အမိန့်ကြော်ငြာစာများ

မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင်သည် ယှဉ်ပြိုင်မှုဥပဒေ ပုဒ်မ ၅၆ ပုဒ်မခွဲ (ခ)အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်ကိုကျင့်သုံး၍ စီးပွားရေးလုပ်ငန်းများ (ဝန်ဆောင်မှုလုပ်ငန်းများ အပါအဝင်) အကြား လွတ်လပ်၍မျှတသောယှဉ်ပြိုင်မှု ဖြစ်ထွန်းပေါ်ပေါက်စေရေး၊ ဈေးကွက်တွင် မျှတသောယှဉ်ပြိုင်မှုကို တစ်ပြေးညီတိုးတက်လာစေရေး၊ သာတူညီမျှခံစားခွင့်ရရှိစေရေးနှင့် အများပြည်သူတို့၏ အကျိုးစီးပွားကို ထိခိုက်နစ်နာစေခြင်းမှ ကာကွယ်စောင့်ရှောက်ပေးနိုင်ရေး တို့အတွက် စီးပွားရေးလုပ်ငန်းလုပ်ကိုင်သူများ သိရှိနားလည်လိုက်နာဆောင်ရွက်ရမည့် အရောင်းမြှင့်တင်ခြင်းဆိုင်ရာ ကန့်သတ်ချက်များနှင့်စပ်လျဉ်းသည့် အမိန့်အမှတ် (၂/၂၀၂၀) ကို ထုတ်ပြန်လိုက်သည်။

ကမ္ဘာနှင့်အဝှမ်း ဖြစ်ပေါ်လျက်ရှိသော Coronavirus Disease 2019 (COVID-19) ကြောင့် စီးပွားရေးလုပ်ငန်းများ ထိခိုက်မှု လျော့နည်း သက်သာစေရေး အတွက် ဆေးဝါးများနှင့် ဆေးဝါးများထုတ်လုပ်ရာတွင် အသုံးပြုသည့် ဆေးဝါးကုန်ကြမ်းများ အားလုံးအပေါ် ဤအမိန့်ကြော်ငြာစာ ထုတ်ပြန်သည့်နေ့မှ စ၍ သွင်းကုန်လိုင်စင်ကြေး ကင်းလွတ်ခွင့်ပြုလိုက်သည်။

 

အမိန့်ကြော်ငြာစာအမှတ်၊ ၂၇/၂၀၂၀

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ၁၀-၁၀-၂၀၁၉ ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၅၈/၂၀၁၉ ဖြင့် ထုတ်ပြန်ကောက်ခံလျက်ရှိသည့် သွင်းကုန်လိုင်စင်ကြေးနှုန်းထားများအစား သွင်းကုန်လိုင်စင် (၁) စောင်လျှင် ကျပ် ၃၀၀၀၀ (ကျပ်သုံးသောင်း)နှုန်းဖြင့် ပြောင်းလဲကောက်ခံသွားမည့် အမိန့်ကြော်ငြာစာ

 

အမိန့်ကြော်ငြာစာအမှတ်၊ ၂၃/၂၀၂၀

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေပုဒ်မ ၄ ပုဒ်မခွဲ (က) အရ အောက်ဖော်ပြပါကုန်စည်များကို အရေးကြီးကုန်စည်များအဖြစ် သတ်မှတ်လိုက်သည် -

(က) Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ကျန်းမာရေးအထောက်အကူပြုပစ္စည်းများ

( ခ ) ဆေးဝါးများ

( ဂ ) စားသုံးကုန်ပစ္စည်းများ

 

အမိန့်ကြော်ငြာစာအမှတ်၊ ၂၁/၂၀၂၀

၂၀၂၀ ခုနှစ် ပြက္ခဒိန်နှစ်အတွက်  ဆောက်လုပ်ရေးလုပ်ငန်းသုံး စက်ယန္တယားများနှင့် လုပ်ငန်းသုံး မော်တော်ယာဉ် အရောင်းပြခန်း (Show Room)များတွင် ရောင်းချရန် မော်တော်ယာဉ်တင်သွင်းရာတွင်လိုက်နာရမည့် စည်းကမ်းချက် များအား စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန  စီမံခန့်ခွဲရေးကော်မတီ ( ၂၈/ ၂၀၁၉ ) ကြိမ်မြောက်အစည်းအဝေးမှ  အတည်ပြုထုတ်ပြန်သည့် အမိန့်ကြော်ငြာစာအမှတ် (  ၄ /  ၂၀၂၀)

၂၀၂၀ ခုနှစ် ပြက္ခဒိန်နှစ်အတွက်  မော်တော်ယာဉ် အရောင်းပြခန်း (Show Room)များတွင် ရောင်းချရန် မော်တော်ယာဉ်တင်သွင်းရာတွင် လိုက်နာရမည့် စည်းကမ်းချက်များအား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန  စီမံခန့်ခွဲရေးကော်မတီ ( ၂၈/ ၂၀၁၉ ) ကြိမ် မြောက် အစည်းအဝေးမှ  အတည်ပြုထုတ်ပြန်သည့် အမိန့်ကြော်ငြာစာ အမှတ် (  ၃ /  ၂၀၂၀)

၂၀၂၀ခုနှစ် ပြက္ခဒိန်နှစ်အတွက်  ၂၀၂၀ ခုနှစ် ပြက္ခဒိန်နှစ်အတွက်  လုပ်ငန်းသုံးမော်တော်ယာဉ် အရောင်းစင်တာ(Sale Center)တွင် ရောင်းချရန် မော်တော်ယာဉ်တင်သွင်းရာတွင် လိုက်နာရမည့် စည်းကမ်းချက်များအား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန  စီမံခန့်ခွဲရေးကော်မတီ ( ၂၈/ ၂၀၁၉ ) ကြိမ်မြောက် အစည်းအဝေးမှ  အတည်ပြုထုတ်ပြန်သည့် အမိန့်ကြော်ငြာစာ အမှတ် (  ၂ /  ၂၀၂၀)

၂၀၂၀ ခုနှစ် ပြက္ခဒိန်နှစ်အတွက်  မော်တော်ယာဉ်အရောင်းစင်တာ (Sale Center) တွင် ရောင်းချရန် မော်တော်ယာဉ် တင်သွင်းရာတွင် လိုက်နာရမည့် စည်းကမ်းချက်များအား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန  စီမံခန့်ခွဲရေး ကော်မတီ ( ၂၈/ ၂၀၁၉ ) ကြိမ်မြောက် အစည်းအဝေးမှ  အတည်ပြုထုတ်ပြန်သည့် အမိန့်ကြော်ငြာစာ အမှတ် ( ၁/  ၂၀၂၀)

Pages