ အကြောင်း အများ ပြည်သူများ သိဖို့ အလွန်အရေးကြီး ပါတယ်။

ရန်ကုန်တိုင်း ဒေသကြီး သုံးခွမြို့နယ်က အဆီဖိတ် ပိုးသတ် ဆေးမှုန့် ပါးစပ်ထဲကို ဝင်သွားလို့ သေဆုံး တဲ့ ဖြစ်စဉ်လည်း ပေါ့ဆစွာ ဆောင်ရွက် လုပ်ကိုင်တဲ့ အတွက် ဖြစ်ပါတယ်။ အန္တရာယ် များတဲ့ ပိုးသတ် ဆေးကို ကိုင်တော့ မယ်ဆိုရင် လိုအပ်တဲ့ အသုံးအဆောင် ပစ္စည်းများ ကြိုတင် စုဆောင်း ထားသင့်တယ်။ အဇက်ဝ ကျေးရွာက မသက်မာဝေ (၂၄) နှစ်ရဲ့ ဖြစ်စဉ်မှာ ပိုးသတ် ဆေးမှုန့် ထုပ်ဖောက်ဖို့ ကပ်ကြေးတို့၊ ဓားတို့ ကြိုတင် စီမံ ထားမယ် ဆိုရင် ပါးစပ်နဲ့ ဖောက်စရာ အကြောင်း မရှိတော့ဘူး ပေါ့ဗျာ၊ လက်အိတ်၊ နှာခေါင်း စီးနဲ့ အခြား ခန္ဓာကိုယ် အတွက် အကာအကွယ် ပစ္စည်းများ ကြိုတင် ပြင်ထား ဖို့လို အပ်ပါတယ်။ ကျွန်တော်တို့ မြန်မာ လူမိုျး များရဲ့ အားနည်းချက်က အလုပ်ကို ဖြစ်သလို၊ ကြုံသလို လုပ်တာဟာ မကောင်းဘူး ဆိုတာ ထင်ထင် ရှားရှား မီးမောင်း ထိုးပြခြင်းဘဲ ဖြစ်ပါတယ်။ ဒီကိစ္စ တွေဟာ ကျွန်တော်တ နိုင်ငံ စားသုံးသူ အကာ အကွယ် ပေးရေး လုပ်ငန်း တွေမှာ ထည့်သွင်း စဉ်းစား သင့်တဲ့ အချက် တစ်ချက် ဖြစ်ပါတယ်။ ပိုးသတ် ဆေးထုတ် လုပ်ရ ခြင်းဟာ ပိုးကို သတ်ဖို့ဖြစ်ပေမဲ့ လူတွေ သေရတာ ဝမ်းနည်းစရာ ကောင်းပါတယ်။ တီထွင် ထုတ်လုပ်တဲ့ ပုဂ္ဂိုလ် က လူ့အသက် သတ်ဖို့ ထုတ်မှာမဟုတ်ပါဘူး။ အခို့ျသော စိတ်ဓါတ် ပျော့ညံ့တဲ့ လူအခို့ျက သူ့ရဲ့ လတ်တလော စိတ်ခံစားမှု ကို ရှေ့တန်း တင်ပြီး ကိုယ့်ကိုယ်ကို သေကြောင်း ကြံစည်တဲ့ အခါမှာ ဒီပိုးသတ် ဆေးကို တလွဲ အသုံးပြု တတ်ပါတယ်။ လူအသက် တန်ဖိုးကို နားမလည် တဲ့လူတွေ ဖြစ်ပါတယ်။ အချို့ လူတွေ ကျတော့ လည်း အန္တရာယ်ကို ဂရုမပြုမိတဲ့ အတွက် တန်ဖိုး ရှိတဲ့ လူ့အသက်တွေ သေဆုံးခဲ့ရတယ်။ အဲဒီ လူတွေဟာ ဈေးထဲမှာ တွေ့တဲ့ အသားများနဲ့ အသီးအရွက်များကို သေချာ သန့်စင်အောင် မဆေးကြောတဲ့ အတွက် စားမိတဲ့ လူတွေ အသက် ဆုံးပါးသွား ရတဲ့ အထိ ဖြစ်ခဲ့ ရပါတယ်။ လူ့ဘဝ ဟူသည် ရခဲ၏ တဲ့။ ရခဲတဲ့ လူ့ဘဝကို တန်ဖိုး ထား ဂရုစိုက် ကြဖို့ သတိပေး စကားရှိနှင့် နေပြီးသား ဖြစ်တယ်။

