ယှဉ်ပြိုင်မှုမူဝါဒ/လှုပ်ရှားမှုများ

"Conducting a consultation meeting on the review of Competition law and rules"

Fri, 07/14/2023 - 15:11 -- competition
English

A consultation meeting on the review of Competition law and rules was held in hybrid both in-person and online on 14 July, 2023.

The meeting was chaired by the Vice-chairman of Myanmar Competition Commission.

Members of Myanmar Competition Commission, officials from Commission Office and Legal Advisory Unit (LAU) of Ministry of Commerce were present.

The attendees discussed the strength and weakness of the implementation of the law and drafting the proposed amendment text to upgrade.

Latest News: 

တတိယအကြိမ် အာဆီယံယှဉ်ပြိုင်မှုဆိုင်ရာ အဖွဲ့အစည်းအကြီးအကဲများအစည်းအဝေးသို့ မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် ဒုတိယဥက္ကဋ္ဌ တက်ရောက်ဆွေးနွေး

Mon, 10/17/2022 - 04:20 -- competition
Undefined

တတိယအကြိမ် အာဆီယံယှဉ်ပြိုင်မှုဆိုင်ရာ အဖွဲ့အစည်းအကြီးအကဲများ (ASEAN Heads of Competition Agencies-AHCA) အစည်းအဝေးကို ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၁၇ ရက်နေ့တွင် Virtual စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါအစည်းအဝေးသို့ မြန်မာနိုင်ငံယှဉ်ပြိုင်မှုကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးသန်းမောင်နှင့် ကော်မရှင်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။ အစည်းအဝေးသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ  အဖွဲ့အစည်းအကြီးအကဲများနှင့် အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ကိုယ်စားလှယ်များ စုစုပေါင်း (၄၇) ဦး ပါဝင်တက်ရောက်ဆွေးနွေးခဲ့ကြပါသည်။

အစည်းအဝေးတွင် “အာဆီယံယှဉ်ပြိုင်မှုမူဘောင်သဘောတူစာချုပ်” ဆွေးနွေးညှိနှိုင်းမှုများ ဆောင်ရွက်သွားမည့်အစီအစဉ်၊ မူဘောင်သဘောတူစာချုပ်အား တရားဝင်စည်းနှောင်မှုရှိသည့် သဘောတူစာချုပ်အဖြစ် ရေးဆွဲရေးနှင့်စပ်လျဉ်း၍ အဖွဲ့ဝင်နိုင်ငံများ၏ ရပ်တည်ချက်သဘောထားများ၊ ဒုတိယအကြိမ်  AHCA အစည်းအဝေးတွင် ထုတ်ပြန်ခဲ့သည့် ပူးတွဲကြေညာချက်အပေါ် တိုးတက်ဖြစ်ပေါ်မှုများ၊ အာဆီယံ၏ ၂၀၂၂ ခုနှစ်နှင့် ၂၀၂၃ ခုနှစ်အတွက် အဓိကဦးစားပေးဆောင်ရွက်ရမည့် ဆောင်ရွက်ချက်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။

 

Latest News: 

တောင်ကြီးမြို့၌ ယှဉ်ပြိုင်မှုဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခြင်း

Mon, 03/05/2018 - 08:27 -- competition
Undefined

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ ယှဉ်ပြိုင်မှုမူဝါဒဌာနခွဲမှ လက်ရှိမြန်မာနိုင်ငံယှဉ်ပြိုင်မှုဥပဒေ အကောင်အထည်ဖော် ဆောင်ရွက်နေမှုအခြေအနေများ၊ ယှဉ်ပြိုင်မှုမူဝါဒနှင့် ဥပဒေ၏ အကျိုးကျေးဇူးများနှင့် စိန်ခေါ်မှုများကို နိုင်ငံမျက်နှာစာအလိုက် မြို့ကြီးများတွင် စီးပွားရေးလုပ်ငန်းရှင်များနှင့် အစိုးရဝန်ထမ်းများအား အသိပညာဖြန့်ဝေပေးလျက်ရှိရာ ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၇ ရက်နေ့တွင် တောင်ကြီးမြို့၊ ရွိုင်ရယ်တောင်ကြီးဟိုတယ်၌ ယှဉ်ပြိုင်မှုမူဝါဒနှင့်ဥပဒေဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ပါသည်။
အဆိုပါဆွေးနွေးပွဲအခမ်းအနားအား ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ဘဏ္ဍာရေးဝန်ကြီးဌာနဝန်ကြီး ဦးစိုင်းရှန်တစ်လုံနှင့် ရှမ်းပြည်နယ်စားသုံးသူရေးရာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးကျော်ဝင်းတို့မှ အဖွင့်အမှာစကားပြောကြား၍ ကုန်သွယ်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစပယ်ကြည်မောင်မှ မိတ်ဆက်အမှာစကားပြောကြားကာ ဖွင့်လှစ်ခဲ့ကြပါသည်။
ထို့နောက် ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်(TDP)မှ ဟောပြောပွဲ တာဝန်ခံ ဒေါ်အေးအေးဝင်းမှ EU၏ ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်အား အကျဉ်းချုပ် ရှင်းလင်းဆွေးနွေးခဲ့ပြီး ကုန်သွယ်ရေးဦးစီးဌာန၊ ယှဉ်ပြိုင်မှုမူဝါဒဌာနခွဲမှ လက်ထောက်ညွှန်ကြားရေးမှူးများဖြစ်ကြသည့် ဒေါက်တာစပယ်ကြည်မောင်နှင့် ဦးမြတ်နိုးတို့မှ မြန်မာနိုင်ငံယှဉ်ပြိုင်မှုဥပဒေနှင့်မူဝါဒ ဖွံ့ဖြိုးတိုးတက်မှုအဆင့်ဆင့်၊ ယှဉ်ပြိုင်မှုဥပဒေပြဌာန်းခြင်းကြောင့် ရရှိမည့်အကျိုးကျေးဇူးများနှင့် ယှဉ်ပြိုင်မှုဥပဒေ၊ နည်းဥပဒေပါအကြောင်းအရာများကို အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ကြကာ တက်ရောက်လာသူများမှလည်း သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြပါသည်။

