အမိန့်ကြော်ငြာစာများ

၂၀၁၉ ခုနှစ်၊ ပြည်ထောင်စုလွှတ်တော်ဥပဒေအမှတ် ၃၅ ဖြင့် ပြဋ္ဌာန်းခဲ့သော သွင်းကုန်ပမာဏမြင့်တက်ခြင်းမှကာကွယ်ပေးမှုဥပဒေသည် ၂၀၂၁ ခုနှစ် ဇူလိုင်လ ၁ ရက်နေ့မှစတင်၍ အာဏာတည်စေရမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးမှ ၁-၇-၂၀၂၀ ရက်စွဲပါ အမိန့် ကြော်ငြာစာအမှတ်၊ ၈၃/၂၀၂၀ ဖြင့် ထုတ်ပြန်ကြေညာခြင်း

ပို့ကုန်သွင်းကုန်လိုင်စင်များကို စျေးနှုန်းစိစစ်ခြင်းမပြုပဲ ကုမ္ပဏီများက တင်ပြသည့် စျေးနှုန်းနှင့်တန်ဖိုးအတိုင်း ခွင့်ပြုခဲ့သော်လည်း ကုမ္ပဏီများက အခွန်ရှောင်ရန်ရည်ရွယ်၍ မမှန်မကန်ဆောင်ရွက်ကြောင်း တွေ့ရှိရသဖြင့် တင်ပို့တင်သွင်းခဲ့သော စျေးနှုန်းများ ပြန်လည်စိစစ်မည့် လုပ်ထုံးလုပ်နည်းများကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ် (၃၈/၂၀၁၇) ဖြင့် ထုတ်ပြန်ခဲ့ရာမှ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှု ဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ် (၁၀/၂၀၁၇) အရ လုပ်ငန်းရှင်များ လုပ်ထုံးလုပ်နည်းများကို လိုက်နာဆောင်ရွက်ရာတွင် ဝန်ထုတ်ဝန်ပိုးမဖြစ်စေရန်နှင့် လုပ်ငန်းစဉ်များ ရောထွေးမှု မဖြစ်ပေါ် စေရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ် (၃၈/၂၀၁၇) ကို လွှမ်းမိုးပယ်ဖျက်သည့် အမိန့်ကြော်ငြာစာ

 

အမိန့်ကြော်ငြာစာအမှတ် ၃၅/၂၀၂၀

မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်သည် ယှဉ်ပြိုင်မှုဥပဒေ ပုဒ်မ ၅၆ ပုဒ်မခွဲ (ခ)အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ စီးပွားရေးလုပ်ငန်းများ (ဝန်ဆောင်မှုလုပ်ငန်းများ အပါအဝင်) အကြား လွတ်လပ်၍မျှတသောယှဉ်ပြိုင်မှု ဖြစ်ထွန်းပေါ်ပေါက်စေရေး၊ ဈေးကွက်တွင် မျှတသောယှဉ်ပြိုင်မှုကို တစ်ပြေးညီတိုးတက်လာစေရေး၊ သာတူညီမျှခံစားခွင့်ရရှိစေရေးနှင့် အများပြည်သူတို့၏ အကျိုးစီးပွားကို ထိခိုက်နစ်နာစေခြင်းမှ ကာကွယ်စောင့်ရှောက်ပေးနိုင်ရေး တို့အတွက် စီးပွားရေးလုပ်ငန်းလုပ်ကိုင်သူများ သိရှိနားလည်လိုက်နာဆောင်ရွက်ရမည့် အရောင်းမြှင့်တင်ခြင်းဆိုင်ရာ ကန့်သတ်ချက်များနှင့်စပ်လျဉ်းသည့် အမိန့်အမှတ် (၂/၂၀၂၀) ကို ထုတ်ပြန်လိုက်သည်။

ကမ္ဘာနှင့်အဝှမ်း ဖြစ်ပေါ်လျက်ရှိသော Coronavirus Disease 2019 (COVID-19) ကြောင့် စီးပွားရေးလုပ်ငန်းများ ထိခိုက်မှု လျော့နည်း သက်သာစေရေး အတွက် ဆေးဝါးများနှင့် ဆေးဝါးများထုတ်လုပ်ရာတွင် အသုံးပြုသည့် ဆေးဝါးကုန်ကြမ်းများ အားလုံးအပေါ် ဤအမိန့်ကြော်ငြာစာ ထုတ်ပြန်သည့်နေ့မှ စ၍ သွင်းကုန်လိုင်စင်ကြေး ကင်းလွတ်ခွင့်ပြုလိုက်သည်။

 

အမိန့်ကြော်ငြာစာအမှတ်၊ ၂၇/၂၀၂၀

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ၁၀-၁၀-၂၀၁၉ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၅၈/၂၀၁၉ ဖြင့် ထုတ်ပြန်ကောက်ခံလျက်ရှိသည့် သွင်းကုန်လိုင်စင်ကြေးနှုန်းထားများအစား သွင်းကုန်လိုင်စင် (၁) စောင်လျှင် ကျပ် ၃၀၀၀၀ (ကျပ်သုံးသောင်း)နှုန်းဖြင့် ပြောင်းလဲကောက်ခံသွားမည့် အမိန့်ကြော်ငြာစာ

 

အမိန့်ကြော်ငြာစာအမှတ်၊ ၂၃/၂၀၂၀

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေပုဒ်မ ၄ ပုဒ်မခွဲ (က) အရ အောက်ဖော်ပြပါကုန်စည်များကို အရေးကြီးကုန်စည်များအဖြစ် သတ်မှတ်လိုက်သည် -

(က) Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ

( ခ ) ဆေးဝါးများ

( ဂ ) စားသုံးကုန်ပစ္စည်းများ

 

အမိန့်ကြော်ငြာစာအမှတ်၊ ၂၁/၂၀၂၀

Pages