ပိုးသတ်ဆေးဘာကြောင့်သုံးရသလဲ

အထက်ပါ ဖြစ်စဉ် တွေကို ကြည့်တဲ့ အခါမှာ အသီးအရွက် တွေမှာ ကျရောက်တဲ့ ပိုးအမိုျးမိုျး နှိမ်နင်းဖို့ ပိုးသတ် ဆေးအသုံး ပြုခြင်းရဲ့ နောက်ဆက်တွဲ ပြဿနာတွေ ဖြစ်ပါတယ်။ ဒီဘက်ခေတ်မှာ ပိုးတွေ များလာလို့လား မပြောတတ်၊ အသုံးပြုတဲ့ ပိုးသတ်ဆေး တွေက ယခင် ဆေးမိုျးန ဲ့မတူ ပိုမို အစွမ်းထက် လာတာ တွေ့နေရ ပါတယ်။ ဒါ့ကြောင့်လည်း ပိုးသတ်ဆေး ကိုင်တဲ့ အခါမှာ ပိုမို ဂရုစိုက် ပေးဖို့ အရေးကြီးကြောင်း မြင်တွေ့ နေရပါတယ်။ မြန်မာ နိုင်ငံမှာ တွေ့ရတဲ့ အဓိက အပင်၊ အသီး၊ အရွက် တွေကို ကိုက်စား ဖျက်ဆီးတဲ့ ပိုးတွေ ကတော့ သီးလုံး ဖောက်ယင် (Fruit Fly)၊ ပင်စည်ထိုးပိုး (Stem borer)၊ ဖြုတ်ပိုး (Hopper)၊ ပျပိုး (Aphid)၊ အစေ့ထိုးပိုး (Stem borer)၊ ခေါင်ညွှန့်ထိုးပိုး (Shoot or tip borer)၊ ပိုးစေးနဲှ (Mealy bug)၊ အကြေးပိုး (Scale insect)၊ လှေးပိုး (Thrip)၊ ခြ (Tarmite)၊ ပွေး (Bamboo rat) စတဲ့ အမိုျးပေါင်း ဒီထက် မက ပိုးတွေ ရှိနေဦးမှာ ဖြစ်ပါတယ်။ ပိုးကောင် တွေက အပင်၊ အကိုင်း၊ အသီး၊ အရွက်နဲ့ အမြစ်တွေကို ကိုက်စား ဖျက်ဆီး ခဲ့တာကြောင့် လူတွေ စားဖို့ မသင့်တော့ဘူး။ ဈေးတွေမှာ ပိုးကိုက်ပိုး စားတဲ့ အသီးအရွက် ဆိုရင် လူတွေ ရှောင်ကြတယ်။ ဒါကြောင့် အသီးအရွက် တွေကို ထုတ်လုပ်တဲ့ သူက ရောင်းပန်း လှဖို့ ပိုးသတ် ဆေးတွေ လှိုင်လှိုင် သုံးလာကြခြင်း ဖြစ်ပါတယ်။ အချို့ ပိုးသတ်ဆေး တွေဟာ သာမန် ရေအေးနဲ့ ဆေးရုံဖြင့် မရတဲ့ အကြောင်း မြန်မာ့ စိုက်ပိုျးရေး လုပ်ငန်း တာဝန်ရှိ ပုဂ္ဂိုလ် တစ်ဦးရဲ့ ပြောဆိုချက် ကို မှတ်သား ဖူးပါတယ်။ ရေနွေးနဲ့ စိမ်ပြီးမှ ပိုးသတ်ဆေးရဲ့ ဓါတု ဓါတ်ကြွင်တွေ ဓါတ်ပြယ် ပြီးမှသာ ချက်ပြုတ် စားသောက်လို့ ရနိုင်မှာဖြစ် ပါတယ်။ ဒီပြဿနာ တွေက မြန်မာနိုင်ငံ အနံှ့မှာ မြင်တွေ့ နေရဦးမှာ ဖြစ်တဲ့ အတွက် အသီး အရွက်များ ဝယ်ယူတဲ့ အခါမှာ သတိထားဖို့ လိုအပ်မှာ ဖြစ်ပါတယ်။