Latest News: 
Latest New တင္ရန္

တမူးမြို့တွင် ယှဉ်ပြိုင်မှုမူဝါဒနှင့်ဥပဒေဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ကျင်းပပြုလုပ်ခြင်း

Mon, 01/15/2018 - 03:41 -- competition
Undefined

၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၂၄ ရက်

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ ယှဉ်ပြိုင်မှုမူဝါဒဌာနခွဲမှ လက်ရှိမြန်မာနိုင်ငံယှဉ်ပြိုင်မှုဥပဒေ အကောင်အထည်ဖော် ဆောင်ရွက်နေမှုအခြေအနေများ၊ ယှဉ်ပြိုင်မှုမူဝါဒနှင့် ဥပဒေ၏ အကျိုးကျေးဇူးများနှင့် စိန်ခေါ်မှုများကို နိုင်ငံမျက်နှာစာအလိုက် မြို့ကြီးများတွင် စီးပွားရေးလုပ်ငန်းရှင်များနှင့် အစိုးရဝန်ထမ်းများအား အသိပညာဖြန့်ဝေပေးလျက်ရှိရာ ၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၂၄ ရက်နေ့တွင် တမူးမြို့၊ ဧပရယ်မွန်ခန်းမ၌ ယှဉ်ပြိုင်မှုမူဝါဒနှင့်ဥပဒေ အကျိုးကျေးဇူးနှင့်စိန်ခေါ်မှုများအကြောင်းဆွေးနွေးပွဲအား ကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါဆွေးနွေးပွဲအခမ်းအနားအား တမူးခရိုင်၊ ခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဌ ဦးမြတ်သင်းအောင်နှင့် တမူးကုန်သွယ်ရေးစခန်းတာဝန်ခံ ညွှန်ကြားရေးမှူး ဦးမြတ်ထွန်းကျော်တို့မှ အဖွင့်အမှာစကားပြောကြား၍ ဖွင့်လှစ်ခဲ့ကြပါသည်။
ထို့နောက် ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်(TDP)မှ ဟောပြောပွဲ တာဝန်ခံ ဒေါ်အေးအေးဝင်းမှ EU၏ ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်အား အကျဉ်းချုပ် ရှင်းလင်းဆွေးနွေးခဲ့ပါသည်။

ဆက်လက်၍ ကုန်သွယ်ရေးဦးစီးဌာန၊ ယှဉ်ပြိုင်မှုမူဝါဒဌာနခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစံပယ်ကြည်မောင်နှင့် ဦးစီးအရာရှိ ဒေါ်ဝေရည်ကျော်တို့မှ မြန်မာနိုင်ငံယှဉ်ပြိုင်မှုဥပဒေနှင့်မူဝါဒ ဖွံ့ဖြိုးတိုးတက်မှုအဆင့်ဆင့်၊ ယှဉ်ပြိုင်မှုဥပဒေပြဌာန်းခြင်းကြောင့် ရရှိမည့်အကျိုးကျေးဇူးများနှင့် ယှဉ်ပြိုင်မှုဥပဒေ၊ နည်းဥပဒေပါအကြောင်းအရာများကို အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ကြကာ တက်ရောက်လာသူများမှလည်း သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြပါသည်။

 

Latest News: 

