ကန်ပိုက်တီး နယ်စပ် ကုန်သွယ်ရေး စခန်းမှ ပီလော ပီနံတန် ၆ဝဝ ကျော်တင်ပို့

Mon, 05/20/2013 - 05:29 -- admin

တနင်္လာနေ့ ၁၈ ဖေဖော်ဝါရီလ ၂၀၁၃ 16:45 PM

ကန်ပိုက်တီး နယ်စပ် ကုန်သွယ်ရေး စခန်းရှိ အဓိက ပို့ကုန် အမယ်များ အနက် တစ်ခု အပါ အဝင် ဖြစ်တဲ့ ပီလော ပီနံ (အစို) များကို ဖေဖော်ဝါရီလ ၇ ရက်နေ့မှ စတင်ပြီး တန် ၆ဝဝ ကျော် တင်ပို့ ခဲ့ပါတယ်။ ကချင် ပြည်နယ် မြစ်ကြီးနား ခရိုင် ဝိုင်းမော် မြို့နယ် အတွင်းမှာ ရှိတဲ့ ကချင် တိုင်းရင်းသားပိုင် ချန်ရင်းခူး ကုမ္ပဏီ လီမိတက်မှ ဒေသ အတွင်းနေ တိုင်းရင်းသား ပြည်သူများ အလုပ် အကိုင် ရရှိရေးနဲ့ ဘိန်း အစားထိုး သီးနံှ စိုက်ပျိုးရေး ရည်ရွယ်ချက် များဖြင့် တစ်ဖက် တရုတ် နိုင်ငံ နည်းပညာဖြင့် စိုက်ပျိုးခဲ့တာ ဖြစ်ပါတယ်။ ယမန်နှစ် (၂ဝ၁၁-၂ဝ၁၂) ဘဏ္ဍာနှစ် အတွင်းမှာ ပီလော ပီနံ အမှုန့် (၈၅၅) တန်နဲ့ ပီလော ပီနံ (အစို) ၂၇၄၆ တန် တင်ပို့ ခဲ့ပြီး ယခု ၂ဝ၁၂- ၂ဝ၁၃ ဘဏ္ဍာနှစ် အတွင်း မှာတော့ ပီလောပီနံ (အစို) တန်ချိန် ပေါင်း ၁ဝဝဝဝ ကျော် ထုတ်လုပ် တင်ပို့ သွားမှာဖြစ်ကြောင်း သတင်း ရရှိပါတယ်။

နကသ (ကပတ)