Department of Consumer Affiar

MORE COMETIC CREATION နှင့် 981 Creative Myanmar Co.,Ltd တို့ MOU

လက်မှတ်ရေးထိုးခြင်းနှင့် အလှကုန်ပစ္စည်းသစ်မိတ်ဆက်ပွဲကို ရန်ကုန်မြို့ Chatrium Hotel ၌

၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလ ၈ ရက်နေ့ နံနက် (၁၀:၃၀)နာရီတွင်  ကျင်းပပြုလုပ်ခဲ့ပါသည်။

           အဆိုပါ အလှကုန်ပစ္စည်းသစ် အခမ်းအနားတွင် စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ 

ကုန်သွယ်မှုမြှင့်တင်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်စိုး၊

ထိုင်းစီးပွားရေးသံမှူး Mr. Pakainay Leng-EE ၊ SME Development မှ ညွှန်ကြားရေးမှူး ဦးအောင်မျိုးခိုင်၊

981 Creative Myanmar Co.,Ltd မှ Deputy Managing Director Mr. Earth ၊ MORE COMETIC

CREATION မှ ထုတ်လုပ်မှုပညာရှင် တို့မှကြိုဆိုနှုတ်ခွန်းဆက်စကားနှင့် အဖွင့်အမှာစကားများကို

အသီးသီးပြောကြားခဲ့ပါသည်။ MORE COMETIC CREATION မှ အသက် (၂၀) နှင့် (၅၅) နှစ်ကြား

အမျိုးသမီးများအတွက် ရည်ရွယ် ၍ ဆံပင်နှင့် ကိုယ်ခန္ဓာအလှအပနှင့် သက်ဆိုင်သည့် အလှကုန်ပစ္စည်းများကို

OME စနစ်ဖြင့် ၂၀၁၄ ခုနှစ်မှတည်ထောင်၍ စတင်ထုတ်လုပ်ခဲ့ပါသည်။ ဆက်လက်ပြီး အလှကုန်ပစ္စည်းများ

ထုတ်လုပ်မှု၊ ဈေးကွက် အရည်အသွေးနှင့် ပတ်သက်သည့် အကြောင်းအရာများကို (Power Point) များဖြင့်

ရှင်းလင်းတင်ပြခဲ့ပါသည်။

            အခမ်းအနားသို့ ဖိတ်ကြားထားသည့် ဧည့်သည်တော် ( ၅၀ ) ဦးခန့် တက်ရောက်ခဲ့ကြပြီး

နေ့လည် (၁၁:၃၀) နာရီတွင် အခမ်းအနားကို အောင်မြင်စွာဖြင့် ရုပ်သိမ်းခဲ့ပါသည်။

၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၁၂ ရက် ရက်စွဲပါအမိန့်ကြော်ငြာစာ (၉၇/၂၀၁၂) ဖြင့် ဖွဲ့စည်းခဲ့သော တရားမဝင် ကုန်သွယ်မှုတားဆီးထိန်းချုပ်ရေးဗဟိုကော်မတီအား ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်မှစ၍ ဖျက်သိမ်းကြောင်း နိုင်ငံတော်သမ္မတရုံးရဲ့ ဒီဇင်ဘာလ ၃၀ ရက်စွဲပါ အမိန့်ကြော်ငြာစာဖြင့် ထုတ်ပြန်ကြေညာလိုက်တယ်လို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သတင်းရရှိပါတယ်။
မိုဘိုင်းအဖွဲ့အားလုံးရဲ့ ဆောင်ရွက်မှုလုပ်ငန်းများအား ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက် ၁၆းဝ၀ နာရီ အချိန်မှစ၍ ရပ်ဆိုင်းရန်နဲ့ မိုဘိုင်းအဖွဲ့အားလုံးအား ဖျက်သိမ်းသွားရန် စီးပွားကူးသန်းဝန်ကြီးရုံးမှ ဒီဇင်ဘာလ ၃၀ ရက် ရက်စွဲပါစာနဲ့ ထပ်ဆင့်ညွှန်ကြားထားပြီးဖြစ်တယ်လို့သိရပါတယ်။

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ မြိတ်မြို့၊ စောဂျက်ဟိုတယ်ခန်းမ၌ ဒီဇင်ဘာလ(၂၉) ရက်နေ့တွင် ကုန်သွယ်မှုမြှင့်တင်ရေးနှင့်စားသုံးသူရေးရာဦးစီးဌာနမှ ဦးဆောင်ကျင်းပပြုလုပ်သည့် အလုပ်ရုံဆွေးနွေးပွဲသို့ ဖိတ်ကြားထားတဲ့ ဌာနဆိုင်ရာအသီးသီးမှ ပုဂ္ဂိုလ်များ၊ အသင်းအဖွဲ့ အသီးသီးနဲ့ စိတ်ပါဝင်စားသူ(၁၅၀)ဦးခန့် တက်ရောက်ခဲ့ကြပါသည်။

