အလေ့ကျပေါက်ပင်မှသည် တန်ဖိုးမြှင့်ထုတ်ကုန်ဆီသို့

Tue, 03/22/2022 - 03:29 -- admin_ygn

ကတွတ်ပင်သည် သဘာဝပေါက်ပင်တစ်မျိုးဖြစ်ပြီး   မြန်မာ နိုင်ငံအနှံ့   သစ်တောတိုင်းလိုလိုမှာ    ပေါက်ရောက်တတ်ပါသည်။ အထူးသဖြင့် မြန်မာနိုင်ငံအောက်ပိုင်းဒေသများတွင် ပိုမိုတွေ့ရတတ် ပြီး ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်း ပြည်မြို့နယ်အတွင်း အနောက် ရွာသစ်ကျေးရွာနှင့် ပျဉ်းပင်ကိုင်းကျေးရွာအနီး  သစ်တောကြိုးဝိုင်း များတွင် အလေ့ကျပေါက်ရောက်နေကြောင်း သိရှိရသည်။ကတွတ်ပင်သည်နှစ်ရှည်ပင်ဖြစ်ပြီး ညောင်ပင်မျိုးတွင်ပါဝင်၍ အမြဲစိမ်းလန်းသောအပင်မျိုးဖြစ်သည်။ အသီးမှာ  အဝါရောင်ရှိပြီး အညိုရောင်အမွေးနုများ ဖုံးအုပ်ထားသည်။ ကတွတ်သီးမှာ အချိုသီး နှင့်အချဉ်သီးဟူ၍ နှစ်မျိုးရှိသည်။ကတွတ်သီးကို ရှေးနှစ်ပေါင်း ၅၀ဝ၀ ကျော်ကတည်းက  လူတို့ စတင်စားသုံးခဲ့ကြပြီး လူ့ခန္ဓာကိုယ်အတွက်  လိုအပ်သော အာဟာရ ဓာတ်များ ဖြည့်ဆီးပေးသလို ကျန်းမာရေးအတွက်  များစွာအကျိုးပြု သော အသီးတစ်မျိုးဖြစ်ကြောင်း လေ့လာတွေ့ရှိချက်များအရ  သိရှိရ ပါသည်။ကတွတ်သီးတွင် အမျှင်ဓာတ်များ  ြွကယ်ဝစွာပါဝင်၍ အစာ ချေစနစ်ကို ကောင်းမွန်စေသည့်အတွက် ဝမ်းချုပ်ခြင်းကို  ကာကွယ် ပေးနိုင်ကြောင်း သိရှိရသည်။ ဖျားနာမှုကို   တိုက်ဖျက်ပေးနိုင်သည့် ငြသခေအငလန ကွန်ပေါင်းကင်ဆာဆဲများကို   သေစေနိုင်သလို အမျှင် ဓာတ်ကလည်း ကင်ဆာဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်ခြင်း၊ ဆီးချို ရောဂါကို  ထိန်းချုပ်ပေးနိုင်ခြင်း၊ ပိုတက်ဆီယမ်ဓာတ်  မြင့်မားစွာ ပါဝင်သည့်အတွက်   သွေးတိုးသမားများ စားသုံးသင့်သလို ကိုယ်ခံ အားစနစ်ကို ကောင်းမွန်စေသည့်အတွက်  အအေးမိဖျားနာ အလွယ် တကူ မဖြစ်နိုင်စေနိုင်ကြောင်း သိရသည်။သို့သော်လည်း အစားအစာစားသုံးရာတွင် ဓတန်ဆေးလွန် ဘေးဓ ဆိုရိုးအတိုင်း ကတွတ်သီးကိုအလွန်အကျွံစားသုံးမိပါက အစာ အိမ်နာကျင်သည့်ဝေဒနာခံစားနိုင်သလို  အစေ့ကလည်း  အသည်းကို ထိခိုက်စေနိုင်သည်။ ပိုတက်ဆီယမ်ဓာတ်များ၍    သွေးတိုးဆီးချို သမားများအတွက် သင့်လျော်သော်လည်း သွေးအတွင်း သကြား ဓာတ်နည်းသူများနှင့်   အရေပြားဓာတ်   မတည့်သူများအနေဖြင့် ချင့်ချိန်စားသုံးသင့်ကြောင်း လေ့လာသိရှိရသည်။ကတွတ်သီးမှာ   နှစ်ပတ်လည်သီးသော   အသီးမျိုးဖြစ်သော် လည်း ကဆုန်လနှင့် နယုန်လများတွင် ပထမအကြိမ် အသီးအများဆုံး သီးပြီး ဝါဆို၊ ဝါခေါင်လများတွင် ဒုတိယအကြိမ် အများဆုံးသီးကြောင်း နှင့် ကျန်လများတွင် အနည်းငယ်သာသီးသလို အရည်အသွေးလည်း မကောင်းကြောင်း သိရှိရသည်။ကတွတ်သီးကို တချို့က အလုံးလိုက်စားကြသလို တချို့က လည်း ထန်းလျက်၊ ကြံသကာ၊ သကြားတို့ဖြင့်   ယိုထိုး၍  ရိုးရာအစား အစာဖြင့်စားသုံးကြကြောင်း သိရသည်။    တချို့ကလည်း ယိုမျိုးစုံ လုပ်ငန်းလုပ်ကိုင်၍ ဘုရားဖူးခရီးသွားများအတွက်  ဒေသထွက်ကုန် ရိုးရာအစားအစာအဖြစ် စီးပွားဖြစ် ထုတ်လုပ်ရောင်းချနေကြကြောင်း သိရှိရပါသည်။
