နောက်ဆုံးရ သတင်း
Korea - Myanmar Technology Advice and Solutions from Korea(TASK) စီမံကိန်းနှင့် စပ်လျဉ်း၍ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့နှင့် Korea Food Research Institute(KFRI)တို့ပူးပေါင်းပြီး ပို့ကုန် မြှင့်တင်ရေးအတွက် စားသောက်ကုန်ထုတ်လုပ်ရေး နည်းပညာနှင့်အစားအစာဘေးကင်းရေးဆိုင်ရာ ဆွေးနွေးပွဲကို ၂၀၂၃ ခုနှစ်၊ ဧပြီ လ ၂၆ ရက် (ဗုဒ္ဓဟူးနေ့) နံနက် (၉:၀၀) နာရီအချိန်တွင် မန္တလေး မြို့၊ Mingalar Mandalay Hotel ၌ ကျင်းပပြုလုပ်ခဲ့ရာ မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီးဦးသိန်းဌေး၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေး အဖွဲ့၊ ညွှန်ကြားရေးမှူးချုပ် ဒေါ်နော်မူတာကပေါနှင့် ကိုရီးယား သမ္မတနိုင်ငံ၊ Korea Food Research Institute (KFRI) ၊ သုတေသနဌာနမှ ဥက္ကဌ Dr. HONG Seok In တို့ကအဖွင့်အမှာစကားများပြောကြားခဲ့ကြပါသည်။
အဆိုပါ ဆွေးနွေးပွဲသို့ တက်ရောက်လာကြသော ကုမ္ပဏီများက ၎င်းတို့ထုတ်လုပ်သည့် စားသောက်ကုန်နမူနာများကို ခင်းကျင်းပြသ ထားရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေးက လှည့်လည်ကြည့်ရှုပြီး၊ ထုတ်ကုန်များ ဖွံ့ဖြိုးတိုးတက် ရေး ဆောင်ရွက်ရန် လိုအပ်ချက်များကို မှာကြားခဲ့သည်။
ထို့နောက် ကိုရီးယား စားသောက်ကုန်ထုတ်လုပ်ရေးကဏ္ဍ ကျွမ်းကျင်ပညာရှင်များက အစားအစာဘေးကင်းရေးစီမံခန့်ခွဲမှု၊ စားသောက်ကုန်အရည်အသွေးထိန်းသိမ်းမှု၊ ထုတ်ကုန်သစ်များဖွံဖြိုးတိုးတက်ရေးစသည့် ခေါင်းစဉ်များဖြင့်ဆွေးနွေးဟောပြောခဲ့ကြပါ သည်။ အဆိုပါ ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံမှ စားသောက်ကုန်ထုတ်လုပ်သည့် ကုမ္ပဏီဖြစ်သည့် NNK Top Myanmar Company နှင့် ကိုရီးယားသမ္မတနိုင်ငံမှ စားသောက်ကုန် ကုမ္ပဏီဖြစ်သည့် Ozoniad Company တို့အကြား စားသောက်ကုန်ထုတ်လုပ် မှုဆိုင်ရာ နည်းပညာ ပူးပေါင်းဆောင်ရွက်ရေးအတွက် နားလည်မှုစာချွန်လွှာ (MOU ) ကို လက်မှတ်ရေးထိုးခဲ့ကြသည်။
အဆိုပါဆွေးနွေးပွဲသို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူ များ၊ မန္တလေးတိုင်းဒေသကြီးကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်းများအသင်းမှ ကိုယ်စားလှယ်များ၊ Korea Food Research Institute(KFRI) မှ စားသောက်ကုန်ထုတ်လုပ် ရေးပညာရှင်များ၊ မြန်မာ့စားသောက်ကုန်ထုတ်လုပ်ရေးကုမ္ပဏီ (၁၈) ခု မှ ကိုယ်စားလှယ်များ စုစုပေါင်း (၄၅) ဦးခန့် ပါဝင်တက်ရောက် ခဲ့ကြောင်း သတင်းရရှိပါသည်။
အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုး တက်ရေးဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် Super Seven Stars Motors Industry Co.,Ltd မှ တင်သွင်းလာသော တရုတ်နိုင်ငံထုတ် လျှပ်စစ်သုံးယာဉ်အားသွင်းစက် (EV Charger) 7 KW (၁၀) ခု၊ 11 KW (၁၀) ခု၊ 22 KW (၁၀) ခု၊ 60 KW (၆) ခုနှင့် 240 KW (၂) ခု စုစုပေါင်း လျှပ်စစ်သုံးယာဉ်အား သွင်းစက် (၃၈) ခုသည် ရန်ကုန်ဆိပ်ကမ်းသို့ ရောက်ရှိလာပါသဖြင့် ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၅ ရက်နေ့ တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့်ပြုခဲ့ပြီး အဆိုပါလျှပ်စစ်သုံးယာဉ် အားသွင်းစက်များ တင်သွင်းမှုအတွက် အကောက်ခွန်ကင်းလွတ်ခွင့်ပြုထားကြောင်း သတင်းရရှိသည်။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို လေကြောင်း၊ ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ နှောင့်နှေးကြန့်ကြာမှုမရှိတင်သွင်းနိုင်ရေးအတွက် အချိန်နှင့် တစ်ပြေးညီ စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၃ ခုနှစ်၊ ဧပြီလ (၂၅) ရက်နေ့တွင် ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ ကုမ္ပဏီ (၁) ခု၊ ယာဉ်စီးရေ (၁) စီးဖြင့် နှာခေါင်းစည်း Mask (၆) တန် တင်သွင်းခဲ့ကြောင်းသိရပါသည်။
ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရ ပစ္စည်းများကို သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းထားသည့် SOP များနှင့်အညီ ဦးစားပေးတင်သွင်းခွင့်ပြုပေးလျက်ရှိပါကြောင်းနှင့် ဆေးဝါးနှင့်ဆက်စပ်ပစ္စည်းများ တင်သွင်းခြင်းနှင့်ဆက်စပ်သည့် အသိပေး ကြေညာချက်များကိုလည်း အများပြည်သူသိရှိစေရန် ဝန်ကြီးဌာန Website ဖြစ်သည့် commerce.gov.mm တွင် ဝင်ရောက် ကြည့်ရှု နိုင်ရေး စီစဉ်ဆောင်ရွက်ပေးထားပါကြောင်း သတင်းရရှိသည်။
အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့်ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးဆောင် ကော်မတီ၏ ခွင့်ပြုချက်ဖြင့် N.P.K Motor Co., Ltd မှ တင်သွင်းလာသော Star Charge အမျိုးအစား လျှပ်စစ်သုံးယာဉ် အိမ်သုံးအားသွင်းစက် (EV Charger) 7 KW (၃၀) ခုသည် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိလာပါသဖြင့် (၂၄-၄-၂၀၂၃) ရက်နေ့တွင် လုပ်ထုံးလုပ်နည်းနှင့်အညီ ထုတ်ယူခွင့် ပြုခဲ့ကြောင်း သတင်းရရှိပါသည်။