ပိုးသတ် ဆေးရဲ့ တာဝန်ဟာ ပိုးကောင်များ သေစေဖို့အတွက်သာ

ပိုးသတ်ဆေးရဲ့ သဘော သဘာဝဟာ သီးပင် စားပင်တွေ လာရောက် ကိုက်စား ဖျက်ဆီးလာတဲ့ ပိုးတွေ သတ်ဖို့ ထုတ်လုပ် ထားတဲ့ ဓါတုဗေဒ ဆေးများ ဖြစ်ပါတယ်။ ဒီဆေးရဲ့ တာဝန်က လည်း စားမိတဲ့ သတ္တဝါများ သေဆုံး ဖို့ဖြစ်ပါတယ်။ အသုံးပြုတဲ့ လူပေါ်မှာ အန္တရာယ်ရှိဖို့ မရှိဖို့ဆိုတာ မူတည်နေတာ ဖြစ်ပါတယ်။ ပိုးသတ်ဆေး ထုတ်လုပ်တဲ့ သူတွေက ပိုးသတ်ဆေးရဲ့ ဗူးခွံပေါ်၊ ပုလင်းခွံ ပေါ်နဲ့ အိတ်ခွံပေါ် တွေမှာ သတိပေးစာတမ်းများ ထင်ထင် ရှားရှား ရေးသား ထားခဲ့ပါတယ်။ နိုင်ငံတော် အနေဖြင့် လည်း ပြည်ပမှ ပိုးသတ်ဆေး အပါအဝင် ဓါတုဗေဒ ဆေးဝါး ပစ္စည်းများ တင်သွင်းတဲ့ အခါ သက်ဆိုင်ရာ ဌာနတွေရဲ့ ထောက်ခံ ချက်ကို တောင်းပြီး စိစိစစ်စစ် ခွင့်ပြုရပါတယ်။ လူတွေအတွက် အကိုျးပြုဖို့ ရည်ရွယ်တာ ဖြစ်ပြီးတော့ အသုံးပြု နည်းအညွှန်း ကိုပါ ထုတ်လုပ်သူက ဖော်ပြ ပေးလေ့ရှိပါတယ်။ အသုံးပြု တော့မယ် ဆိုရင် အညွှန်းကို သေသေချာချာ နားလည်ပြီးမှ အသုံးပြုဖို့ အရေးကြီး ပါတယ်။ သုံးတတ်ရင် အကိုျးရှိပြီးတော့ မသုံးတတ်ရင် ဘေးဖြစ် စေတာက ပိုးသတ်ဆေးပဲ ဖြစ်ပါတယ်။

