အမိန့်ကြော်ငြာစာများ

ယခင်ကုန်သွယ်ရေးဝန်ကြီးဌာန၏ အမိန့်အမှတ် ၂/၈၉ ဖြင့် ထုတ်ပြန်ခဲ့သော စီးပွားရေးအကျိုးဆောင်များ မှတ်ပုံတင်ခြင်းအမိန့်ပါ အပိုဒ် (၅) နှင့် အပိုဒ် (၇)  ၊ အပိုဒ်ခွဲ (က)နှင့် (ခ) တို့ကို အစားထိုးထုတ်ပြန်သည့် အမိန့်ကြော်ငြာစာ

အမိန့်ကြော်ငြာစာအမှတ် ၊ ၆၇/၂၀၂၀

Covid-19 နှင့်ဆက်စပ်သည့် သက်ရောက်မှုများ လျော့ပါးသက်သာစေရေးအတွက် ဘဏ်များအား ဖြေလျှော့ပေးသည့်အနေဖြင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ငွေကြေးလွယ်ကူမှုအချိုး တွက်ချက် ရာတွင် သက်တမ်းတစ်နှစ်ထက်ပို၍ ကျန်ရှိသော ငွေတိုက်စာချုပ်များတန်ဖိုး၏ ၅၀% ကို ထည့်သွင်း တွက်ချက်ရန် ခွင့်ပြုခဲ့ခြင်းအစား ၂၀-၄-၂၀၂၀ ရက်နေ့မှ ၃၀-၉-၂၀၂၀ ရက်နေ့အထိ ကာလအတွင်း ၉၀% အထိ ထည့်သွင်းတွက်ချက်ခွင့်ပြုသည့် ယာယီပြင်ဆင်သတ်မှတ်ချက်ကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ညွှန်ကြားချက် အမှတ် (၇/၂၀၂၀) ဖြင့် ထုတ်ပြန်ခဲ့ပါသည်။

အဆိုပါ ညွှန်ကြားချက်အရ ငွေကြေးလွယ်ကူမှုအချိုးတွက်ချက်မှု ယာယီပြင်ဆင်သတ်မှတ်သည့် ၂၀-၄-၂၀၂၀ ရက်နေ့မှ ၃၀-၉-၂၀၂၀ ရက်နေ့အထိကာလအား ၁-၁၀-၂၀၂၀ ရက်နေ့မှ ၃၁-၃-၂၀၂၁ ရက်နေ့အထိ ညွှန်ကြားချက်အမှတ် (၁၁/၂၀၂၀) ဖြင့် သက်တမ်းတိုးမြှင့်ပေးလိုက်ပြီဖြစ်ကြောင်း ဖော်ပြပါရှိပါသည်။

ပြည်သူ့ဝန်ထမ်းကောင်းတံဆိပ်ရရှိထားပြီးး အသက် ၅၇ နှစ်နှင့် အထက်ရှိသည့် ပင်စင်ယူရန် (၃) နှစ်အလိုဖြစ်သော တာဝန်ထမ်းဆောင်ဆဲ ပြည်သူ့ဝန်ထမ်းနှင့် နိုင်ငံဝန်ထမ်းများအား မော်တော်ယာဉ် တင်သွင်း/ဝယ်ယူခွင့်ပြုုသွားမည်ဖြစ်ပြီး ကြေငြာချက် အပြည့်အစုံအား ၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလ ၃၀ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင်လည်း ဖော်ပြပေးသွားမည်ဖြစ်ကြောင်း အသိပေးကြေငြာအပ်ပါသည်။

အမိန့်ကြော်ငြာစာအမှတ် ၂၃/၂၀၂၀ ဖြင့် ထုတ်ပြန်ခဲ့သည့် သွင်းကုန်လိုင်စင် (၁)စောင်လျှင် ကျပ် ၃၀၀၀၀ နှုန်းဖြင့် တစ်ပြေးညီ ဖြေလျှော့ကောက်ခံသည့် သွင်းကုန်လိုင်စင်ကြေးနှုန်းထားကို ယခင်က ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ ၃၀ ရက်နေ့အထိ သတ်မှတ်ခြင်း အစား ၂၀၂၀ ပြည့်နှစ် ၊ ဒီဇင်ဘာလကုန်အထိ ကာလတိုးမြှင့်သတ်မှတ်လိုက်သည်။

၂၀၁၉ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၃၅ ဖြင့် ပြဋ္ဌာန်းခဲ့သော သွင်းကုန်ပမာဏမြင့်တက်ခြင်းမှကာကွယ်ပေးမှုဥပဒေသည် ၂၀၂၁ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှစတင်၍ အာဏာတည်စေရမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးမှ ၁-၇-၂၀၂၀ ရက်စွဲပါ အမိန့် ကြော်ငြာစာအမှတ်၊ ၈၃/၂၀၂၀ ဖြင့် ထုတ်ပြန်ကြေညာခြင်း

ဦးစွာအသုံးပြုသူကိုအခွင့်အရေးပေးသောစနစ် (First to Use System) မှ ဦးစွာလျှောက်ထားသူကို အခွင့်အရေးပေးသောစနစ် (First to File System) သို့ ကူးပြောင်းရာတွင် အဆင်ပြေ ချောမွေ့စေရန်အလို့ငှာ ကုန်အမှတ်တံဆိပ် မူပိုင်ခွင့် ဥပဒေ ပုဒ်မ ၉၃၊ ပုဒ်မခွဲ (က) ပါအမှတ်တံဆိပ်ပိုင်ရှင်များအတွက် ဤအမိန့်ကို ထုတ်ပြန်လိုက်သည်။

၂၀၂၁ ခုနှစ်အတွက်ပြည်ပမှ မော်တော်ယဉ်တင်သွင်းခြင်းတွင် ထုတ်လုပ်သည့်ခုနှစ်သတ်မှတ်ခြင်းကို မော်တော်ယာဉ်တင်သွင်းခြင်းနှင့် သက်ဆိုင်သောလုပ်ငန်းများ ကြီးကြပ်ရေးကော်မတီ၏ သဘောတူညီချက်ဖြင့် အမိန့်ကြော်ငြာစာထုတ်ပြန်ကြေညာခြင်းဖြစ်သည်။

ပူးတွဲပါ PDF file တွင်ဖတ်ရှုနိုင်ပါသည်။

အမိန့်အမှတ် ၁၀/၁၉၉၉ ဖြင့် သတ်မှတ်ထုတ်ပြန်ခဲ့သည့် ပစ္စည်းများအနက် ပင်လယ်ရေကြောင်းမှလည်းကောင်း၊ နယ်စပ်ကုန်သွယ်မှုမှလည်းကောင်း၊ လေကြောင်းမှလည်းကောင်း ပြည်ပသို့တင်ပို့ခွင့်မပြုသောပစ္စည်းများအား သတ်မှတ်ထုတ်ပြန်ခြင်း

 

အမိန့်ကြော်ငြာစာအမှတ်၊ ၅၉/၂၀၂၀

 

 

Pages