အမိန့်ကြော်ငြာစာများ

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ပို့ကုန်သွင်းကုန်ဥပဒေ ပုဒ်မ ၄ ပုဒ်မခွဲ (က) နှင့် ပုဒ်မ ၁၃ ပုဒ်မခွဲ (ခ) တို့အရ အပ်နှင်းထားသည့် လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ ပြည်ပသို့ တင်ပို့သည့် သို့မဟုတ် ပြည်ပမှ တင်သွင်းသည့် မြေပဲဆီ၊ နှမ်းဆီ၊ နေကြာဆီနှင့် ပဲပုပ်ဆီတို့၏ အရည်အသွေးသတ်မှတ်သည့် အမိန့်အမှတ်၊ ၅/၂၀၂၂ ကို အောက်ပါ PDF File တွင် လေ့လာဖတ်ရှုနိုင်ပါသည်။

ကုန်စည်လိုင်းများကို သွင်းကုန်စနစ်သို့ ပြောင်းလဲကျင့်သုံးရာတွင် ယခင်က ထုတ်ပြန်ထားသည့် အမိန့်ကြော်ငြာစာအမှတ် ၆၈/၂၀၂၀ ပါ ကုန်စည်လိုင်း (၃၉၃၁)လိုင်း၊ ပို့ကုန်သွင်းကုန်နှင့်ပတ်သက်သည့် သတင်းလွှာ (၁၈/၂၀၂၁) ၊ (၁/၂၀၂၂)၊ (၂/၂၀၂၂) ၊ (၅/၂၀၂၂) တို့ဖြင့် ထုတ်ပြန်ထားသည့် ကုန်စည်လိုင်းများအား သွင်းကုန်လိုင်စင်လျှောက်ထားရန်လိုသော ကုန်စည်လိုင်းများအဖြစ် ထုတ်ပြန်သည့် အမိန့်ကြော်ငြာစာ

အမိန့်ကြော်ငြာစာအမှတ် ၃၂/၂၀၂၂

Republic of the Union of Myanmar 2021, the National Planning and Administration Council appointed the Central Committee on Patents by Decree No. 308/2021. It was organized on September 30.

သွင်းကုန်လိုင်စင်ကြေးအား (၁)စောင်လျှင် ကျပ် သုံးသောင်းနှုန်းဖြင့် ၂၀၂၀ ခုနှစ်၊ ဧပြီလမှစ၍ ပြောင်းလဲကောက်ခံခြင်းကို အမိန့်ကြော်ငြာစာများ အသီးသီးထုတ်ပြန်၍ ဆောင်ရွက်ပေးခဲ့ပါသည်။ ထပ်မံ၍ ၂၀၂၁ ခုနှစ်၊ မေလ ၁ ရက်နေ့မှ ၃၁ ရက်နေ့အထိ ကာလတိုးမြှင့်သတ်မှတ်ခြင်းကို ထုတ်ပြန်ကြေညာသည့် အမိန့်ကြော်ငြာစာ

အမိန့်ကြော်ငြာစာအမှတ် ၄၆/၂၀၂၁

 

 

၂၀၂၀ ပြည့်နှစ်၊ ဧပြီလမှစ၍ လိုင်စင်(၁)စောင်လျှင် ကျပ် ၃၀၀၀၀ နှုန်းဖြင့် ပြောင်းလဲကောက်ခံလျက်ရှိရာ ၂၀၂၁ခုနှစ်၊ မတ်လ ၃၁ ရက်နေ့အထိ အမိန့်ကြော်ငြာစာများဖြင့် အဆင့်ဆင့် ဖြေလျှော့ခဲ့ပြီးဖြစ်ပါသည်။ ယခု  ၂၀၂၁ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့အထိ ကာလထပ်မံတိုးမြှင့်သည့် အမိန့်ကြော်ငြာစာထုတ်ပြန်ခြင်းဖြစ်ပါသည်။

 

အမိန့်ကြော်ငြာစာအမှတ်၊ ၃၀/၂၀၂၁

 