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် “ယှဉ်ပြိုင်မှုမူဝါဒနှင့် ဥပဒေ၏ အကျိုးကျေးဇူးများနှင့် စိန်ခေါ်မှုများ အသိပညာပေးဟောပြောပွဲ” ကျင်းပပြုလုပ်ခြင်း

Mon, 06/05/2017 - 08:03 -- competition
Undefined

၂၀၁၇ ခုနှစ်၊ မေလ ၃၀ ရက်

ပုသိမ်မြို့မှ စီးပွားရေးလုပ်ငန်းရှင်များအား ယှဉ်ပြိုင်မှုဥပဒေ၊ မူဝါဒနှင့် ယှဉ်ပြိုင်မှုဆိုင်ရာ ဗဟုသုတများ အသိပညာပေးရန် ရည်ရွယ်သည့် ဟောပြောဆွေးနွေးပွဲအား ၃၀-၅-၂၀၁၇ ရက်နေ့(အင်္ဂါနေ့)တွင် ပုသိမ်မြို့၊ ပုသိမ်ဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့ရာ ဧရာဝတီတိုင်းဒေသကြီး အစိုးရ၊ စီမံကိန်းနှင့်ဘဏ္ဌာရေးဝန်ကြီးနှင့် စားသုံးသူရေးရာဦးစီးဌာနမှ တိုင်းဦးစီးမှူးတို့မှ အဖွင့်အမှာစကားပြောကြား၍ ဖွင့်လှစ်ခဲ့ကြပါသည်။

ထို့နောက် ကုန်သွယ်ရေးဦးစီးဌာန၊ ယှဉ်ပြိုင်မှုမူဝါဒဌာနခွဲမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစံပယ်ကြည်မောင်နှင့် ဦးစီးအရာရှိ ဒေါ်မေငြိမ်းခိုင်တို့မှ မြန်မာနိုင်ငံယှဉ်ပြိုင်မှု ဥပဒေနှင့်မူဝါဒ ဖွံ့ဖြိုးတိုးတက်မှုအဆင့်ဆင့်နှင့် ယှဉ်ပြိုင်မှုဥပဒေပြဌာန်းခြင်းကြောင့် ရရှိမည့် အကျိုးကျေးဇူးများနှင့် ဥပဒေပါအကြောင်းအရာများကို အသေးစိတ်ရှင်းလင်းဆွေးနွေးခဲ့ကြကာ တက်ရောက်လာသူများမှလည်း သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြပါသည်။

ဟောပြောဆွေးနွေးပွဲအား ယှဉ်ပြိုင်မှုမူဝါဒ၊ ဥပဒေနှင့် နည်းဥပဒေမူကြမ်းနှင့် ပတ်သက်သည့်အခြေအနေများကို ပုဂ္ဂလိကကဏ္ဍမှ ပိုမိုသိရှိနားလည်စေရန်၊ ပုဂ္ဂလိကကဏ္ဍအတွင်း ယှဉ်ပြိုင်မှုမူဝါဒနှင့် ဥပဒေအပေါ် ၎င်းတို့၏နားလည်နိုင်မှုနှင့် ထောက်ပံ့ပေးနိုင်မှုကို မြှင့်တင် ရန်နှင့် စီးပွားရေးလုပ်ငန်းရှင်များနှင့် အစိုးရဝန်ထမ်းများအနေဖြင့် ယှဉ်ပြိုင်မှုဆိုင်ရာ အတွေ့အကြုံများ၊ အခက်အခဲများကို ပြန်လည်ဆွေးနွေးနိုင်စေရန် စသည့်ရည်ရွယ်ချက်များဖြင့် ကျင်းပပြုလုပ်ခြင်းဖြစ်ပါသည်။

Latest News: 

ယှဉ်ပြိုင်မှုမူဝါဒနှင့်ဥပဒေဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲများ ကျင်းပပြုလုပ်ခြင်း

Mon, 06/05/2017 - 07:39 -- competition
Undefined

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ ယှဉ်ပြိုင်မှုမူဝါဒဌာနခွဲနှင့် GIZ၏ ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ် (Trade Development Program-TDP) တို့ပူးပေါင်း၍ နိုင်ငံမျက်နှာစာအလိုက် မြို့ကြီးများတွင် စီးပွားရေးလုပ်ငန်းရှင်များနှင့် အစိုးရဝန်ထမ်းများအတွက် လက်ရှိမြန်မာနိုင်ငံ ယှဉ်ပြိုင်မှုဥပဒေ အကောင်အထည်ဖော် ဆောင်ရွက်နေမှုအခြေအနေများ၊ ယှဉ်ပြိုင်မှုမူဝါဒနှင့် ဥပဒေ၏ အကျိုးကျေးဇူးများနှင့် စိန်ခေါ်မှုများကို အသိပညာဖြန့်ဝေပေးလျက်ရှိရာ ၂၀၁၆ ခုနှစ်အတွင်းတွင် ကုန်သွယ်ရေးမြို့ကြီးများဖြစ်သည့် မူဆယ်မြို့၊ တာချီလိတ်မြို့၊ ကျိုင်းတုံမြို့၊ မြဝတီမြို့၊ မုံရွာမြို့၊ မြိတ်မြို့တို့၌ အသိပညာပေးဟောပြောပွဲများ ကျင်းပပြုလုပ်ခဲ့ပါသည်။