ပိုးသတ်ဆေးနဲ့ ပတ်သက်ပြီးအကြံပြုချက်

ပိုးသတ် ဆေးဟာ သေနတ် တစ်လက်လို ကိုင်တွယ် ထိန်းသိမ်းတတ်ဖို့ လိုအပ်ပါတယ်။ သေနတ် ဆိုတာ ကိုယ့်ကိုယ် ကိုယ်ကာကွယ် ဖို့ဖြစ်ပေမယ့် အသုံးမပြု တတ်ရင် ကိုင်တဲ့ လူပါ သေစေနိုင်တဲ့ လက်နက် ကိရိယာပဲ ဖြစ်ပါတယ်။ ထိုနည်းတူစွာပဲ ပိုးသတ်ဆေး ဟာလည်း စိုက်ပိုျးပင်များ ပိုးကောင်များရဲ့ ဘေးရန်မှ ကာကွယ်ပေး ဖို့ပဲဖြစ်ပါ တယ်။ အသုံးပြုတတ်ရင် အကိုျးပေးမှာ ဖြစ်သလို အသုံးမပြု တတ်ရင် တော့ ကိုင်တွယ် တဲ့လူ အတွက် အသက် အန္တရာယ် ပါပေးသွားမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့် စားသုံးသူ ပြည်သူများ ပိုးသတ် ဆေးကို စနစ်တကျ ကိုင်ကွယ် အသုံးပြု တတ်လာစေဖို့နဲ့ အန္တရာယ် ကင်းအောင် အောက်ပါ အတိုင်း ဆောင်ရွက် သင့်ကြောင်း အကြံပြု လိုပါတယ်-

၁။ ပိုးသတ်ဆေးကို သတ်မှတ် အညွှန်း အတိုင်း အတိအကျ လိုက်နာပေးပါ။

၂။ ပိုးသတ် ဆေးဗူး (သို့မဟုတ်) အထုပ် (သို့မဟုတ်) ပုလင်းများ ကိုင်တွယ်ပြီး တိုင်း လက်ကို ဆပ်ပြာနဲ့ စင်ကြယ်အောင် ဆေးကြောပါ။

၃။ ပိုးသတ်ဆေးကို ကလေးများ မမီနိုင်တဲ့ နေရာမှာ အလွယ်တကူ ထုတ်ယူ နိုင်လို့ မရအောင် ထိန်းသိမ်း ထားရှိပါ။

၄။ ပိုးသတ် ဆေးကို လိုတာ ထက် အချိုး ပိုမသုံးရန်။

၅။ ပိုးသတ် ဆေးဖျန်း တိုင်းမှာ အကာအကွယ် အသုံးပြုပါ။

၆။ ပိုးသတ်ဆေးကို အသားနဲ့ မထိစေရေး ဂရုစိုက် ဆောင်ရွက် ပေးပါ။

၇။ ပိုးသတ်ဆေးဖျန်းတဲ့အခါမှာ လေအဆန်ဘက်မှသာနေ၍ ဖျန်းပေးရပါမယ်။

၈။ ပိုးသတ် ဆေးဖျန်းထားတဲ့ အသီးအရွက် များကို ချက်ချင်း စားသောက်ခြင်း မပြုသေးဘဲ လေသလပ် ခံခြင်း၊ ရေနွေးနဲ့ ပြုတ်ခြင်း၊ ရေနဲ့ သေချာစွာ ဆေးကြောခြင်း များကို စနစ် တကျ ပြုလုပ်ရန်။

၉။ ပိုးသတ် ဆေးဖျန်းထားတဲ့ အသီးအရွက်များ ချက်ပြုတ်တဲ့ အခါမှာ မူလ အရောင်များ၊ အနံ့များ၊ အသီးအရွက် ပုံစံများ၊ ပြောင်းလဲ သွားတယ်လို့ ယူဆပါက မစားပါနဲ့။

၁ဝ။ ပိုးသတ်ဆေးနဲ့ ပတ်သက်လို့ သံသယ ဖြစ်မှုများကို သက်ဆိုင်ရာ ကျွမ်းကျင်တဲ့ ပုဂ္ဂိုလ်များကို မေးမြန်းပြီးမှသာ ကိုင်တွယ် ဆောင်ရွက်ပါ။

၁၁။ ပိုးသတ် ဆေးများကို အခြား စားသောက်ကုန် ပစ္စည်းများနဲ့ ရောနှော ထားသို ခြင်းမရှိစေရန် ဂရုစိုက် ရမည်။

