အညာဒေသ၌ ဆီးချဉ်သီးများ စတင်ဝင်ရောက်

Mon, 01/10/2022 - 07:55 -- admin_ygn

အညာဒေသ ချောက်မြို့နယ်နှင့်ကျောက်ပန်းတောင်းမြို့နယ်ရှိ ကျေးရွာ များတွင် ဆီးချဉ်သီးများစတင်ဆွတ်ခူး နေရာ  ဆီးပင်ပိုင်ရှင်များ၊ ဆီးပင်ခြံ ပိုင်ရှင်များ ရောင်းချသူများထံက သိရသည်။''လက်ရှိမှာ တော့ ဆီးချဉ်သီး ဒေသအခေါ် ဆီးသီးတွေ အသစ်ပေါ်နေတဲ့အတွက် ကျေးရွာမှာရှိတဲ့ ပွဲစား တွေအိမ်တိုင်ရာရောက်လိုက်လံဝယ် ယူကြ တယ်။ ဆီးသီးကိုအစိမ်း၊ ဝင်းပြင်း၊အမှည့်မရွေးတော့ဘဲ ရောင်းချကြ တယ်။နောက်မှပွဲစားကနေ တလင်းပြင် မှာ မိုးကာခင်းပြီး ဆီးသီးအစိမ်း၊ ဝင်း ပြင်း ရွေးကောက်ပြီး သီးခြားနေခြောက် လှန်းကြတာပါ။ ပြီးမှကုန်သည်များထံ ရောင်းချတယ်''ဟု ကျောက်ပန်းတောင်း မြို့နယ်မှ ဒေသခံတစ်ဦးက ပြောသည်။နှစ်စဉ် ဆီးသီးခြောက်ကို ယိုစုံ လုပ်ငန်း၊ ဆီးသီးကို အဓိကထားလုပ် ကြသည့် စားသောက်ကုန်လုပ်ငန်းများ က ဝယ်ကြသည့်အပြင်ဆီးသီးကို စက်များကတင်ခွဲပြီး အမျိုးသမီးများက ဆီးဝတ်ဆံရွေးထုတ်ကာ   ဆီးဝတ်ဆံအဖြစ် မန္တလေးကနေ တရုတ်နိုင်ငံကို တင်ပို့ကြောင်း သိရသည်။ထို့နောက် ဆီးသီးခွဲခြမ်းစက်များ၏ ဆီးသီးဖတ်၊ ဆီးသီးဝတ်ဆံ များရွေးထုတ်သန့် စင်ပြီးသော စွန့်ပစ်ပစ္စည်းဖြစ် သော (ဆီးသီးခွဲခြမ်း)ကို  ပဲကြော်ဖို၊ တစ်ပိုင်တစ်နိုင်အိမ်တွင်းမှု  ခေါက်ဆွဲဖို၊ မုန့်ဟင်းခါးဖို    စသည့် အလုပ်များ၌ လောင်စာအဖြစ် ရောင်းချကြရသည့် အပြင် ဆီးသားကို ထင်းအဖြစ် ဒေသတွင်း ၌ အသုံးပြုကြကြောင်း၊  ဆီးသားကို မီးဖိုချောင်သုံး ယောက်မနှင့်လယ်ယာ လုပ်ငန်း ခွင်သုံးပစ္စည်းများကို ထုတ်လုပ် နိုင်သောကြောင့် ဆီးပင်ကို အလေ့ကျ အပင်ကနေ  ကိုယ်တိုင်စိုက်ပျိုးလျက် ရှိကာ ဆီးပင်ကနေ ဝင်ငွေရနေကြောင်း ချောက်မြို့နယ် ဒေသခံများထံမှ သိရ  သည်။လက်ရှိ   ဆီးသီးတစ်တင်းလျှင် ငွေကျပ် ၂၂၀ဝ ရောင်းရပြီး လှိုင်လှိုင် ပေါ်ချိန်ဈေးကောင်းရမည်ကို မျှော်လင့် နေကြကြောင်း  ဒေသခံများထံမှ သိရ သည်။              
ဆန်းညွန့်(ရေနံချောင်း)

Local Trade News

Pages