အကျိုးအမြတ်ရနေသော ကျောက်ကြီးဂန္ဓမာပန်းဈေးကွက်

Fri, 03/04/2022 - 08:17 -- admin_ygn

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ် များတွင် ဂန္ဓမာပန်းများကို တစ်ပိုင်တစ်နိုင် စီးပွားဖြစ်လုပ်ကိုင် လျက်ရှိပြီး နေ့စဉ်ပုံမှန်ဝင်ငွေရရှိ၍ အဆင်ပြေလျက်ရှိကြောင်း သိရှိရသည်။ ဂန္ဓမာပန်းမျိုးစေ့  အများအပြားရှိသည့်အနက် စံပယ်ဖြူ၊ နှင်းကမ္ဘာ၊ ဆန်းပန်း စသည့် မျိုးစေ့များကို အဓိက စိုက်ပျိုးလျက်ရှိပြီး ကျောက်ကြီးဂန္ဓမာပန်းစိုက် တောင်သူများ အနေဖြင့်  ပန်းများကို ဒီဇင်ဘာလတွင် စတင်စိုက်ပျိုးပြီး မတ်လတွင် စတင်ရောင်းချနိုင်ကြောင်း သိရှိရသည်။တစ်ပိုင်တစ်နိုင် စိုက်ပျိုးရသည့်အတွက် တစ်ဧကလျှင် မျိုးစေ့ ရှစ်သောင်း ခန့် စိုက်ပျိုးလျှင် အပင်ခြောက်သောင်းခန့် ပွင့်ကြောင်း သိရှိရပြီး အရင်းအနှီးသည် တစ်ဧကလျှင် မျိုးစေ့၊ စက်ကိရိယာ၊ အထွေထွေကုန်ကျစရိတ် အားလုံးပေါင်း သိန်း ၂၀ ခန့် ရင်းနှီးရကြောင်း၊  ဈေးကွက်အနေဖြင့် မိမိဒေသတွင်း နှင့် နီးစပ်ရာဒေသများသို့ ရောင်းချလျက်ရှိကြောင်း သိရှိရ သည်။ ဂန္ဓမာပန်းတစ်စည်း၏  ရောင်းဈေးနှုန်းမှာ အပင် အနည်းအများပေါ်မူတည်၍ ၆၀ဝ ကျပ်မှ ၁၀ဝ၀ ကျပ် ရရှိ သဖြင့်  အကျိုးအမြတ်  အသင့်အတင့်ရရှိကြောင်း ပန်းစိုက် တောင်သူများထံမှ လေ့လာသိရှိရသည်။

 
 အိအိမင်း(ပဲခူး)

 

Local Trade News

Pages