 

၇-၆-၂၀၁၆ ရက်နေ့မှ ၈-၆-၂၀၁၆ ရက်နေ့အထိ မန္တလေးမြို့ Hotel Hazel တွင် ကျင်းပပြုလုပ်ခဲ့သည့် ပြည်တွင်းအလုပ်ရုံဆွေးနွေးပွဲ

 

၆-၇-၂၀၁၆ ရက်နေ့တွင် မူဆယ်မြို့၊ စိန်ရတနာဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့သည့် ယှဉ်ပြိုင်မှုမူဝါဒနှင့် ဥပဒေ၏ အရေးပါမှုနှင့် စိန်ခေါ်မှုများ အလုပ်ရုံဆွေးနွေးပွဲ

 

၂၄-၈-၂၀၁၆ ရက်နေ့တွင် တာချီလိတ်မြို့၊ Platinum Star ဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့သည့် ယှဉ်ပြိုင်မှုမူဝါဒနှင့် ဥပဒေ၏ အရေးပါမှုနှင့် စိန်ခေါ်မှုများ အလုပ်ရုံဆွေးနွေးပွဲ

 

၂၅-၈-၂၀၁၆ ရက်နေ့တွင် ကျိုင်းတုံမြို့၊ တိုင်းလိခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည့် ယှဉ်ပြိုင်မှုမူဝါဒနှင့် ဥပဒေ၏ အရေးပါမှုနှင့် စိန်ခေါ်မှုများ အလုပ်ရုံဆွေးနွေးပွဲ

၂၃-၉-၂၀၁၆ ရက်နေ့တွင် မြဝတီမြို့၊ ငွေစြင်္ကာဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့သည့် ယှဉ်ပြိုင်မှုမူဝါဒနှင့် ဥပဒေ၏ အရေးပါမှုနှင့် စိန်ခေါ်မှုများ အလုပ်ရုံဆွေးနွေးပွဲ

 

၂၇-၁၀-၂၀၁၆ ရက်နေ့တွင် မုံရွာမြို့၊ King and Queen ဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့သည့် ယှဉ်ပြိုင်မှုမူဝါဒနှင့် ဥပဒေ၏ အရေးပါမှုနှင့် စိန်ခေါ်မှုများ အလုပ်ရုံဆွေးနွေးပွဲ

  ၂၇-၁၂-၂၀၁၆ ရက်နေ့တွင် မြိတ်မြို့၊ Grand Jade ဟိုတယ်၌ ကျင်းပပြုလုပ်ခဲ့သည့် ယှဉ်ပြိုင်မှုမူဝါဒနှင့် ဥပဒေ၏ အရေးပါမှုနှင့် စိန်ခေါ်မှုများ အလုပ်ရုံဆွေးနွေးပွဲ

 

Latest News: 

Korea Fair Trade Commission မှ ရှင်းလင်းဆွေးနွေးသည့် ယှဉ်ပြိုင်မှုမူဝါဒ နှင့် ဥပဒေဆိုင်ရာ အကြံပြုဆွေးနွေးဟောပြောပွဲ ကျင်းပပြုလုပ်ခြင်း

Tue, 12/08/2015 - 13:25 -- ictuser
Undefined

၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၇ ရက်
Korea Fair Trade Commission မှ Deputy Director Mr. Yoon Yeong Sool မှ ကိုရီးယားနိုင်ငံ၏ ယှဉ်ပြိုင်မှုမူဝါဒနှင့်ဥပဒေဆိုင်ရာ သိမှတ်ဖွယ်ရာအကြောင်းအရာများနှင့် ယှဉ်ပြိုင်မှုနည်းဥပဒေမူကြမ်းအပေါ် အကြံပြုဆွေးနွေးသည့် ဟောပြောပွဲအား (၇-၁၂-၂၀၁၅) (တနင်္လာနေ့) တွင် ရုံးအမှတ်(၃)၊ တိုးချဲ့အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးစိုးဝင်း၊ ယှဉ်ပြိုင်မှုမူဝါဒဌာနခွဲမှ အရာထမ်းအမှုထမ်းများနှင့် ဌာနခွဲအသီးသီးမှ အရာထမ်းများ တက်ရောက်ခဲ့ကြပါသည်။

 

Latest News: 
Subscribe to RSS - ယှဉ်ပြိုင်မှုမူဝါဒ/လှုပ်ရှားမှုများ