သွင်းကုန်လိုင်စင်ကြေးများကို လိုင်စင်(၁)စောင်လျှင် ကျပ် ၃၀၀၀၀ (ကျပ် သုံးသောင်း)နှုန်းဖြင့်  ပြောင်းလဲကောက်ခံခြင်းအား ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၆ ရက်နေ့မှ စက်တင်ဘာလ ၃၁ ရက်နေ့အထိကို အမိန့်ကြော်ငြာစာအမှတ် ၂၃/၂၀၂၀ ဖြင့်လည်းကောင်း၊ ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိကို အမိန့်ကြော်ငြာစာအမှတ် ၆၄/၂၀၂၀ ဖြင့်လည်းကောင်း ၊ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့အထိကို အမိန့်ကြော်ငြာစာအမှတ်၊ ၈၅/၂၀၂၀ဖြင့်လည်းကောင်း၊ ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့အထိကို အမိန့်ကြော်ငြာစာအမှတ်၊ ၁၃/၂၀၂၁ အထိလည်းကောင်း ထပ်မံ၍ ကာလတိုးမြှင့်ဆောင်ရွက်ပေးခဲ့ပါသည်။ ယခု ၂၀၂၁ခုနှစ်၊ မတ်လ ၃၁ ရက်နေ့အထိ တိုးမြှင့်ပေးခြင်းကို ဤအမိန့်ကြော်ငြာစာဖြင့် ထုတ်ပြန်လိုက်သည်။

 

အမိန့်ကြော်ငြစာအမှတ်၊ ၂၀/၂၀၂၁

ပြန်လည်ပြုပြင်ထားသော စက်ပစ္စည်းများ တင်သွင်းခြင်းဖြင့် ကာလတိုအတွင်း ပြည်တွင်းတွင် အသုံးမတည့်သောစက်ပစ္စည်းများ စုပုံနေခြင်းမှကာကွယ်ရန်နှင့် ပတ်ဝန်းကျင်ထိခိုက်စေခြင်းများ မဖြစ်ပေါ်စေရန်အပြင် လုပ်ငန်းရှင်များ၏ ထုတ်လုပ်မှုစွမ်းရည်တိုး တက်စေရန်တို့အတွက် ပြန်လည်ပြုပြင်ထားသောစက်ပစ္စည်း (Reconditioned Machine) တင်သွင်းခွင့်ပါ သတ်မှတ်ချက်များအား ပြင်ဆင်ဖြည့်စွက်၍ ထုတ်ပြန်သည့်အမိန့်ကြော်ငြာစာ

အမိန့်ကြော်ငြာစာအမှတ် ၈/၂၀၂၁

သွင်းကုန်လိုင်စင်ကြေးများကို လိုင်စင်(၁)စောင်လျှင် ကျပ် ၃၀၀၀၀ (ကျပ် သုံးသောင်း)နှုန်းဖြင့်  ပြောင်းလဲကောက်ခံခြင်းအား ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၆ ရက်နေ့မှ စက်တင်ဘာလ ၃၁ ရက်နေ့အထိကို အမိန့်ကြော်ငြာစာအမှတ် ၂၃/၂၀၂၀ ဖြင့်လည်းကောင်း၊ ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၁ ရက်နေ့မှ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိကို အမိန့်ကြော်ငြာစာအမှတ် ၆၄/၂၀၂၀ ဖြင့်လည်းကောင်း ကာလတိုးမြှင့်ဆောင်ရွက်ပေးခဲ့ပါသည်။ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်နေ့အထိ ထပ်မံတိုးမြှင့်ခြင်းကို ဤအမိန့်ကြော်ငြာစာဖြင့် ထုတ်ပြန် လိုက်သည်။

အမိန့်ကြော်ငြာစာအမှတ်၊ ၈၅/၂၀၂၀

အမိန့်ကြော်ငြာစာအမှတ် ၂၂/၂၀၁၉ ဖြင့် ထုတ်ပြန်ခဲ့သည့် လိုင်စင်လျှောက်ထားရန်လိုသော ကုန်စည်လိုင်းများမှ ကုန်စည်လိုင်း (၆၈၉)လိုင်းအား လိုင်စင်မလိုသောကုန်စည်လိုင်းအဖြစ် ဖြေလျှော့ပြီး ကျန်ရှိသည့် ကုန်စည်လိုင်း (၃၉၃၁)လိုင်းအား လိုင်စင်လျှောက်ထားရန် လိုသောကုန်စည်စာရင်းအဖြစ် ထုတ်ပြန်သည့် အမိန့်ကြော်ငြာစာ

 

Pages