စီမံ/လှုပ်ရှားမှုများ

နေပြည်တော် ၂၀၁၂ ဇူလိုင် ၆

   

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဝန်ထမ်းသားသမီးများ ပညာရည်ထူးချွန် ကျောင်းသားကျောင်းသူများ၊ ထူးချွန် အားကစား သမားများ၊ သင်တန်းထူးချွန်ဝန်ထမ်းများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်းအခမ်းအနားကို ၂၀၁၂ ခုနှစ်   ဇူလိုင်လ ၆ ရက်နေ့ နံနက် ၉နာရီတွင် ကျင်းပ ရာ ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးနှင့် ညွှန်ကြားရေး မှူးချုပ်များ၊ ဦးဆောင်ညွှန်ကြားရေးမှူး၊ ရုံးအဖွဲ့မှူးနှင့် တာဝန်ရှိသူများ တက်ရောက်ကြပါ သည်။

      ပြည်ထောင်စုဝန်ကြီးမှ    အဖွင့်အမှာစကားပြောကြားရာတွင်    ယနေ့နိုင်ငံတော်အစိုးရအနေဖြင့်   တစ်မျိုးသားလုံးပညာရည်မြင့်မားရေး ဟူသည့် ပညာရေးဆိုင်ရာအမျိုးသားရေးမျှော်မှန်းချက်ကိုချမှတ်ပြီးပညာရေး ပြုပြင်ပြောင်းလဲမှုကို ခေတ်နှင့်လျော်ညီစွာစီမံကိန်းများစနစ်တကျ အကောင် အ ထည်ဖော် ဆာင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်လျက်ရှိရာတွင် နိုင်ငံသားတိုင်းအခြေခံပညာ ကာင်းစွာသင်ယူ တတ်မြောက်ရေး၊ ကျာင်း သားကျောင်းသူလူငယ်များ ဘက်စုံထူးချွန် ထက်မြက်ပြီး နိုင်ငံတကာအဆင့်မီ ပညာရည်မြင့်မားရေးနှင့် အရည်အသွေးမြင့်မားသည့် လူ့စွမ်းအား အရင်းအမြစ်များပေါ်ထွန်းလာရေးဟူသည့် တစ်မျိုးသားလုံးပညာရည်မြင့်မားရေး မျှော်မှန်းချက်များအာင် အောင်မြင်မြင်အကောင်အထည် ဖော်ဆောင် နိုင်ရန် စနစ်တကျ စီမံဆောင် ရွက်နေပြီ     ဖြစ်ကြောင်း မိမိတို့ဝန်ကြီးဌာနအနေဖြင့်လည်း တစ်တပ်တစ်အားပါဝင်ချီးမြှင့်ပံ့ပိုးပေးသည့်အနေဖြင့် ပညာသင်ထောက်ပံ့စရိတ်များ ကို နှစ်စဉ်   ကျောင်းဖွင့်အမီ ပံ့ပိုး ပေးခြင်း၊  လစဉ်ထောက်ပံ့ခြင်းနှင့်တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးဖြင့် အောင်မြင်သူများအား နှစ်စဉ်နှစ်တိုင်း ချီးမြှင့်ပေး လျက် ရှိကြောင်း၊ ဂုဏ်ထူးရ သားငယ်သမီးငယ်များအား မှာကြားလိုသည်မှာ ပညာ ရဲရင့်ပွဲလယ်တင့်ဆိုသည့်အတိုင်း ထူးချွန်ထက်မြက်သော ပညာရှင်များဖြစ်အောင် ရရှိထားသော ထူးချွန်မှု လောက်နှင့်မကျေနပ်ဘဲ ဆထက်ထမ်းပိုး ကြိုးစားသွားကြရန် တိုက်တွန်းပြောကြားပါသည်။

     ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးတို့က တက္ကသိုလ်ဝင်စာမေးပွတြွင် ငါးဘာသာဂုဏ်ထူးဖြင့် အောင်မြင်သူ(၅)ဦး အား ရွှေဆွဲပြား များ  ပေးအပ်ချီးမြှင့်ကြပြီး၊  တာဝန်ရှိသူများက လေးဘာသာ၊    သုံးဘာသာ၊   နှစ်ဘာသာ၊   တစ်ဘာသာ  ဂုဏ်ထူးရှင်များအား  ဆုများပေးအပ်ကြ သည်။    ယင်းနောက် ပြည်ထောင်စုဝန်ကြီး၊  ဒုတိယဝန်ကြီး၊  ညွှန်ကြားရေးမှူးချုပ်များ ၊ ဦးဆောင် ညွှန်ကြားရေးမှူးနှင့် တာဝန်ရှိသူများက အားကစားပြိုင်ပွဲများတွင် ရွှေတံဆိပ်ဆုရသူများနှင့်  ထူးချွန်ဆုရသူများအားဆုများ ပေးအပ်ချီးမြှင့် ကြသည်။

