လွိုင်ကော်၌ ကြက်သွန်နီနှင့် ကြက်သွန်ဖြူ ဈေးနှုန်းများ ဆက်လက်မြင့်တက်

Thu, 09/15/2022 - 07:44 -- admin_ygn

ကယားပြည်နယ်တွင် အခြေခံစားကုန် စားဖိုဆောင် သီးနှံတစ်မျိုးဖြစ်သည့်  ကြက်သွန်နီကို ပြည်နယ်အတွင်း စားသုံးမှု လိုအပ်ချက်အရ အခြားဒေသဖြစ်သည့် မိထ္ထီလာ၊ မန္တလေး၊ မြစ်သားတို့မှ အများဆုံး တင်သွင်းရပြီး ယခုလက်ရှိ စက်တင်ဘာလပိုင်းအစမှာ ဈေးကွက်တွင် ဖြစ်ပေါ်နေသော ကြက်သွန်နီဈေးနှုန်းသည် ယခင်လဈေးနှုန်းထက် ဆက်လက် မြင့်တက်လာသည်။
သြဂုတ်လ နောက်ဆုံးပတ်တွင် ကြက်သွန်နီ ဈေးနှုန်း မှာ အလုံးကြီး တစ်ပိဿာလျှင် ၃၅၀ဝ ကျပ်၊ အလုံးလတ် တစ် ပိဿာလျှင် ၃၀ဝ၀ ကျပ်၊ အလုံးသေး တစ်ပိဿာလျှင် ၂၅၀ဝ ကျပ် ဈေးနှုန်းဖြင့် အရောင်းအဝယ်  ဖြစ်လျက်ရှိပြီး ယခု စက်တင်ဘာလ ပထမပတ်တွင် အလုံးကြီး တစ်ပိဿာလျှင် ကျပ် ၄၀ဝ၀၊ အလုံးလတ် တစ်ပိဿာလျှင် ကျပ် ၃၅၀ဝ၊ အလုံး သေး တစ်ပိဿာလျှင် ကျပ် ၃၀ဝ၀၊ ယခင်တစ်ပတ်နှင့် ယခု တစ်ပတ် နှိုင်းယှဉ်လျှင် ကြက်သွန်နီ အလုံးကြီး တစ်ပိဿာ ကျပ် ၅၀ဝ၊ အလုံးလတ် တစ်ပိဿာ ကျပ် ၅၀ဝ၊ အလုံးသေး တစ်ပိဿာလျှင် ကျပ် ၅၀ဝ ခန့် ဈေးနှုန်း ဆက်လက်တက်လာ သည်။
လက်ရှိ ဈေးကွက်အတွင်း ဖြစ်ပေါ်နေသော ဈေးနှုန်း များမှာ စက်တင်ဘာလ ပထမပတ်တွင် ကြက်သွန်(ဖြူ) ရှမ်းစ တစ်ပိဿာလျှင် ကျပ် ၅၀ဝ၀၊ ကြက်သွန်ဖြူ (ကြူကုတ်) တစ် ပိဿာလျှင် ကျပ် ၆၀ဝ၀၊ သြဂုတ်လ ပထမပတ်တွင် ရှမ်းစ တစ်ပိဿာလျှင် ကျပ် ၄၀ဝ၀ ဖြစ်၍ ကြက်သွန်ဖြူ (ကြူကုတ်) တစ်ပိဿာလျှင် ကျပ် ၄၅၀ဝ ဖြင့် ရောင်းချလျက်ရှိသည်။
စက်တင်ဘာလ  ပထမပတ်နှင့်  သြဂုတ်လ ပထမပတ် နှိုင်းယှဉ်မည်ဆိုလျှင် ရှမ်းစ တစ်ပိသာလျှင် ကျပ် ၁၀ဝ၀ ခန့်၊ ကြူကုတ် တစ်ပိဿာလျှင် ၁၅၀ဝ ကျပ် ဈေးနှုန်း မြင့် တက် လျက်ရှိကြောင်း လွိုင်ကော်မြို့ သီရိမင်္ဂလာဈေးတွင် ရောင်းချ နေသော ကုန်သည်များထံမှ သိရှိရသည်။
အေးအေးမော် (DOCA Kayah)

Local Trade News

Pages