အလုပ်ရုံဆွေးနွေးပွဲကို စောဂျက်ဟိုတယ်ခန်းမတွင် ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ(၂၉)ရက်နေ့၊ မွန်းလွဲ(၁၃:ဝဝ)နာရီအချိန်တွင် စတင်ခဲ့ရာ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အုပ်ချုပ် ရေးမှူးမှ အဖွင့်အမှာစကားပြောကြားပြီး ကုန်သွယ်မှုမြှင့်တင်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး ဦးကျော်စွာဝင်းမှ အမျိုးသားပို့ကုန်မဟာဗျူဟာ(NES) လုပ်ငန်းအကြောင်း ကိုလည်းကောင်း၊ ကုန်သွယ်ရေးဦးစီးဌာန၊ ကုန်သွယ်ရေးစခန်း(မြိတ်)မှ ဒုတိယညွှန်ကြားရေးမှူး ဦးဖေကြိုင် မှ (AEC)နှင့် ကုန်သွယ်မှုရေးရာလုပ်ငန်းအကြောင်းကိုလည်းကောင်း၊ ခရိုင်ငါး လုပ်ငန်းဦးစီးဌာန၊ ခရိုင်ဦးစီးမှူးဦးစိန်သောင်းမှ ရေမြေသယံဇာတ ထိန်းသိမ်းရေးနှင့် ငါးလုပ်ငန်း ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အခြေအနေအားလည်းကောင်း၊ ခရိုင်စက်မှုသီးနှံဖွံ့ဖြိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးဒေါ်စောရီမှ ရော်ဘာထွက်ကုန်များ ဈေးနှုန်းပိုမိုရရှိရေးကဏ္ဍတို့ကို ဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများမှ သိရှိလိုသည်များကိုမေးမြန်းရာ သက်ဆိုင်ရာတာဝန်ရှိသူများမှ ပြန်လည် ဖြေကြား ရှင်းလင်းခဲ့ကြောင်း သတင်းရရှိပါသည်။

ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးဆပ်ကော်မတီ၏ အစီအစဉ်အရ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ အမျိုးသားစီမံကိန်းနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း၊ ပုဂ္ဂလိက စီးပွားရေးအသင်းအဖွဲ့များနဲ့ Asian Development Bank (ADB) တို့ ပူးပေါင်းပါဝင်သော ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် မူဘောင်များချမှတ်ခြင်းနဲ့ အစီအစဉ်များရေးဆွဲခြင်းဆိုင်ရာ ဆွေးနွေးပွဲကို ဒီဇင်ဘာလ ၂၃ ရက်နေ့ နံနက် ဝ၉း၃၀ ချိန်က UMFCCI ရှိ တတိယထပ် အစည်းအဝေးခန်းမမှာ ကျင်းပပြုလုပ်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

အစည်းအဝေးသို့ ကုမ္ပဏီများ မှတ်ပုံတင်ခြင်းနဲ့ ရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦး နဲ့တာဝန်ရှိသူများ၊ ကုန်သွယ်မှုမြှင့်တင်ရေးနှင့်စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများ၊ Asian Development Bank မှ Principle Country Specialist Mr.Peter J.Brimble , MBI - Asian Development Bank မှ Myanmar Country Manager    ဦးတင်ထွဋ်ဝင်း၊ UMFCCI မှ ဒုတိယဥက္ကဋ္ဌ ဦးဇော်မင်းဝင်းနဲ့ ပုဂ္ဂလိက အသင်းအဖွဲ့များမှ တက်ရောက်ခဲ့ကြပါတယ်။

ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးရဲ့ အဓိက လုပ်ဆောင်ချက်ကတော့ တည်ဆဲ ဥပဒေ ၊ အမြင်၊ မူဝါဒများကို ပြုပြင်ဖို့နဲ့ စဉ်းစားတွေးခေါ်ခြင်းများ၊ နိုင်ငံတကာနှင့် ပူးပေါင်းလုပ်ဆောင်ခြင်းများကို သင်ကြားပေးခြင်းများ ပြုလုပ် ပေးမှာဖြစ်ပါတယ်။ အဓိက လုပ်ဆောင်မဲ့အချက် ၅ ချက်ကတော့ ဥပဒေနဲ့ လုပ်ထုံးလုပ်နည်း၊ စည်းမျဉ်း စည်းကမ်းများ ကိုတိုးတက်အောင်လုပ်ရန်၊ ငွေရေးကြေးရေး၊ ရန်ပုံငွေကိစ္စအတွက် ဆောင်ရွက်ရန်၊ ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စဖွံ့ဖြိုးတိုးတက်စေရန်၊ ပုဂ္ဂလိက ကဏ္ဍအတွက် State Own Enterprise and Private Public Partnership (SOE and  P P P) ကဏ္ဍဆောင်ရွက်ရန်၊ လူသားအရင်းအမြစ် ဖွံ့ဖြိုး တိုးတက်လာစေရန် တို့အတွက် ဖြစ်ပါတယ်။

ဖေါ်ပြပါ အချက်များကို တစ်ချက်ချင်းစီ အသေးစိတ်ဆွေးနွေးမှုများ ပြုလုပ်ပြီး တက်ရောက်လာသူများ ကလည်း လက်ရှိဖြစ်ပေါ်နေတဲ့ အခက်အခဲများကို ဖြေရှင်းရန် နည်းလမ်းများ အကြံပြုဆွေးနွေးခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။ အလားတူ ဆွေးနွေးပွဲကို ဒီဇင်ဘာလ ၂၁ ရက်နေ့က မန္တလေးမှာ ကျင်းပခဲ့တယ်လို့လည်း သိရပြီး ဆက်လက်၍လည်း ဆောင်ရွက်သွားရန်ရှိကြောင်းသိရပါတယ်။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်မှုမြှင့်တင်ရေးနှင်စားသုံးသူရေးရာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးလှမော်ဦးသည် ဂျပန်နိုင်ငံ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ဝန်ကြီးဌာနမှ ကာဗွန်လျော့ချထုတ်လုပ်မှုနည်းပညာဆိုင်ရာ စီမံကိန်းအကူအညီပေးမည့်  ကိစ္စများနှင့်ပက်သက်၍  လာရောက်တွေ့ဆုံသည့်   KANSO Technos မှ တာဝန်ရှိသူများအား(၂၂.၁၂.၂၀၁၅) ရက်နေ့တွင်  လက်ခံတွေ့ဆုံခဲ့ပါသည်။

Pages

Subscribe to Department of Consumer Affiar