အဆိပ်အတောက်ရှောင်ရှားနိုင်ရေးဆောင်ရွက်စို့

နေ့စဉ် စားသောက် နေတဲ့ အစားအသောက် အတွက် ရွေးချယ် စားသောက် တတ်ဖို့ လိုအပ်ပါတယ်။ မနက် မိုးလင်းလို့ လက်ဖက် ရည်ဆိုင် သွားပြီး နံနက် စောစောစား သုံးတတ် သူများ ကိုယ်စားတဲ့ မုန့်ဟာ အပြန်ပြန် အလှန်လှန် ကြော်လှော် ပြီးသားဆီနဲ့ ကြော်တာ ဆိုရင်ရှောင်ပါ။ ရောဂါရဖို့ ရာခိုင်နှုန်း အလွန်များ ပါတယ်။ အခို့ျ လက်ဖက်ရည်ဆိုင် တွေဟာ မုန့်ကြော်တဲ့ဆီ အထဲကို ရေသန့်ဗူးခွံ ထည့်ကြော်တယ် လို့ ကြားသိ ရပါတယ်။ ကြော်လိုက်တဲ့ မုန့်တွေ ကြွပ်ရွ စေဖို့လို့လည်း ဆိုပါတယ်။ တတ်လည်း တတ်နိုင် လွန်းတဲ့ လူတွေပဲ။ မဟုတ်တဲ့ ပညာဘက်မှာ စွမ်းဆောင်ရည် မြင့်မားလွန်း ကြတယ်။ နောက်ပိုင်း စားသောက် ဆိုင်တွေမှာ အစားအသောက် လုံခြုံမှု အာမခံချက် ပေးနိုင်မဲ့ ဆိုင်တွေပဲ ရောင်းရ တော့မဲ့ အချိန် ရောက်လာမှာ ဖြစ်ပါတယ်။ ဖြစ်လည်း ဖြစ်သင့် ပါတယ်။ စားသုံးသူက ငြင်းပယ်မှသာ ထုတ်လုပ် သူဘက်မှ ပြုပြင်လာမှာ ဖြစ်ပါတယ်။

ဒီဘက် ကာလ ပိုင်းတွေမှာ ရောဂါနဲ့ သေဆုံးတဲ့ သူတွေ အများဆုံးက ကင်ဆာ ရောဂါ အပါအဝင် အစား အသောက် ကနေ ဆင်းသက် လာတဲ့ ရောဂါတစ်ခုခု ကြောင့် ဖြစ်ပါတယ်။ ကျွန်တော့်ရဲ့ ပတ်ဝန်းကျင်မှာ ဖြစ်ပျက်မှုတွေ လေ့လာတဲ့ အခါ လူလတ်ပိုင်းတွေ အဖြစ်များတာ တွေ့နေရ ပါတယ်။ အကြောင်း ကတော့ ယနေ့ ကျွန်တော်တို့ စားသောက် နေတဲ့ အစားအသောက် ထဲမှာ အဆိပ်အတောက် တွေ အလွန်အကံျွ ပါရှိလာတယ် ဆိုတာ ထင်ဟပ် ခြင်းပဲဖြစ်ပါတယ်။

ဒါ့ကြောင့် ကျွန်တော်တို့ စားသုံးသူ ပြည်သူများဟာ အစားအသောက် အန္တရာယ် ကင်းရှင်း စေရေးဟာ နိုင်ငံတော် အတွက် ဦးစားပေးရမဲ့ အမိုျးသား ကာကွယ်ရေး ကိစ္စ အဆင့်အနေနဲ့ ရောက်ရှိ နေပြီ ဖြစ်ပါတယ်။ ကြာလေ ဆိုးလေ မဖြစ်အောင် နိုင်ငံသားတိုင်းမှ မိုျးချစ်စိတ်ဓါတ် အရင်းခံပြီး မိမိ တတ်နိုင် သ၍ စားသုံးသူများ ဘက်မှ အစားအသောက် ထဲက အဆိပ်အတောက်များ ကာကွယ်ရေး လုပ်ငန်း ဆောင်ရွက်ကြပါ စို့လို့ တိုက်တွန်း ရေးသား လိုက်ရ ပါတယ်။

                                                                                                                                          ခမ်လျန်စွမ်း