Covid-19 နှင့်ပတ်သတ်သော သတင်း/ဆောင်းပါးများ

ယခုအခါ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နေရာအနှံ့အပြားတွင် ကိုရိုနာဗိုင်းရပ်စ်ပိုး(Covid-19) မှာ ပျံ့ပွားလျှက်ရှိပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန အနေဖြင့် ပြည်သူများထံသို့ ဝန်ဆောင်မှုပေးသည့် လုပ်ငန်းများတွင် လူလူချင်းထိတွေ့မှုများ ဟန့်တားနိုင်ရေး၊ ဗိုင်းရပ်စ်ပိုးကူးစက် မှုများအားလျှော့ထားနိုင်ရေး အထူးအလေးပေး ဆောင်ရွက် လျှက်ရှိရာ ဝန်ကြီးဌာနမှထုတ်ပေးဆောင်ရွက်လျက်ရှိသည့် ပို့ကုန်သွင်းကုန်လိုင်စင် လျောက်ထားမှု အား (၁-၄-၂၀၂၀)ရက်နေ့မှ စတင်ပြီး အွန်လိုင်းမှ လျောက်ထားခြင်း၊ ထုတ်ပေးခြင်းလုပ်ငန်းစဉ်များ အား စတင်ခွင့်ပြု ဆောင်ရွက်ပေး သွားမည်ဖြစ်ပါသည်

Corona Virus ပျံ့နှံ့မှုကိုတားဆီးထိန်းချုပ်နိုင်ရေး တရုတ်ပြည်မအတွင်း ခရီးသွားလာခြင်း ကန့် သတ်မှုကြောင့် မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်တွင် ကုန်သွယ်မှုရပ်တန့်မှုမရှိသော်လည်း ကုန်သွယ်မှု ပမာဏအနေဖြင့် ယခင်ကတစ်ရက်လျှင်အမေရိကန်ဒေါ်လာ(၁၀)သန်းမှ (၁၅)သန်းအထိရှိရာမှ တစ်ရက်လျှင် အမေရိကန်ဒေါ်လာ (၁)သန်းမှ(၂)သန်းအထိသို့ လျော့ကျသွားခဲ့ပါတယ်။ သို့ရာတွင် ၂၀၂၀ ပြည့်နှစ် ၊  ဖေဖော်ဝါရီလ ၂၄ ရက်မှစ၍ လုပ်ငန်းများ ပြန်လည်စတင်နိုင်ခဲ့ရာ ယခုတစ်ပတ်တွင် တစ်ရက်လျှင် အမေရိကန်ဒေါ်လာ (၁၀)သန်း အထက်သို့ရောက်ရှိလာပြီဖြစ်သဖြင့် ကုန်သွယ်မှုမှာ ပုံမှန်နီးပါးဆောင်ရွက် လာနိုင်ခဲ့ကြောင်း သိရှိရ ပါတယ်။

 

ရန်ကုန် မတ် ၁၉

 

COVID-19 ရောဂါကြောင့် တရုတ်-မြန်မာနယ်စပ် မူဆယ်မြို့တွင် ဖရဲနှင့် သခွားမွှေး တင်ပို့မှုကို ရပ်နားထားခဲ့ရာမှ မတ် ၁၅ ရက်မှစတင်ကာ ပုံမှန်အတိုင်း တင်ပို့နိုင်ခဲ့ပြီး အရောင်းအဝယ် ကောင်းမွန်လာကြောင်း မြန်မာနိုင်ငံ ဖရဲ၊ သခွားမွှေး စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများ အသင်းမှ သိရသည်။

 

တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် ကမ္ဘာပေါ်တွင် ဒုတိယမြောက် အကြီးဆုံး စီးပွားရေးအင်အားရှိသည့်နိုင်ငံဖြစ်ပြီး၊ ကုန်သွယ်ရေးတွင် ဉီးဆောင်နေသောနိုင်ငံလည်း ဖြစ်ပါသည်။ တရုတ်နိုင်ငံသည် ၂၀၀၃ ခုနှစ်အတွင်း SARS ဖြစ်ပွားပြီးခဲ့သည့်နောက်ပိုင်း၌ ကမ္ဘာ့စီးပွားရေးလုပ်ငန်းများ၏ မရှိမဖြစ်အစိတ်အပိုင်းဖြစ်လာခဲ့ပြီး ရေနံနှင့် ကြေးနီ ကဲ့သို့သော ကုန်ပစ္စည်းများ၏ဝယ်လိုအားကို တွန်းအားပေးနေသည့်နိုင်ငံလည်းဖြစ်ပါသည်။ ထို့ပြင် တရုတ်နိုင်ငံမှ ငွေကြေးတတ်နိုင်သူ များပြားလာသောကြောင့် ဇိမ်ခံပစ္စည်းများနှင့် မော်တော်ယာဉ်များကို ဝယ်ယူသုံးစွဲလာခြင်း၊ ခရီးသွားလာမှုများလည်း များပြားလာခြင်း တို့ကြောင့် ၂၀၀၃ ခုနှစ်အတ

 

ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် ကျင်းပပြုလုပ်မည့်ပွဲများဖျက်သိမ်းရခြင်း၊ စီးပွားရေး ကျဆင်းနိုင်သည်မှာသေချာလျက်ရှိခြင်းနှင့် စားသုံးသူများနှင့် ရင်းနှီးမြှုပ်နှံသူများ အတွက် နှစ်တော်တော်ကြာအောင် အဆင်မပြေမှုများဖြစ်နိုင်ခြင်း၊စားသုံးသူများနှင့် ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှုများလျော့ကျလာနိုင်ခြင်း၊ အမေရိကန်နိုင်ငံသည် ဥရောပသမ္မဂ္ဂမှ ကုန်ပစ္စည်းအများဆုံးတင်သွင်းသူနှင့် ရင်းနှီးမြှုပ်နှံမှုအများဆုံး ပြုလုပ်ထားကြသူများဖြစ်သဖြင့် နှစ်ဦးနှစ်ဖက်အပြန်အလှန်ထိခိုက်မည်ဖြစ်ကြောင်း၊

 

တရုတ်နိုင်ငံဟူပေပြည်နယ်၊ဝူဟန်မြို့မှ၂၀၂၀ပြည့်နှစ်၊ ဇန်နဝါရီလ၇ရက်နေ့တွင်စတင် ဖြစ်ပွားခဲ့ သောCorona Virus ရောဂါပိုးကူးစက်ပျံ့နှံ့မှုကြောင့်  တရုတ်နိုင်ငံအတွင်း ပြည်နယ်တစ်ခုနှင့် တစ်ခု၊မြို့တစ်ခုနှင့်တစ်ခုကူးလူးဆက်ဆံမှုများကို ပိတ်ဆို့ဖြတ်တောက်လိုက်သဖြင့် ကုန်သွယ် မှုများရပ်ဆိုင်းသွားခဲ့ပြီး  တရုတ်နိုင်ငံနှင့်နယ်စပ်ကုန်သွယ်ရေးဆောင်ရွက်လျက်ရှိသော မူ ဆယ်၊လွယ်ဂျယ်၊ချင်းရွှေဟော်၊ကန်ပိုက်တီ ကုန်သွယ်ရေးစခန်းတို့တွင်လည်း ကုန်သွယ်မှု လုပ်ငန်းများ ကိုထိခိုက်လာခဲ့ပါတယ်။

 

Pages