ပြည်အာလူးနှင့် ကြက်သွန်ဖြူ

Tue, 08/30/2022 - 11:27 -- admin_ygn

ပြည်ဈေးကွက်ရှိ ရှမ်းအားလူးများမှာ ဈေးနှုန်းအနေဖြင့် ယခင်ရက်များက လက်ကားတစ်ပိဿာလျှင် ကျပ် ၁၉၀ဝ-၂၀ဝ၀၊ လက်လီဈေး တစ် ပိဿာလျှင် ကျပ် ၂၂၀ဝ-၂၄၀ဝဈေးဖြင့် အရောင်းအဝယ်ဖြစ်ခဲ့ပြီး ယခု တစ်ပတ်တွင် လက်ကားကျပ် ၁၈၀ဝ- ၁၉၀ဝ၊ လက်လီ ကျပ် ၂၅၀ဝ-၂၈၀ဝ ဈေးရှိသည့်အတွက် ယခင်တစ်ပတ် ဈေးနှုန်းနှင့် နှိုင်းယှဉ်ကြည့်ပါကလက်ကားအနေဖြင့် တစ်ပိဿာလျှင် ကျပ် ၁၀ဝ ၊ လက်လီတစ်ပိဿာလျှင် ကျပ် ၃၀ဝ-၄၀ဝဈေးပိုလာသည်ကို တွေ့ရသည်။ပြည်ကြက်သွန်ဖြူပွဲရုံများတွင် ရှမ်းစလက်ကားအလုံးကြီး တစ်ပိဿာလျှင် ကျပ် ၃၀ဝ၀-၃၅၀ဝ၊ အလုံးသေးတစ်ပိဿာလျှင်ကျပ် ၂၅၀ဝ- ၂၈၀ဝ ဈေးရှိပြီး လက်လီ အလုံးအကြီး၊ အသေးရောရာ တစ်ပိဿာလျှင် ကျပ်၃၅၀ဝ-၄၀ဝ၀ ဈေးရှိသည်။ ကြူကုတ် လက်ကား တစ်ပိဿာလျှင် ကျပ် ၃၄၀ဝ-၃၅၀ဝ၊ လက်လီ တစ်ပိဿာလျှင် ကျပ် ၃၈၀ဝ-၄၀ဝ၀ ဈေးရှိသည်။ယခုရက်ပိုင်းတွင် အခြားတိုင်းဒေသကြီးများသို့ တင်ပို့ရောင်း ချနိုင်ခြင်းမရှိဘဲ  ဒေသတွင်းလက်လီ၊ လက်ကား ဝယ်ယူသူများဖြင့်သာ အရောင်းအဝယ်ဖြစ်သော် လည်း အရောင်းအေးကြောင်း သိရသည်။

ဆုမွန်ဆွေ(ပြည်)

Local Trade News

Pages