ရန်ကုန်စတော့အိပ်ချိန်းမှ စာရင်းဝင်အကြိုဈေးကွက် တည်ထောင်ရန် စီစဉ်နေ

Fri, 06/10/2022 - 07:53 -- admin_ygn

ရန်ကုန်စတော့အိပ်ချိန်း(YSX)အနေဖြင့် လက်ရှိဆောင်ရွက်နေသည့် စာရင်းဝင်ဈေးကွက် (Main Board) အပြင် စာရင်းဝင်အကြိုဈေးကွက် Pre Listing Board (PLB) ကို   မကြာမီကာလအတွင်း တည်ထောင်သွားရန် စီစဉ်နေကြောင်း သိရသည်။စာရင်းဝင်အကြိုဈေးကွက် Pre Listing Board (PLB) ဆိုသည်မှာ ရန်ကုန်စတော့အိပ်ချိန်း၏လက်ရှိရောင်းဝယ်နေသည့်စာရင်းဝင်ဈေးကွက် (Main Board)  အပြင် စာရင်းဝင် စံသတ်မှတ်ချက်၁၇ချက်နှင့် ကိုက်ညီမှုမရှိသေးသည့် အများပိုင် ကုမ္ပဏီများအတွက် အရောင်းအဝယ် ပြုလုပ်နိုင်ရန် ဆောင်ရွက်ထားသည့် ဒုတိယ ေ ဈးကွက်တစ်ခုဖြစ်ကြောင်း  ရန်ကုန်စတော့အိပ်ချိန်း၏အကြီးတန်းအရာရှိတစ်ဦးကဇွန်၂ရက်တွင် ပြောသည်။"Pre Listing Boardဟုရန်ကုန်စတော့အိပ်ချိန်းရဲ့ ဒုတိယဈေးကွက်Second Board လို့လည်းခေါ်လို့ရပါတယ်။ဒီPre Listing Boardကိုတည်ထောင်ခြင်းရဲ့ ရည်ရွယ်ချက်တွေကတော့ မြန်မာနိုင်ငံ ရဲ့အရင်းအနှီးဈေးကွက် ဖွံ့ဖြိုးတိုးတက်ပြီးတော့အသေးစားနဲ့အလတ်စား စီးပွားရေးလုပ်ငန်းတွေ အထောက်အကူဖြစ်စေဖို့၊  အများနဲ့သက်ဆိုင်တဲ့ ကုမ္ပဏီတွေအနေနဲ့ အများပြည်သူကို ရှယ်ယာတွေထုတ်ဝေ ရောင်းချပြီးတော့  စတော့ဈေးကွက်ကို အလွယ်တကူဝင်ရောက်လာစေဖို့၊ရန်ကုန် စတော့အိပ်ချိန်းရဲ့ စာရင်းဝင်စံ တွေနဲ့ ပြည့်စုံနေတဲ့ကုမ္ပဏီတွေအနေနဲ့ဈေးကွက်ထဲကိုဝင်ရောက်ပြီးတော့ ရောင်းဝယ်ဖောက်ကားနိုင်ဖို့နဲ့ ရင်းနှီးမြှုပ်နှံသူတွေကို အကာအကွယ်ပေးနိုင်ဖို့ပဲ ဖြစ်ပါတယ်"ဟု ၎င်းကပြောသည်။ကုမ္ပဏီများအနေဖြင့် Pre Listing Board  တွင် register ပြုလုပ် ထားမည်ဆို ပါက မိမိကုမ္ပဏီ၏ ရှယ်ယာများ ကို ရင်းနှီးမြှုပ်နှံသူများကရန်ကုန်စတော့အိပ်ချိန်း၏ trading platform ကနေတစ်ဆင့်အဆင်ပြေလွယ်ကူစွာ အရောင်းအဝယ် ပြုလုပ်နိုင်မည် ဖြစ်သည့်အပြင် နောင်တစ်ချိန်တွင် ရန်ကုန်စတော့အိပ်ချိန်း၏ Main Board တွင် စာရင်းဝင်ကုမ္ပဏီ ဖြစ်လာရေးအတွက်လည်း စာရင်းစစ်၊ စာရင်းကိုင် စံများ၊ သတင်းအချက်အလက်ဖွင့်ဟကြေညာမှုစနစ်များနှင့် ကောင်းမွန်သည့် ကော်ပိုရိတ်စီမံခန့်ခွဲမှုစနစ်များကို လေ့ကျင့်ပြင်ဆင်ပြီးသား ဖြစ်သွားမည်ဖြစ်ကြောင်းသိရသည်။                                                                               
    ပန်းဆု

 

Local Trade News

Pages