ပြည်တွင်းဈေးကွက်သတင်းများ

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်နယ်စပ်မှ ပဲတီစိမ်းလုံးပြည့် ၈၉၁ တန်တင်ပို့ခဲ့ရာ ယခင် အပတ်ကထက် ၃၆၃ တန် ပိုခဲ့ပါသည်။ ပဲတီစိမ်းလုံးခြမ်းတင်ပို့မှု ၁၂၁ တန်၊ ယခင် အပတ်တင်ပို့မှုထက် ၃၂ တန်ခန့် လျော့နည်းခဲ့ပါသည်။ မြန်မာမှ ဈေးလျော့နည်း နေသော်လည်း တရုတ်ဈေးမှာ ၃ ဒေါ်လာခန့်ပိုပါသည်။ ပဲတီစိမ်းယခုတစ်ပတ် ပေါက်ဈေးမှာ တစ်တန်လျှင် ၆၇၈၇၇၀ကျပ်၊ တရုတ်နိုင်ငံ ပေါက်ဈေးမှာ ၈၁၂ ဒေါ်လာ ဖြစ်ကြောင်းသိရပါသည်။

ပဲဈေးကွက်အတွင်း ပဲမျိုးစုံလက်ကျန်နည်းလာခဲ့သဖြင့် ပဲဈေးနှုန်းများ အကျဘက် သို့ဦးတည်နေပါသည်။ မတ်ပဲ၊ပဲတီစိမ်း၊ပဲစဉ်းငုံဈေးနှုန်းများမှာ ယခင်အပတ်နှင့် ကွာခြားမှုမရှိဘဲ ပဲကြီးဈေးနှုန်းမြင့်တက်နေပါသည်။ ပဲတီစိမ်းဈေးမှာ တရုတ်ဈေးတစ်တန် ကို ၈၀၉ ဒေါ်လာဖြစ်ပြီး မြန်မာဈေးကွက်မှာ ၆၈၉၂၅၅ ကျပ်ဖြစ်ပါသည်။

ရန်ကုန်တိုင်းဒေသကြီး ဘုရင့်နောင်ကုန်စည်ဒိုင်မှာ စက်တင်ဘာလ ၁ ရက် ကစပြီး ပွဲစားလုပ်ကိုင်ခွင့် ရပ်ဆိုင်းလိုက်ပြီးတဲ့နောက် အရောင်းအဝယ်တန့်သလိုဖြစ်ခဲ့ သော်လည်း အိန္ဒိယအဝယ်အမှန်တကယ်လိုက်လာတဲ့ ယခုရက်ပိုင်းတွင် ဈေးကွက် ပြန်တက် လာခဲ့ကြောင်းသိရပါသည်။ ကြားခံပွဲစား မထားဘဲရောင်းသူနဲ့ ဝယ်သူ တိုက်ရိုက်ထိတွေ့ ရောင်းဝယ်ခြင်းအားဖြင့် ဈေးကစားမှုများ မရှိတော့ကြောင်း သိရပါသည်။

မတ်ပဲ

ယခုတစ်ပတ်အတွင်း မတ်ပဲတစ်တန် နှစ်သောင်းကျော် ပြန်တက်လာခဲ့ပြီး သြဂုတ်လ တစ်လလုံး တင်ပို့မှုအနေနှင့် တန်ချိန် သုံးသောင်းကျော်ခန့်ရှိပြီး မတ်ပဲတင်ပို့ မှု သိသိသာသာလျော့ကျကြောင်းသိရပါသည်။

ပဲစင်းငုံ

ပဲစင်းငုံဈေးလည်း ယခုတစ်ပတ်ပြန်မတ်လာခဲ့ပါသည်။ ပဲစင်းငုံအဟောင်းနှင့် အသစ် ၂ မျိုးလုံးပုံမှန်ရောင်းဝယ်နေရာမှ ယခုတစ်ပတ်မှာ အရောင်းအဝယ် ပြန်တက် လာခဲ့ပါသည်။ ပြည်တွင်းလက်ကျန် အသင့်အတင့်ရှိသောလည်း အရောင်းအဝယ် ပုံမှန်ရှိနေသဖြင့် ပဲစင်းငုံဈေး အလားအလာကောင်းနိုင်ကြောင်း ခန့်မှန်းကြပါသည်။ သြဂုတ်လ တစ်လလုံး တင်ပို့မှုအနေနှင့်ပဲစင်းငုံတန်ချိန် ၂၂၄၀၀ ခန့်ရှိပြီး ၊သြဂုတ်လ တွင် အနည်းငယ်ပိုတင် လာကြောင်းတွေ့ရပါသည်။