     အခမ်းအနားတွင် ၂၀၁၁-၂၀၁၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ငါးဘာသာဂုဏ်ထူးရရှိသူ (၅)ဦး၊ လေးဘာသာ   ဂုဏ်ထူး ရရှိသူ (၇)ဦး၊ သုံးဘာသာဂုဏ်ထူးရရှိသူ (၄)ဦး၊ နှစ်ဘာသာဂုဏ်ထူးရရှိသူ (၇)ဦး၊ တစ်ဘာသာ ဂုဏ်ထူးရရှိသူ (၁၉)ဦး၊ စုစုပေါင်း   ဂုဏ်ထူး ရှင်   (၄၂)  ဦး၊     ဆုရအားကစားသမားများနှင့်သင်တန်းထူးချွန်ဆုရသူများအတွက် ဂုဏ်ပြုဆုငွေမှာ ၁၄,၆၁၅,၀၀၀ိ/ ကျပ် (တစ်ရာလေး ဆယ့်ခြောက်သိန်း တစ်သောင်း ငါးထောင်တိတိ) ကို ချီးမြှင့်ခဲ့ပါသည်။

တနင်္ဂနွေနေ့ပါရမီရှင်အသင်းမှာ တန်းဆွမ်းလောင်းခြင်း( ၁၆ - ၁၀ - ၂၀၁၁ )


      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ကုန်သွယ်ရေးညွန်ကြားမှုဦးစီးဌာန မှ ဝန်ထမ်းများနှင့်မိသားစုဝင်များပါဝင်ဖွဲ့စည်းထားသော ပါရမီရှင် အသင်းမှ တနင်္ဂနွေနေ့( ၁၆ - ၁၀ - ၂၀၁၁ )တွင် တန်းဆွမ်းလောင်းလှူနေခြင်းဖြစ်ပါသည်၊

ဥပုဒ်နေ့ ဝတ်ရွတ်ပူဇော်ခြင်း ၊ အကျွေးအမွေးဖြင့် ဒါနပြုခြင်း ( ၁၁ - ၁၀ - ၂၀၁၁  ) 

 

          

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၊ ကုန်သွယ်ရေးညွန်ကြားမှုဦးစီးဌာနမှ ဝန်ထမ်းများ ၁၁ - ၁၀ - ၂၀၁၁ ရက်နေ့ ဥပုဒ်နေ့ဝတ်ရွတ်ပူဇော်နေခြင်းဖြစ်ပြီး ကုသိုလ်ရှင်မှာ အကျွေးအမွေးဖြင့်ဒါနပြုနေခြင်းဖြစ်ပါသည်။

 

Thursday Talk ဆွေးနွေးပွဲ ( ၆ - ၁၀ - ၂၀၁၁ )

 

 

               

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၊ Thursday Talk ဆွေးနွေးပွဲ ( ၆ - ၁၀ - ၂၀၁၁ ) တွင် နယ်စပ်ကုန်သွယ်ရေးညွန်ကြားမှူးဦးစီးဌာန ၊ လက်ထောက်ညွန်ကြားရေးမှူး ဦးမျိုးဦး မှ  နယ်စပ်ပို့ကုန်တင်ပို့နိုင်မှုအခြေအနေများအပေါ ်လေ့လာခြင်းခေါင်းစဉ်ဖြင့်ဆွေးနွေးပြောကြားနေခြင်းဖြစ်ပါသည်။

ဥပုဒ်နေ့ဝတ်ရွတ်ပူဇော်ခြင်းနှင့် အကျွေးအမွေးဖြင့် ဒါနပြုခြင်း ( ၅ - ၁၀ - ၂၀၁၁ )

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၊ ကုန်သွယ်ရေးညွန်ကြားမှုဦးစီးဌာနမှာ

ဝန်ထမ်းများ ( ၅ - ၁၀ - ၂၀၁၁ ) ဝါတွင်းကာလဥပုဒ်နေ့ဝတ်ရွတ်ပူဇော်ခြင်းအားကုသိုလ်ရှင်ဝန်ထမ်းမိသားစုကအကျွေးအမွေးဖြင့် ဒါနပြုခြင်းဖြစ်ပါသည်။

ဝန်ထမ်းထုတွေ့ဆုံပွဲ( ၃ - ၁၀ -၂၀၁၁ )

    

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၊ ကုန်သွယ်ရေးညွန်ကြားမှုဦးစီးဌာနမှညွန်ကြားရေးမှူးချုပ်နှင့်အတူတာဝန်ရှိ ညွန်ကြားရေးမှူးများမှာ ဝန်ထမ်းများအားလက်ရှိ အစိုးရသစ်လက်ထက်တွင် မိမိတို့ရဲ့လုပ်ငန်းစွမ်းဆောင်ရည်တွေကို ပိုမို မြင့်မားအောင်ဆောင်ရွက်ကျရန်နှင့် အပြင်လုပ်ငန်းရှင်များနှင့်ပူးပေါင်းလုပ်ရသည့်လုပ်ငန်းမှာတွင်လဲ အဆင်ပြေစွာ ပြုမူဆက်ဆံလုပ်ကိုင်ကျရန် ပြောကြားဆွေးနွေးနေခြင်းဖြစ်ပါသည်။

 

ဝန်ထမ်းများအား စိုက်ခင်းမှာထွက်ရှိသော ခြံထွက်သီးနှံများပေးဝေနေခြင်း( ၄ - ၁၀ - ၂၀၁၁ )

 

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၊ ကုန်သွယ်ရေးညွန်ကြားမှုဦးစီးဌာန ၊ စီမံရေးနှင့်လေ့ကျင့်ရေးဌာနခွဲမှ တာဝန်ယူကာ ခြံထွက်သီးနှံဖြစ်သော ဟော်လန်သံပုရာ သီးများ ဌာနခွဲများသို့ခွဲဝေပေးနေခြင်းဖြစ်ပါသည်။

Pages

Subscribe to စီမံ/လှုပ်ရှားမှုများ