ရော်ဘာတန်ချိန် 

Fri, 06/24/2022 - 07:19 -- admin_ygn

မေလတွင် ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ရော်ဘာ တန်ချိန် ၁၇၉၆၀ ကျော်တန်ဖိုး အမေရိကန်ဒေါ်လာ ၂၇ ဒသမ ၉၄၆ သန်း ရရှိခဲ့သည်။ မေလအတွင်း နိုင်ငံအလိုက်တင်ပို့မှုများမှာ   တရုတ်နိုင်ငံသို့ ရော်ဘာတန်ချိန် ၁၀၃၈၀ ကျော်၊ မလေးရှားနိုင်ငံ သို့ ရော်ဘာတန်ချိန် ၅၆၆၀ ကျော်၊ အိန္ဒိယနိုင်ငံသို့ ရော်ဘာတန် ချိန်  ၇၄၀ကျော် အများဆုံးတင်ပို့ခဲ့ကြောင်း သိရသည်။မေလတွင်  နယ်စပ်ကုန်သွယ်မှုမှ  ရော်ဘာတန်ချိန် ၂၇၈၀ ကျော် တင်ပို့ခဲ့ပြီး တန်ဖိုး အမေရိကန်ဒေါ်လာ ၃ ဒသမ ၄၉၁ သန်း ရရှိခဲ့သည်။  မြန်မာ-တရုတ်နယ်စပ်မှ  တန်ချိန် ၇၁၀ ခန့်၊   မြန်မာ-ထိုင်းနယ်စပ်မှ တန်ချိန် ၂၀၇၀ခန့် တင်ပို့ခဲ့သည်။ မေလ တွင်  ပင်လယ်ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးမှ စုစုပေါင်း ရော်ဘာတန်ချိန် ၂၀၇၄၀ တင်ပို့ခဲ့ပြီး တန်ဖိုး အမေရိကန်ဒေါ်လာ ၃၁ ဒသမ ၄၃၇ သန်း ရရှိခဲ့သည်။    အနီးစပ်ဆုံးကာလ  ဧပြီနှင့်နှိုင်းယှဉ်ပါက ရော်ဘာတန်ချိန် ၃၆၃၀ ကျော် ပိုမိုတင်ပို့ခဲ့သဖြင့်  တန်ဖိုးအမေရိကန်ဒေါ်လာ ၄ ဒသမ ၂၇၄ သန်း ပိုမိုရရှိခဲ့သည်။ ပင်လယ်ရေကြောင်းမှ အိန္ဒိယ သို့ ရော်ဘာ တန်ချိန် ၇၅၀ ခန့်နှင့်   နယ်စပ်ကုန်သွယ်မှုလမ်းကြောင်းမှ ထိုင်းနိုင်ငံသို့ ရော်ဘာတန်ချိန် ၂၀၇၀ကျော် ပိုမိုတင်ပို့ခဲ့ခြင်း ကြောင့်ဖြစ်သည်။
အေးအေးသန့်(DOT)

Local Trade News

Pages