ပဲတီစိမ်း

အညာပဲတီစိမ်းမှာ ပုံမှန်သာအရောင်းအဝယ်ရှိသဖြင့် ပဲတီစိမ်းမှာငြိမ်နေသည်ကို သိရပါသည်။ သြဂုတ်လတင်ပို့မှုအနေနဲ့ တန်ချိန် ၁၁၀၀၀ ခန့် သာရှိသဖြင့် တင် ပို့မှု လျော့ကျသည်ကိုတွေ့ရပါသည်။

သြဂုတ်လအတွင်းမှာ ကုလားပဲတန်ချိန် ၁၆၀၀၊ ပဲလွန်းဖြူ တန် ၁၂၀၀ ခန့်နဲ့ မြေထောက်ပဲ တန် ၃၇၀ ခန့် တင်ပို့မှုရှိကြောင်းသိရပါသည်။

ယခုတစ်ပတ်မှာ ပဲမျိုးစုံဈေးပြန်ကျဆင်းလာသလို အရောင်းအဝယ်ဖြစ်မှုလည်း သိသိသာသာလျော့ကျလာတာတွေ့ရပါသည်။ မတ်ပဲအနေနဲ့ ဘုရင့်နောင် ကုန်စည် ဒိုင်ဈေးကွက်မှာ ပြည်တွင်းဈေး တစ်တန် ကျပ်နှစ်သောင်းဝန်းကျင် ဆင်းလာခဲ့ပြီး အရောင်းအဝယ်ဖြစ်မှုမှာလည်း နည်းတာတွေတွေ့ရပါသည်။ ပြည်ပဝယ်လက် အေးတဲ့ အပြင် ပြည်တွင်းဈေးကမြင့်နေတဲ့အတွက် အရောင်းအဝယ်မဖြစ်ဘဲ ဈေးဆင်းလာခြင်း ဖြစ်ပါသည်။

အလားတူပဲစင်းငုံဈေးလည်း တစ်ပတ်အတွင်း ကျပ်တစ်သောင်းဝန်ကျင် ဆင်းလာ ခဲ့ပြီး အရောင်းအဝယ်ဖြစ်မှု တော်တော်လျော့နည်းတာတွေ့ရပါသည်။ ပြည်တွင်း လက်ကျန်နည်းလာပြီ ဖြစ်တဲ့အတွက် ကုန်သည်များမှ ထိန်းရောင်းနေလို့ အရောင်း အဝယ်ပါးခြင်းဖြစ်တယ်လို့ သိရပါသည်။ အပတ်စဉ်တင်ပို့မှုမှာလည်း လျော့ကျနေတာ တွေ့ရပါသည်။

အသစ်ဝင်လာတဲ့ ပဲတီစိမ်းများကို ဈေးအမြင့်မှာ အရောင်းအဝယ်ဖြစ်နေခဲ့ရာမှ ယခုတစ်ပတ်မှာတော့ ပြန်လည်လျော့ကျလာခဲ့ပါသည်။ တစ်ပတ်အတွင်း တစ်တန် ကျပ်တစ်သောင်းကျော် လျော့ကျရောင်းဝယ်ခဲ့သလို ပြည်ပတင်ပို့မှုမှာလည်း လျော့ကျ နေပါသည်။

ပြည်တွင်းအသုံးများလို့ ကုလားပဲတင်ပို့မှုလည်း လျော့ကျသလို အရောင်းအဝယ် ဖြစ်မှုလည်း နည်းနေပါသည်။ အခြားပဲတွေထဲမှာ ပဲလွန်းဖြူကတော့ အရောင်းအဝယ် ဖြစ်မှုများသလို မြေထောက်ပဲလည်းအသင့်အတင့် အရောင်းအဝယ်ရှိကြောင်း သိရပါ သည်။

ဈေးကွက်အတွင်းတွင်အဓိက အရောင်းအဝယ်ဖြစ်နေသည်မှာပဲစဉ်းငုံ အသစ်နှင့် အဟောင်းဖြစ်ပါသည်။ လက်ကျန်အခြေအနေအရ လက်ရှိရောင်းဝယ်မှုမှာ အားရစရာ ရှိကြောင်းကုန်သည်တစ်ဦးမှပြောပါသည်။ သို့သော်လည်းယခု သတင်းပတ်အစပိုင်းတွင် ပဲစဉ်းငုံဈေးမှာ တစ်တန် ၂၀၀၀၀ ကျပ်အောက်သို့ပြန်လည်ကျဆင်းခဲ့ပါသည်။ သြဂုတ်လ ၁၅ ရက်တွင်အဝယ်ပြန်ရှိလာပြီး ပဲစဉ်းငုံ ဈေးအနည်းငယ်ပိုလာခဲ့ သဖြင့် လာမည့်ကာလတွင်လည်း အခြေအနေကောင်းမည့်သဘောရှိပါသည်။

Pages

Subscribe to ပြည်တွင်းဈေးကွက်သတင်းများ