အမိန့်ကြော်ငြာစာများ

အသေးစား/ အလတ်စား စက်မှုလုပ်ငန်းများအပါအဝင် စက်မှုကုန်ထုတ် လုပ်ငန်းများ လုပ်ငန်းတည်ထောင် ဆောင်ရွက်ရာတွင် အထောက်အကူဖြစ်စေရန်နှင့် ရင်းနှီးမြှုပ်နှံမှု ကုန်ကျစရိတ် သက်သာစေရန်အတွက် ၂၀၁၅ ခုနှစ်မှစ၍ နှစ်အလိုက် တင်သွင်းခွင့်ပြုခဲ့သော အသုံးပြုနိုင်သည့် ပြုပြင်ထားခြင်းမရှိသော စက်ပစ္စည်း (Used Machine) များကို ၂၀၁၉ ခုနှစ်အတွက် ဆက်လက်၍ အထူးကိစ္စရပ်အနေဖြင့် တင်သွင်းခွင့်ပြုခြင်း

ကုန်စည်များတွင် မြန်မာဘာသာဖြင့်ဖြစ်စေ၊ မြန်မာနှင့် အခြားဘာသာတွဲလျက်ဖြစ်စေ ဖော်ပြရာ၌ "စီးပွားရေးလုပ်ငန်းရှင်များ" လိုက်နာဆောင်ရွက်ရန် ညွှန်ကြားချက်

နိုင်ငံခြားသားကုမ္ပဏီများ၊ အစိုးရမဟုတ်သောပြည်ပအဖွဲ့အစည်းများနှင့် နိုင်ငံခြားကုမ္ပဏီများ၏ ရုံးခွဲများအား ရုံးလုပ်ငန်းသုံးပစ္စည်းများ၊ ဝန်ဆောင်မှုလုပ်ငန်းများနှင့် ဆက်နွယ်နေသောပစ္စည်းများ တင်သွင်းခွင့်ပြုသည့် အမိန့်ကြော်ငြာစာ

ကုန်စည်များထုတ်လုပ်ခြင်း၊ ကုန်သွယ်ခြင်းတို့ပြုရာတွင် စားသုံးသူ ဘေးကင်းလုံခြုံရေးအတွက် ကုန်စည်များတွင် မြန်မာဘာသာဖြင့် ဖြစ်စေ၊ မြန်မာနှင့် အခြားဘာသာတွဲလျက်ဖြစ်စေ ဖော်ပြခြင်း

အမိန့်ကြော်ငြာစာအမှတ်၊ ၁/၂၀၁၈ ဖြင့် ထုတ်ပြန်လိုက်သော ၂၀၁၉ ခုနှစ်အတွက် ပြည်ပမှမော်တော်ယာဉ် တင်သွင်းခြင်းတွင် ထုတ်လုပ်သည့်ခုနှစ် သတ်မှတ်သည့်အမိန့်ကြော်ငြာစာ

အမိန့်ကြော်ငြာစာအမှတ်၊ ၅၃/၂၀၁၈ ဖြင့် ထုတ်ပြန်လိုက်သော စပါး၊ ဆန်နှင့် ပဲမျိုးစုံ ကြိတ်ခွဲစက်များ တည်ဆောက်ခြင်း၊ မှတ်ပုံတင်ခြင်း၊ ပြောင်းရွှေ့ခြင်း၊ ဖျက်သိမ်းခြင်းဆိုင်ရာအမိန့်ကို ရုပ်သိမ်းသည့် အမိန့်ကြော်ငြာစာ

အမိန့်ကြော်ငြာစာအမှတ်၊ ၄၆/၂၀၁၈ ဖြင့် ထုတ်ပြန်လိုက်သော ဆင့်ပွားဈေးကွက်ဖြန့်ချိရေးလုပ်ငန်း (Multi Level Marketing) နှင့်စပ်လျဉ်း၍ တားမြစ်ခြင်း

အမိန့်ကြော်ငြာစာအမှတ်၊ ၃၂/၂၀၁၈ ဖြင့် ထုတ်ပြန်လိုက်သော ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများ၊ နော်ဝေ၊ ဆွစ်ဇာလန်နှင့် တူရကီ နိုင်ငံတို့၏ Generalized System of Preferences (GSP) အစီအစဉ်အရ ပို့ကုန်တင်ပို့သူ မှတ်ပုံတင်စနစ် (Registered Exporter System) ကို ကျင့်သုံးဆောင်ရွက်ရာတွင် လိုက်နာရမည့် စည်းကမ်းများကို ထုတ်ပြန်သည့်အမိန့်ကြော်ငြာစာ

အမိန့်ကြော်ငြာစာအမှတ် ၂၅/၂၀၁၈ ဖြင့် ထုတ်ပြန်လိုက်သော နိုင်ငံခြားသားကုမ္ပဏီ၊ မြန်မာနိုင်ငံသားနှင့် နိုင်ငံခြားသား ပေါင်းစည်း ဆောင်ရွက်သည့် ကုမ္ပဏီများအား စည်းကမ်းချက်များနှင့်အညီ ပြည်တွင်းတွင် လက်လီ၊ လက်ကား ရောင်းချခွင့်ပြုသည့် အမိန့် ကြော်ငြာစာ

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန (ယခင် မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်းရောင်းဝယ်ရေး) မှ ထုတ်ပြန်ခဲ့သည့် ဆန်စက်များ တည်ဆောက်ခြင်း၊ မှတ်ပုံတင်ခြင်း၊ ပြောင်းရွှေ့ခြင်း၊ ဖျက်သိမ်းခြင်းဆိုင်ရာ ညွှန်ကြားစာအမှတ် (၁/၈၉)၊ တည်ဆောက်ပြီး ဆန်စက်များ မှတ်ပုံတင်ရန်အတွက် ညွှန်ကြားစာအမှတ် (၂/၈၉)၊ ပဲခွဲစက်များတည်ဆောက်ခြင်း၊ မှတ်ပုံတင်ခြင်း၊ ပြောင်းရွှေ့ခြင်း၊ ဖျက်သိမ်းခြင်းကိစ္စများအတွက် ညွှန်ကြားစာအမှတ် (၃/၈၉) ညွှန်ကြားစာများတွင် ပါရှိသည့် လုပ်ထုံးလုပ်နည်းများနှင့်အညီ စိစစ်ဆောင်ရွက်ပေးလျက်ရှိရာ ဆန်စက်၊ ပဲခွဲစက်များ မှတ်ပုံတင်သက်တမ်းတိုး လဲလှယ်ရာတွင် ပေးဆောင်ရမည့် မှတ်ပုံတင်ကြေးများမှာ ၁၉၈၉ ခုနှစ်က သတ်မှတ်ခဲ့ခြင်းဖြစ်ပြီး ယခုအခါတွင် သက်တမ်းအားခြင်း (၂၈) နှစ်မျှ ကြာမြင့်ခဲ့ပြီးဖြစ်၍ လက်ရှိ မှတ်ပုံတင်နှုန်းထားများအား ကာလငွေကြေးတန်ဖိုး အခြေအနေနှင့် လိုက်လျောညီထွေမှုရှိစေရန်နှင့် နိုင်ငံတော်အနေဖြင့် ရသင့်ရထိုက်သော အခွန်အခများ ရရှိစေရန် ဆန်စက်များ၏ စက်စွမ်းအားအလိုက် တိုးမြှင့် ပြင်ဆင်သတ်မှတ်ခြင်း

Pages