ပဲခူးတိုင်းဒေသကြီး(အနောက်)ပြည်မြို့နယ်အတွင်း ယိုလုပ်ငန်း ထုတ်လုပ်ရောင်းချသည့် စီးပွားရေးလုပ်ငန်းရှင် ၁၃ ဦးခန့်ရှိကြောင်း သိရပါသည်။ စာရေးသူမှ  ကတွက်ယိုလုပ်ငန်း လုပ်ကိုင်သူတစ်ဦးနှင့် တွေ့ဆုံ၍ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေး  ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်မျိုး တိုးတက်စေရေးအတွက် ကတွက်ယိုထုတ်လုပ်သည့် လုပ်ငန်းအခြေအနေ၊ ဈေးနှုန်းဈေးကွက်အခြေအနေများအား  စုံစမ်း မေးမြန်းခဲ့ရာ ကတွက်ယိုသည် နှစ်ပေါက်အောင်နှပ်ထား၍   ရသည့် ဓာတုဗေဒ ကင်းလွတ်စားဖွယ်ရာဖြစ်သဖြင့် အသီးရသမျှ ယိုလုပ်ငန်း မပျက် လုပ်ကိုင်နေရကြောင်း သိရှိရသည်။ကတွတ်ယိုထိုးရာတွင်   ရရှိလာသော အသီးများကို ရေစင် အောင်ဆေးပြီး အသီး၏အောက်ခြေပိုင်းနှင့်  ထိပ်ပိုင်းကိုဓားဖြင့်ထိ၍ လေးစိတ်စိတ်ပြီး တစ်ဒယ်စာအတွက် အလုံးကြီးလျှင် ၁၁၀ဝ၀န်းကျင်၊ အလုံးသေးလျှင် ၁၅၀ဝ ဝန်းကျင်၊  သကြားရှစ်ပိဿာခန့်နှင့် ဆား အနည်းငယ်ထည့်၍   ယိုထိုးရမှာဖြစ်ပြီး တစ်ဒယ်လျှင် ကတွက်ယို အချိန် ၁၀ ပိဿာခန့်ရရှိကြောင်း သိရသည်။ကတွတ်ယိုတစ်ဒယ်စာ   ကုန်ကျမှုအနေဖြင့်    ကတွက်သီး၊ သကြား၊ ပလတ်စတစ်ဘူးနှင့်   လုပ်သားခအတွက်   ၃၀ဝ၀ဝ ကျပ် ဝန်းကျင်ကုန်ကျပြီး အကျိုးအမြတ်အနေဖြင့် တစ်ဒယ်အပေါ် ၃၅၀ဝ ကျပ် ဝန်းကျင်ရရှိကြောင်း သိရသည်။ ထုတ်လုပ်မှုအနေနဲ့  ယခင်က တစ်နှစ်လျှင် ကုန်ချိန် ၁၅၀ဝ-၂၀ဝ၀ ပိဿာကျော် ထုတ်လုပ်နိုင်သော် လည်း ယခု ကိုဗစ်(၁၉)ကာလအတွင်း     ပိဿာချိန် ၅၀ဝ ခန့်သာ ထုတ်လုပ်ရောင်းချနိုင်ကြောင်း သိရသည်။ကတွတ်ယိုလုပ်ငန်းသည် အလေ့ကျပေါက်ပင်မှ   ရရှိသော အသီးကို တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ်   စီးပွားဖြစ်လုပ်ကိုင်၍ရသော လုပ်ငန်းဖြစ်သဖြင့်   အသီးခူးရောင်းချသူများအနေဖြင့်   စိုက်စရိတ်၊ အရင်းအနှီးမလိုဘဲ  မိသားစုအပိုဝင်ငွေရသလို  စီးပွားရေးလုပ်ငန်း ရှင်ဘက်ကလည်း အရင်းအနှီးနည်းနည်းဖြင့်  အကျိုးအမြတ်ရရှိစေ သောလုပ်ငန်းဖြစ်သည်။ ထို့အပြင် အနီးပတ်ဝန်းကျင်ရှိ  လူများကို လည်း အလုပ်အကိုင်အခွင့်အလမ်းများ   ဖန်တီးပေးနိုင်သောလုပ်ငန်း တစ်ခုဖြစ်ပါကြောင်း လေ့လာတင်ပြပါသည်။

 

Local Trade News

Pages