သီဟိုဠ် စိုက်ပျိုးထုတ်လုပ်သောတောင်သူများနှင့်တွေ့ဆုံဆွေးနွေး

Tue, 03/22/2022 - 03:27 -- admin_ygn

ဧရာဝတီတိုင်းဒေသကြီး သာပေါင်းမြို့နယ်   စားသုံးသူရေးရာ ဦးစီး ဌာနမှ မြို့နယ်တာဝန်ခံ ဦးထွန်းမင်းလတ်နှင့် သီဟိုဠ်စိုက်ပျိုးသူ တောင်သူ များအား မြေယာပိုင်ဆိုင်မှု လျှောက်ထားမှုအခြေအနေနှင့် ဈေးကွက်ဈေးနှုန်း စိုက်ပျိုးထုတ်လုပ်မှုနှင့်    ဆက်လက် တိုးချဲ့ စိုက်ပျိုး 00မည့်အခြေအနေများကို သီဟိုဠ်လုပ်ငန်းရှင်များအသင်းရုံး၌ မတ် ၇ ရက် နံနက်ပိုင်းတွင် တွေ့ဆုံ ဆွေးနွေးခဲ့သည်။အဆိုပါဆွေးနွေးပွဲတွင် စားသုံးသူရေးရာဦးစီးဌာန    မြို့နယ်တာဝန်ခံ ဦးထွန်းမင်းလတ်က မိမိတို့ဌာနအနေဖြင့် ပြည်တွင်းကုန်သွယ်မှု   ဖွံ့ဖြိုးတိုး တက်ရေး အတွက် ဆောင်ရွက်လျက်ရှိကြောင်း၊   အသင်းအဖွဲ့များအနေဖြင့် သီဟိုဠ်စိုက်ပျိုးတောင်သူများ၏ မြေယာပိုင်ဆိုင်ခွင့်ရရှိရေး၊  သက်ဆိုင်ရာ ဌာနများနှင့် ပူးပေါင်းဆောင်ရွက်ရမည့်ကိစ္စရပ်များ၊ ထုတ်ကုန်များကို ပိုမို ထုတ်လုပ်နိုင်ရေး၊ အသင်းရေရှည်ရပ်တည်နိုင်ရေး၊   နည်းပညာများရရှိရေး၊ သီဟိုဠ်ဈေးနှုန်း၊ အထွက်နှုန်းများအခြေအနေ၊ သီဟိုဠ်အဝယ်ဒိုင်များ အခြေ အနေများကို ဆွေးနွေးခဲ့ပြီး  စားသုံးသူရေးရာဦးစီးဌာန၏လုပ်ငန်းဆောင် ရွက်ချက်များ၊ စားသုံးသူရေးရာဥပဒေပါ ပြဋ္ဌာန်းချက်များအား ရှင်းလင်းပြော ကြား ဆွေးနွေးခဲ့သည်။ဆက်လက်၍ သီဟိုဠ်အသင်းဥက္ကဋ္ဌ   ဦးတင်ဦးက  ပြောကြားရာတွင် အသင်းသားများ၏ မြေယာပိုင်ဆိုင်မှုအတွက်   အစွမ်းကုန် ဆောင်ရွက်နေ ကြောင်း၊ တစ်ဦးတစ်ယောက်အင်အားဖြင့် ရပ်တည်၍မရနိုင်ကြောင်း၊အသင်း သားများ  စည်းလုံးညီညွတ်မှသာ အသင်းပိုမို ဖွံ့ဖြိုးတိုးတက်မှာဖြစ်ကြောင်း၊ နိုင်ငံတော်သို့ သတ်မှတ်ထားသည့်အခွန်အခများလည်း ပေးသွင်းရန် လိုအပ် ကြောင်း၊ သီဟိုဠ်ဈေးနှုန်း၊ ဈေးကွက် အဝယ်ဒိုင်များ အခြေအနေနှင့်အသင်းမှ ဦးဆောင်၍တောင်သူများနှင့်ချိတ်ဆက်ဆောင်ရွက်ရမည့်ကိစ္စရပ်များလည်း ဆွေးနွေးခဲ့သည်။                              

  ထွန်းမင်းလတ်(သာပေါင်း)

Local Trade News

Pages