သတင်းအချက်အလက်နည်းပညာနှင့် အရည်အသွေးစီမံခန့်ခွဲရေးဌာနခွဲ၏ လုပ်ငန်းတာဝန်သတ်မှတ်ချက်များ

၁။        e-Government ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝန်ကြီးဌာန သတင်းအချက်အလက် ဆက်သွယ် ရေးနည်းပညာကော်မတီနှင့် ညှိနှိုင်းဆောင်ရွက်ခြင်း။

၂။        ဌာန၏ Website ဖြစ်သော trade.gov.mm ကို ထိန်းသိမ်းခြင်းနှင့် စီမံခန့်ခွဲခြင်း။

၃။        အရည်အသွေးမီသတင်းအချက်အလက်များဖြစ်ပေါ်ရေးအတွက် Information Technology DatabaseSystem တည်ဆောက်ရေးကို ကြီးကြပ်ဆောင်ရွက်ခြင်းနှင့်သတင်းအချက်အလက် ဖြည့်ဆည်းရေး စီမံချက် များရေးဆွဲဆောင်ရွက်ခြင်း။

၄။        အခြားဝန်ကြီးဌာနများနှင့်လည်းကောင်း၊ ဝန်ကြီးဌာနအတွင်းရှိ လုပ်ငန်းဌာန အသီးသီးနှင့် လည်းကောင်း၊ Internet ကွန်ယက်စနစ်ဖြင့် ချိတ်ဆက်ခြင်း၊ Information Technology ဆိုင်ရာလုပ်ငန်းများ၊ e-Government ဖွံ့ဖြိုးတိုးတက်ရေးအတွက် သတင်းအချက်အလက် များ ရယူစုဆောင်းခြင်းနှင့် e-Government လုပ်ငန်းများနှင့်ပတ်သက်၍ ဝန်ထမ်းအရည် အသွေးမြှင့်တင်ရေးသင်တန်းများတွင် ကြီးကြပ်ဆောင်ရွက်ခြင်း။

၅။        ပြည်တွင်း/ပြည်ပမှ ထုတ်လုပ်တင်သွင်းလာသော ကုန်ပစ္စည်းများ၏ အရည်အသွေးများကို ဓါတ်ခွဲစစ်ဆေး၍ Certification ထုတ်ပေးခြင်းဖြင့် စားသုံးသူအကာအကွယ်ပေးရေးလုပ်ငန်း များ အဆင်ပြေချောမွေ့စေရန် ကူညီပေးခြင်း။

၆။        ဓါတ်ခွဲခန်းနည်းပညာများ အစဉ်တိုးတက်မှုရှိစေရေးအတွက် ပြည်တွင်း/ပြည်ပဓါတ်ခွဲခန်းများ နှင့် ချိတ်ဆက်၍ နည်းပညာများ ခေတ်နှင့်အညီ ရင်ဘောင်တန်းလိုက်နာရန် ဆောင်ရွက်ခြင်း။

၇။        လက်ရှိဓါတ်ခွဲစစ်ဆေးပေးနေသော လုပ်ငန်းနယ်ပယ်များကို တိုးချဲ့၍ ဓါတ်ခွဲစမ်းသပ်စစ်ဆေး မှုများကို ပြုလုပ်ပေးနိုင်ရေးအတွက် ဓါတ်ခွဲခန်းပစ္စည်းများနှင့် သက်ဆိုင်ရာဝန်ထမ်းများ၏ စွမ်းဆောင်ရည် (Capacity Building)ကို တည်ဆောက်သွားရန်။

၈။        ခေတ်နှင့်အညီ ဖြစ်ပေါ်လာသည့် ထုတ်ကုန်ပစ္စည်းများနှင့် ဆက်နွယ်သည့် Food Safety, SPS, အစရှိသည့် စားသုံးသူအကျိုး စီးပွားကာကွယ်ရေးနှင့် သက်ဆိုင်သည့် အကြောင်းအရာ များကို စူးစမ်းလေ့လာခြင်း။

၉။        အရည်အသွေးစီမံခန့်ခွဲရေးအတွက် စမ်းသပ်လေ့လာမှုများ ဆောင်ရွက်ခြင်း။

၁၀။       ပြည်တွင်း/ပြည်ပမှ ထုတ်လုပ်တင်သွင်းလာသော ကုန်ပစ္စည်းများ၏ အရည်အချင်းအရည်အသွေး သတ်မှတ်ချက်(Specification)များ၊ စံချိန်စံညွှန်းသတ်မှတ်ချက်(Standardization)များအား ပြည်တွင်းပြည်ပ International, Regional, National, Association, Company-wise  Specification များ၊ Standard များနှင့်နှိုင်းယှဉ်လေ့လာ၍အားပေးမြှင့်တင်ဆောင်ရွက်ခြင်း။

၁၁။       ပြောင်းလဲတိုးတက်လာသော အရည်အသွေးစီမံခန့်ခွဲမှုဆိုင်ရာနည်းပညာများကို စဉ်ဆက်မပြတ် သိရှိနိုင်ရန်အတွက် ပြည်တွင်း/ပြည်ပသင်တန်း၊ နည်းပညာများ၊ ပူးပေါင်းဆောင်ရွက်နိုင်ရန် အတွက် အဖွဲ့အစည်းများနှင့် ဆက်သွယ်ဆောင်ရွက်ခြင်း။