အမယ်သစ် ပို့ကုန် Hass ထောပတ်

Fri, 05/27/2022 - 07:38 -- admin_ygn

ကယားပြည်နယ်တွင် စပါး ၊ ပြောင်းသီးနှံများကို အဓိကစိုက်ပျိုးလျက်ရှိပြီး နှစ်ရှည်သီးနှံ တစ်မျိုးဖြစ်သည့်ထောပတ်သီးနှံ ကိုလည်း တိုးချဲ့စိုက်ပျိုးလာရာလွိုင်ကော်မြို့နယ် အိုက်စပ်ကျေးရွာတွင်  Hass ထောပတ်မျိုးစိုက်ဧက ၁၀ဝ ခန့်ရှိသည်။အဆိုပါ HASS ထောပတ်မျိုးသည် နယူးဇီလန်မျိုး ဖြစ်ပြီး ပျိုးပင်တစ်ပင်လျှင် ကျပ် ၁၅၀ဝ၀ နှုန်းရှိ၍သက်တမ်းသုံးနှစ်တွင် အသီး စသီးကြောင်း၊ တစ်ဧကလျှင် အပင် ၁၀ဝ ခန့် စိုက်ပျိုးနိုင်ပြီး တစ်ဧက ကုန်ကျစရိတ်မှာ ကျပ် ၂၂ သိန်းခန့် ကုန်ကျစရိတ်ရှိ ကြောင်း၊ထောပတ်ဈေးနှုန်းမှာ ယခင်နှစ် တစ်ကီလိုလျှင် ကျပ် ၆၀ဝ၀ ဈေးရှိပြီး ထိုင်းသို့ ကီလို ၅၀ဝ ခန့် တစ်နိုင်တစ်ပိုင်တင်ပို့နိုင်ခဲ့ကြောင်း၊ ယခုနှစ်ဈေးနှုန်းမှာလည်းတစ်ကီလိုလျှင် ကျပ် ၆၀ဝ၀ ဈေးရှိကြောင်း၊ ယခုနှစ်ထောပတ်သီးရာသီချိန်တွင် အမေရိကန်မှတစ်ကီလို ရှစ်ဒေါ်လာရသဖြင့်အမေရိကန်သို့လည်း ကီလို ၂၀ဝ၀ ခန့် တင်ပို့မည့်အစီအစဉ်ရှိကြောင်း၊ထောပတ်စိုက်ပျိုး ထုတ်လုပ်သည့် လုပ်ငန်း ရှင်တစ်ဦးထံမှသိရသည်။                                                                    

ခင်မြို့(စားသုံးသူ၊ ကယား)

Local Trade News

Pages