အမိန့်ကြော်ငြာစာများ

အမိန့်ကြော်ငြာစာအမှတ်၊ ၁၇/၂၀၁၇ ဖြင့် ထုတ်ပြန်လိုက်သော ၂၀၁၇ ခုနှစ် ပြက္ခဒိန်နှစ်အတွက် ဆောက်လုပ်ရေးလုပ်ငန်းသုံး စက်ယန္တရားနှင့် လုပ်ငန်းသုံးယန္တရားများအား အရောင်းပြခန်း (Show Room) များတွင် ရောင်းချရန် တင်သွင်းရာတွင် လိုက်နာရမည့်စည်းကမ်းချက်များအား ဤအမိန့်ကြော်ငြာစာဖြင့် ထုတ်ပြန်လိုက်သည်။

အမိန့်ကြော်ငြာစာအမှတ်၊ ၁၆/၂၀၁၇ ဖြင့် ထုတ်ပြန်လိုက်သော ၂၀၁၇ ခုနှစ် ပြက္ခဒိန်နှစ်အတွက် မော်တော်ယာဉ်အရောင်းပြခန်း (Show Room) တွင် ရောင်းချရန် မော်တော်ယာဉ် တင်သွင်းရာတွင် လိုက်နာရမည့် စည်းကမ်းချက်များအား ဤအမိန့်ကြော်ငြာစာဖြင့် ထုတ်ပြန်လိုက်သည်။

၂၀၁၇ ခုနှစ် ပြက္ခဒိန်နှစ်အတွက် မော်တော်ယာဉ်အရောင်းစင်တာ (Sale Centre) တွင် ရောင်းချရန် မော်တော်ယာဉ်တင်သွင်းရာတွင် လိုက်နာရမည့်စည်းကမ်းချက်များအား ဤအမိန့်ကြော်ငြာစာဖြင့် ထုတ်ပြန်လိုက်သည်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသည် အသေးစား/အလတ်စား စက်မှုလုပ်ငန်းများ အပါအဝင် စက်မှုကုန်ထုတ် လုပ်ငန်းများ လုပ်ငန်းတည်ထောင် ဆောင်ရွက်ရာတွင် အထောက်အကူ ဖြစ်စေရန်အတွက် ရင်းနှီးမြှုပ်နှံမှု ကုန်ကျစရိတ် သက်သာစေရန် အသုံးပြုနိုင်သည့် ပြုပြင်ထားခြင်းမရှိသောစက်ပစ္စည်း (Used Machine) များကို ၂၀၁၅ ခုနှစ်မှစ၍ နှစ်အလိုက်တင်သွင်းခွင့်ပြုခဲ့ရာမှ ၂၀၁၇ ခုနှစ်တွင် ဆက်လက်၍ တင်သွင်းခွင့်ပြုလိုက်သည်။

အမိန့်ကြော်ငြာစာအမှတ်၊ ၈၆/၂၀၁၆ ဖြင့် ထုတ်ပြန်လိုက်သော သွင်းကုန်လိုင်စင် လျှောက်ထားရန် လိုအပ်သော ကုန်စည်လိုင်းများမှ ဖြေလျှော့သည့် အမိန့်ကြော်ငြာစာ

အမိန့်ကြော်ငြာစာအမှတ်၊ ၈၅/၂၀၁၆ ဖြင့် ထုတ်ပြန်သော နိုင်ငံခြားဖက်စပ် ကုမ္ပဏီများအား ကုန်သွယ်ခွင့်ပြုသည့် ဆေးရုံသုံးကိရိယာများနှင့် ဆောက်လုပ်ရေး လုပ်ငန်းသုံး ပစ္စည်းများအား H.S Code လိုင်းဖြင့် သတ်မှတ်ထုတ်ပြန်ခြင်း အမိန့်ကြော်ငြာစာ

မြန်မာနိုင်ငံမှတင်ပို့သော သဘာဝရော်ဘာများကို စစ်ဆေးခြင်း၊ အရည်အသွေး ထောက်ခံချက်လက်မှတ် ထုတ်ပေးခြင်းနှင့် အသိအမှတ်ပြုလက်မှတ် ရယူခြင်းများကို "မြန်မာ့သဘာဝ ရော်ဘာအရည်အသွေး စမ်းသပ်စစ်ဆေးရေးစခန်း (Myanmar Natural Rubber Quality Testing Laboratory - MNRQTL)" မှ ဆောင်ရွက်သွားရန် တာဝန်ပေးအပ်ခြင်းလိုက်သည်။

 

နိုင်ငံတော်၏ ပို့ကုန်သွင်းကုန်မူဝါဒများ၊ တည်ဆဲပို့ကုန်/သွင်းကုန် ဥပဒေနှင့်အညီ တင်ပို့ခြင်း/တင်သွင်းခြင်း မပြုမီ အရည်အသွေး သတ်မှတ်ချက်များ စမ်းသပ်စစ်ဆေးခြင်းပြု၍ အရည်အချင်းပြည့်မီကြောင်း လက်မှတ်ထုတ်ပေးခြင်း လုပ်ငန်းအား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ကြီးကြပ်ကွပ်ကွဲမှုဖြင့် စိစစ်ဆောင်ရွက်နိုင်ရန် လွှဲအပ်ခြင်း

အမိန့်ကြော်ငြာစာအမှတ်၊ ၇၅/၂၀၁၆ ဖြင့် ထုတ်ပြန်လိုက်သော နိုင်ငံခြားသားဖက်စပ်ကုမ္ပဏီများအား ကုန်သွယ်ခွင့်ပြုရာတွင် နိုင်ငံခြားမှ တရားဝင် ယူဆောင်လာသည့် ငွေပမာဏအတိုင်းသာ ကုန်သွယ်ခွင့်ပြုမည်ဟူသော သတ်မှတ်ချက် အား ပယ်ဖျက်ခြင်း အမိန့်ကြော်ငြာစာ

အမိန့်ကြော်ငြာစာအမှတ်၊ ၇၄/၂၀၁၆ ဖြင့် ထုတ်ပြန်လိုက်သော ပို့ကုန်သွင်းကုန် လိုင်စင်များ ခွင့်ပြုထုတ်ပေးခြင်းနှင့် ပတ်သက်သည့် အမိန့်ကြော်ငြာစာ

အမိန့်ကြော်ငြာစာအမှတ်၊ ၆၂/၂၀၁၆ ဖြင့် ထုတ်ပြန်လိုက်သော ပြည်ပသို့ တင်ပို့ခွင့်မပြုသောပစ္စည်းများမှ ဖြေလျှော့တင်ပို့ခွင့်ပြုမည့် ကုန်စည်ပြင်ဆင်သတ်မှတ်သည့် အမိန့်ကြော်ငြာစာ

Pages