ရွှေဘိုခရိုင်တွင် နွေစပါးနှင့် နွေသီးနှံများ စတင်စိုက်ပျိုး

Thu, 04/28/2022 - 09:36 -- admin_ygn

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင်သည် စပါးအဓိက စိုက်ပျိုးသည့် ခရိုင်တစ်ခုဖြစ်ပြီး နှစ်စဉ်မိုးစပါးဧက ခြောက် သိန်းကျော်နှင့် မိုးရွာသွန်းမှုအပေါ်မူတည်ပြီး ဆည်ရေရရှိပါ က နွေစပါး ဧကနှစ်သိန်းကျော် စိုက်ပျိုးလျက်ရှိသည်။ ၂၀၁၉ ခုနှစ်၊ ၂၀၂၀ ပြည့်နှစ်နှင့် ၂၀၂၁ ခုနှစ်များတွင် မိုးရွာသွန်းမှု နည်းပါး၍သဖန်းဆိပ်ဆည်သို့ ရေဝင်ရောက်မှု နည်းပါးသဖြင့်  ဆည်မှ ရေလုံလောက်စွာ ပေးဝေနိုင်မှုမရှိသောကြောင့် နွေ စပါး စိုက်ပျိုးနိုင်ခြင်းမရှိခဲ့ဘဲ အခြားသီးနှံများဖြစ်သည့် နှမ်း၊ ပဲတီစိမ်းနှင့် မတ်ပဲတို့ကိုသာ စိုက်ပျိုးခဲ့ကြသည်။ ၂၀၂၁ ခုနှစ် မိုးရာသီတွင် မိုးရွာသွန်းမှု များပြားခဲ့သဖြင့် သဖန်းဆိပ်ဆည် နှင့် အခြားဆည်များမှ နွေစပါးနှင့် နွေသီးနှံစိုက်ပျိုးမြေဧရိ ယာများအားလုံး ရေလုံလောက်စွာပေးဝေနိုင်သဖြင့် ၂၀၂၂ ခုနှစ် တွင် နွေစပါး၂၄၉၈၅၀ ဧကနှင့် နွေသီးနှံ  ၇၅၀ဝ၀ ဧက စိုက်ပျိုးမည်ဖြစ်ကြောင်း သိရှိရသည်။၂၀၂၂ ခုနှစ်တွင် နွေစပါးနှင့် နွေသီးနှံစိုက်ပျိုးနိုင်ရန် ဖေဖော်ဝါရီ ၇ ရက်မှ စတင်ရေပေးဝေခဲ့ပြီး တောင်သူဦးကြီး များအနေဖြင့် ရေပေးဝေမည့်ရက်အား အချိန်မီ အလွယ်တကူ သိရှိ၍ ရေမဝင်မီ စိုက်ပျိုးမည့်လယ်မြေများကို ပြုပြင်ခြင်းများ ဆောင်ရွက်နိုင်ရန် ရွှေဘိုခရိုင်အတွင်းရှိ မြို့နယ်ချင်းဆက် လမ်းများ၏  အချက်အချာကျသည့် မူးဘောင်များပေါ်တွင် သဖန်းဆိပ်ဆည်တွင် ဆည်ရေပေးဝေရန် လုံလောက်မှုရှိ ကြောင်း၊ တောင်သူဦးကြီးများအနေဖြင့် ရေဝင်လျှင် မြေပြင် ကြရန် ဆည်မြောင်းနှင့်ရေအသုံးချရေးဦးစီးဌာနမှ ကြော်ငြာ ဆိုင်းဘုတ်များ ကြေညာထားသည်ကို တွေ့ရှိရသည်။ရွှေဘိုခရိုင်တွင်  ဖေဖော်ဝါရီလကုန်နှင့် မတ်လဆန်း များတွင် နွေစပါးစိုက်ပျိုးရန် ပျိုးထောင်ခြင်းများဆောင်ရွက် ပြီး မတ်လယ်ခန့်မှစတင်၍ နွေစပါးများ စတင်စိုက်ပျိုးသည့် အပြင် အခြားသီးနှံများလည်း စိုက်ပျိုးလျက်ရှိသည်။ ယခုနှစ် တွင်  လုပ်သားငှားရမ်းခ ဈေးနှုန်း၊ စက်သုံးဆီဈေးနှုန်းနှင့် သွင်းအားစုဈေးနှုန်းများ  မြင့်တက်မှုကြောင့် ကုန်ကျစရိတ် သက်သာစေရန် ပျိုးထောင်စိုက်ပျိုးခြင်းမဟုတ်ဘဲ တိုက်ရိုက် အစေ့ချစိုက်ပျိုးခြင်းများလည်း ဆောင်ရွက်ကြပြီး မတ် ၂၃ ရက်အထိ နွေစပါးပျိုးထောင်စိုက် ၁၁၁၂၉ ဧကနှင့် တိုက်ရိုက် အစေ့ချစိုက်၃၆၀၇၇ ဧက စုစုပေါင်း၄၇၂၀၆ ဧကနှင့် နွေ သီးနှံ၅၅၈၆၃ ဧက စိုက်ပျိုးပြီးကြောင်း သိရှိရသည်။ ‌နွေစပါး အနေဖြင့် ရွှေသွယ်ရင်၊ ၇၄၇၊ ၇၂၊ ပုလဲသွယ်၊ ရက် ၉၀၊ ဆင်း သုခ စပါးများစိုက်ပျိုးပြီး နွေသီးနှံအနေဖြင့် နွေ‌နှမ်း၊ ပဲတီစိမ်း (မိုးကြို)၊ မတ်ပဲ(မိုးကြို)၊ နေကြာ(မိုးကြို)နှင့် ချည်မျှင်ရှည်ဝါ (မိုးကြို)များ စိုက်ပျိုးကြကြောင်း သိရှိရသည်။
နှင်းနှင်းခိုင် (ရွှေဘို)

 

Local Trade News

Pages